မိုးသစ်ဝေ - အာဇာနည်နေ့အတွေး
မိုးသစ်ဝေ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၄
အာဇာနည်အဖြစ် သတ်မှတ်ရာမှာ
ခေါင်းဆောင်ဖြစ်မှ၊ ငယ်သားမပါ
ဗိုလ်ချုပ်ဖြစ်မှ၊ တပ်သားမပါ ဆိုပြီး
ဆူကြုံနိမ့်မြင့် အဆင့်အတန်းခွဲခြင်း မရှိစကောင်း။
တိုင်းပြည်အတွက်
မွန်မြတ်စွာ အသက်စွန့်ခဲ့သူမှန်သမျှ
အာဇာနည်များဖြစ်ကြပါ၏။
ထိုသဘောထား စိတ်မှာထားပြီး
အာဇာနည်နေ့ရောက်တိုင်း
ဗိုလ်ချုပ်အောင်ဆန်း အစ
ရဲဘော်ကိုထွေး အဆုံး
ကျဆုံးခဲ့တဲ့ အာဇာနည်ကိုးဦးအား
ဦးညွတ် အလေးပြုကြပါ၏။
ဇူလိုင်လမှာကျဆုံးခဲ့တဲ့
ထို အာဇာနည်ကိုးဦးသာမက
လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်
အသက်ပေးခဲ့ကြသမျှ အညတရသူရဲကောင်းများရဲ့
ဂုဏ်ကျေးဇူးတွေကိုပါ ရည်စူးလို့
အလေးအမြတ်ပြုကြရင်ဖြင့်
အာဇာနည်နေ့ဟာ အနှစ်သာရ ပိုပြီးပြည့်ဝလိမ့်မယ်လို့
ကဗျာဆရာ တွေးနေမိပါ၏။
၁၉၊ ဇူလိုင်၊ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar