Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၅ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၅ )

(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၄

7/7/24

Diary in the darkness 

အချင်းချင်း ယုံကြည်မှု မရှိတော့လို့ စစ်ကောင်စီတပ် ပျက်နေတာ။ သူတို့ဟာ လူထုကို လိမ်တယ်။ အထက် အောက် လိမ်တယ်။ အချင်းချင်း လိမ်တယ်။ အခု သူတို့ကိုယ် သူတို့ လိမ်နေရတယ်။ 

၆၂ နှစ်မြောက် ၇ ဇွန်လှိုင် အမှတ်တရ ပွဲတွေကို မြန်မာနိုင်ငံအနှံမှာ ကျင်းပ။ ရန်ကုန် လူငယ်အချို့ 7/7/62 နံပါတ်များ အင်္ကျီ‌ကျောမှာ ရေးပြီး မြို့လယ်ကောင် လမ်းလျှောက်။ 

မတ္တရာနယ်က စစ်ကောင်စီတပ်စခန်း(၂၅)ခုကို MDY -PDF သိမ်းပိုက်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားအချို့ လက်နက်ချ။ ထောင်သောင်းချီတဲ့ မိုးကုတ်  စစ်ရှောင်တွေ ဇရပ်ကွင်းမှာ ပိတ်မိနေဆဲ။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို TNLA သိမ်းပိုက်။ နောင်ချိုနဲ့ ၇ မိုင် ကွာတယ်။ တံတားသက်တမ်း ၁၂၄ နှစ်ရှိပြီ။ ရှေးဟောင်း တရုတ်-မြန်မာ စစ်ပွဲတွေဖြစ်ခဲ့တုန်းက ကင်းစခန်း ဖြစ်ခဲ့တဲ့နေရာပါ။

TNLA က နောင်ချိုမြို့ကိုလည်း ထိန်းချုပ်ထားပြီ လို့သိရ။

လားရှိုး ၇ ရပ်ကွက်ပေါ် လက်နက်ကြီးကျ။ အလံဖြူထောင်ထားတဲ့ စစ်ရှောင်ကားတွေ လမ်းမှာ ပိတ်မိ။ တချို့မြို့ထဲပြန်လှည့်။

အင်အား ၆၀၀‌ ကျော်ရှိ လားရှိုး နမ်ပေါင် တပ်ရင်းက စစ်သား ၃၀၀ ကျော် လက်နက်ချ။ လားရှိုးမှာ တာဝန်ထမ်းဆောင်ဖို့ စစ်အရာရှိကြီးများ ငြင်းဆန်။

တပ်တွင်း ဖရဲသီးနှိမ်နင်းရေး မအောင်မြင် ဘဲ မင်းအောင်လှိုင် ဝန်ခံပြောကြား။

မန္တလေးစည်ပင် အသက်၄၀ အောက် ဝန်ထမ်းတွေ စစ်မှုထမ်းရန် စစ်ကောင်စီ အမိန့်ထုတ်။

PDF အင်အားနဲ့ စွမ်းရည်ကို အထင်သေးမိလို့ အခုလို မရှုမလှ စစ်ရှုံးနေတာ သိသာတယ်။ စစ်ကောင်စီ လိုလားသူတွေရဲ့ ပြောစကားအရ အောက်ခြေက တင်ပြတဲ့ သတင်းအမှန်တွေကို အထက်က အယုံအကြည်မရှိလို့ ခုလို စစ်ရှုံးနေရတာလို့ ဆိုတယ်။ တကယ်တော့ စစ်ကောင်စီတပ်တွေဟာ ပြည်သူကို လိမ်ညာရုံတင်မက သူတို့အချင်းချင်း လိမ်ညာနေကြတဲ့ ရလဒ်ကို ကောင်းကောင်းကြီး ခံစားနေရတာပါ။

ဒုတိယ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်း တရုတ်ကို ရောက်နေ။ PDF နဲ့ NUG ကို အကြမ်းဖက်သူများအဖြစ် အသိအမှတ်ပြုဖို့ တရုတ်ကို တိုက်တွန်းတာ မအောင်မြင်ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

PDF တွေရဲ့ အိမ်အပြန် ဒီလှိုင်းတွေ တလိမ့်လိမ့်တက်လာနေပြီ။ 

အန်ကယ် တူမီး

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar