Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၈ )

(မိုးမခ) ဇူလိုင် ၁၄ ၊ ၂၀၂၄

12/7/24

Diary in the darkness 


"ဒို့အဘကို သွားမရှုပ်နဲ့။ ဒို့အဘက သူ့အကွက်နဲ့ သူ ရှုပ်နေတာ"

—စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်း

စစ်ကောင်စီရဲ့ သံတွဲ နောက်ဆုံးလက်ကျန်တပ်ကို AA သိမ်းပိုက်။ စစ်ဖက်ထိပ်တန်းအရာရှိကြီးများနဲ့ ခရိုနီကြီးများပိုင် ငပလီဟော်တယ်ကြီး ၆၅ လုံး AA လက်ထဲ ကျရောက်။

မောင်တောစစ်ခွင်မှာ စစ်သား အချို့ AAက အရှင်မိ။ အချို့ အသေမိ။ တစ်ရာကျော် ဘင်္ဂလားနိုင်ငံသို့ ထွက်ပြေး။

ဘဏ်အကောင့်တခုကို နှစ်သိန်းမှ ငါးသိန်းထိသာ ထုတ်ပေးတော့မယ်တဲ့။

မြန်မာပြည်အလယ်ပိုင်း ပျူစောထီးရွာတွေမှာ ရိက္ခာပြတ်။ နွားစာများ ပြုတ်စား‌ နေရ။ စစ်လော်ဘီ ကျော်စိုးဦးပြော။

လားရှိုးမှာ တိုက်ပွဲကြီးတွေ ဖြစ်တော့မယ်လို့ ခန့်မှန်းနေကြ။ ၄၊ ၅၊ ၆ ရပ်ကွက်ကြီးတွေပေါ် လက်နက်ကြီးကျ။ အိမ်တွေ မီးလောင်ပျက်စီးနေပုံ ရုပ်သံဖိုင်တွေ တက်လာ။ 

မိုးကုတ် မင်းတံတားရပ်ကွက်ပေါ် လက်နက်ကြီးတွေကျ။ လူအသေအပျောက်ရှိ။ လူမှုကွန်ရက်ပေါ်ဗီဒီယိုဖိုင်တွေ တက်လာ။ မင်းတံတားရပ်ကွက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏ အသုံးပြုနေတဲ့ စစ်လမ်းဖြစ်တယ်။

တန့်ယန်းမှာ ဝ တပ် အင်အား နှစ်ထောင် က ဝင်ရောက်နေရာယူထားတဲ့ သတင်းတွေကို လူထုက စိတ်ဝင်စားမှု မြင့်တက်နေ။

စစ်ကောင်စီ လော်ဘီတွေရဲ့ ငိုကြွေးသံတွေ ပိုမိုကျယ်လောင်လာ။ မင်းအောင်လှိုင်ကို ဆဲဆို လှောင်ပြောင်မှုတွေ ပိုမိုပြင်းထန်လာ။ 

စစ်တွေမှာ မင်းအောင်လှိုင်က ရန်ကာဘုရား နှစ်ဆူ တည်တဲ့ သတင်းတက်လာ။ 

ဘုရားကိုပါ စစ်မှုထမ်းခိုင်းနေပြီ ထင်တယ်။

ဒို့အဘက သူ့အကွက်နဲ့ သူရှုပ်နေတာတဲ့။ 

ဟုတ်ပ ဗျာ။


အန်ကယ် တူမီး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar