ရတနာပုံဆရာမှတ်ကြီး - ပုချာသာဝရဲ့ မုသာဝါဒ
ရတနာပုံဆရာမှတ်ကြီး - ပုချာသာဝရဲ့ မုသာဝါဒ
(မိုးမခ) ဇူလိုင် ၁၆ ၊ ၂၀၂၄
CDM တွေကို အမည်မည်းစာရင်းမှ အမည်ဖြူစာရင်းပြောင်းပေးမယ်တွေဘာတွေနဲ့ အီစီကလီ ပလီပလာ မာယာမူယူ ကြူကြူလှနည်းသုံးဖမ်းစားဖို့ ကြံနေပြီ။
တကယ်တော့ CDM သူရဲကောင်းဆိုတာ မအလရဲ့ ငနာမသေ ကမ္ဘာမကြေတွေလေ။ CDMတွေလုပ်လို့ အုပ်ချုပ်လို့မရတဲ့အပြင် အလုပ်သာမဖြစ်တာ ဌာနလည်း ဖျက်မပစ်ရဲတော့ ကျန်တဲ့ငပဲတွေကို ဘတ်ဂျက်ချပေးပြီး ဖရဲသီးလုပ်ခွင့် ပေးထားရသာကလား။ အဲသည်တော့ အဟောင်းတချို့ဆွဲဆောင်ပြီး ဖရဲသီး ဖော်ထုတ်ဖို့ ကြံတဲ့အကွက်လေ။ ကာပုက လည်သာလည်တာ၊ တပတ်မပြည့်ဘူးဆိုတဲ့ကောင်။ ပြည်ပျက်ခါနီးမှ ဘယ်သူက ပြန်လာမလဲ။ အစိုးရ ပြောင်းတာနဲ့ မှင်နဲ့မောင်းနဲ့ ခန့်ခန့်ဆန့်ဆန့် ဂုဏ်သိက္ခာရှိရှိ ပြန်ဝင်ရမယ့်ရက်က ဘာလိုတော့လို့လဲ။ ငပုရယ် နင်သေမယ့်ရက်တောင် တွက်လို့ရနေမင့်ဟာ။ လက်ရှိဝန်ထမ်းတွေကို စစ်သင်တန်းပေးနေတဲ့ကိစ္စလေးကိုဘဲ လိပ်ပတ်လည်အောင်၊ အဲလေ လိပ်ပု တပတ်လည်အောင် အရင်လှည့်အုံးနော်။
ဒီရက်ပိုင်း ဟာသတွေ မနည်းမနော၊ ဟော နောက်တခု။
ဘောမှုထမ်း စာရင်းကောက်ယူရာမှာ ဥပဒေပါ သတ်မှတ်အသက်မပြည့်မီသူနဲ့ အသက်ကျော်လွန်သူများ မပါရေး၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ် စာရင်းမသွင်းစေရေး ကြပ်မတ် ဆောင်ရွက်ဖို့ သူခိုး ဓားပြ မုဒိမ်းမှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြောဆိုဘဲ။
အဲဒါဆို လွတ်အောင်သာပြေးကြတော့။ သူတို့စကား ပြောင်းပြန်ကောက်ယူရတာ သူ့လူတွေ မပြောနဲ့၊ ဘေးလူတွေတောင် တိုးတိုးတိတ်တိတ် အကုန်လုံးသိ။ ဒါဟာ အသက်မီသူ မရလို့ အသက်မမီလည်း ဆွဲတော့လို့ တရားဝင်အမိန့်ပေးတာဘဲ။ မအလက စာရင်းကြည့်ပြီး ပထမအကြိမ်ထက် ဒုကြိမ်ကနည်းလို့၊ ဒုကြိမ်ထက် တကြိမ်ကနည်းလို့လို့ ပြောပြီးသားလေ၊ သဘောပေါက်။ ပကြိမ်များတာကလဲ သင်္ကြန်ပြီးမှ ဆွဲမယ် လိမ်တာကို အဟုတ်မှတ်ပြီး ပေါ့ပေါ့ဆဆ နေမိသူတွေ ပါကုန်ကြတာ။
စောက်ပုတို့ တဖွဲ့လုံးက လည်သာ လည်တာ တပတ်မပြည့်တွေချည်းဘဲ။ ခပ်တည်တည်နဲ့ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်မဆွဲဖို့ ထည့်ပြောလိုက်ကတည်းက သူတို့အကြံ မူမမှန်ဆိုတာကို ထုတ်ရှိုးတာ၊ အဲကောင်လည်း ဖရဲသီးလား မသိဘူး။
သူတို့က အသက်မပြည့်သူတွေဖမ်းပြီး သက်ပြည့်မှတ်ပုံတင်အသစ်လုပ်ပေး ကလေးစစ်သား ရှာမရအောင် အရင်ကတည်းက လုပ်နေကျ။ ယူအန်လိုအဖွဲ့တွေကို မိဖကိုယ်တိုင် သက်သေသက္ကာယအပြည့်နဲ့ တိုင်တတ်သူတွေပဲ ကလေးတယောက်တလေလောက်သာ ပြန်ရ။
အောက်က မန်းသတင်းသာဖတ်ကြည့်။
"မန္တလေးမြို့မှာ စစ်အုပ်စုက ပေါ်တာဆွဲပြီး စစ်သားသစ် စုဆောင်းထားတဲ့ လူငယ်လူရွယ် (၁၄၀)ကျော်ကို မန္တလေးတောင်ခြေက ခြေလျင်တပ်ရင်း (ခလရ) - ၉၅ ထဲမှာ စုပြုံထားရှိပြီး ဓားစာခံ လူသားဒိုင်းကာ သဘောမျိုး အသုံးချနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်" တဲ့။
စစ်အုပ်စုဟာ ယခု ဇူလိုင်လ အပတ်စဉ်( ၄) အတွက် စစ်သားသစ် စုဆောင်းမှုအဖြစ် မန္တလေးမြို့ပေါ်က လူ(၁၆၀)ကျော် စစ်သားသစ် စုဆောင်းမှာ ဖြစ်ပြီး လက်ရှိမှာ လူ(၁၄၀)ကျော် ပေါ်တာဆွဲ စုဆောင်းပြီးဖြစ်ကာ ထပ်မံလိုအပ်နေသေးတဲ့ လူ ၂၀ လောက်ကို နေ့စဉ်နဲ့အမျှ ပေါ်တာဆွဲနေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေက ပြောပါတယ်။
"လက်ရှိ ပေါ်တာဆွဲ လူသစ်စု ခံရသူတွေ အများစုဟာ စိန်ပန်းရပ်ကွက် အပါအဝင် မဟာအောင်မြေမြို့နယ်ထဲက ဖြစ်ပြီး ကိုယ်တိုင် သဘောဆန္ဒအရ စစ်မှုထမ်းဖို့ လိုက်ပါလာသူတွေ မဟုတ်ဘဲ နေအိမ်တွေ၊ လမ်းမတွေပေါ် အဓမ္မဖမ်းဆီးခံရကာ ပေါ်တာဆွဲခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်" တဲ့။
လျှော့ပေါ့ဖို့ ဘာညာ ပြောတာတွေက သူတို့လူတွေ မှားဖမ်းမိရင် ထုတ်နိုင်ဖို့ရယ်၊ ငွေသိန်းရာချီရရင် လွှတ်ပေးဖို့ရယ် ဟထားတာ။ မန်းလေးလိုမြို့ကြီးတောင် နေ့ခင်းကြောင်တောင် အိမ်ထဲထိ ဝင်ဆွဲတာနော်။ ပြောလို့သာ ပြောရတာ၊ တကယ်တော့ ဒါတွေက တပြည်လုံး သိပြီးသားတွေပါ။
ကြက်တူရွေးကတော်တော် မယ်တော်ကကဲနေတာ ရှိသေးတယ်။ ပအိုဝ်းတွေ။ တောင်ကြီးမှာ လူငယ်တွေကို နာမည်တပ်ခေါ်ပြီး စစ်သင်တန်းတက်ဖို့လုပ်တဲ့ အစည်းအဝေးတွေ ဆက်တိုက်လုပ်နေသတဲ့။ အချိန်အတိအကျ တောင်တက်ရဆိုကဘဲ။
ဧရာဝတီက သတင်းတပုဒ်မှာ “ လူမရှိရင် စစ်ကောင်စီက ဘာမှ မပြောသေးပေမယ့် ပအို့ဝ်ကတော့ သူတို့ဓလေ့အတိုင်း စစ်မှုမထမ်းရင် တစ်အိမ်ကို ၅သိန်း၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူရှိရင် ၁၀ သိန်းပေးရမယ်လို့ ပြောတာတွေ ရှိတယ်။ အိမ်တအိမ်မှာ အစ်ကိုက နာမည်စာရင်းပါပြီး လူမရှိရင် ညီရှိရင်ညီ တက်ရမယ်လို့ ပြောတယ်” လို့ ဒေသခံတဦးရဲ့ ပြောစကားကို ရေးထားတယ်။
သူ့လိုပဲ နောက်တမျိုးက ရိုဟင်ဂျာ။
စစ်တပ်ကို ဂျီနိုဆိုက်ပြောတာကတခြမ်း၊ စစ်တပ်နဲ့အတူ တွဲတိုက်နေတာက တခြမ်း။ အဇမ်း အဇမ်းတွေချည်းဘဲနော်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar