Breaking News

ရဲဘော်တေး - ကာချုပ် ဘယ်သူလုပ်မလဲ နဲ့ မင်းတို့ ဘယ်တော့လဲ ငါတို့ ဘယ်တော့မှာ

ရဲဘော်တေး - ကာချုပ် ဘယ်သူလုပ်မလဲ နဲ့ မင်းတို့ ဘယ်တော့လဲ ငါတို့ ဘယ်တော့မှာ

(မိုးမခ) ဇူလိုင် ၂၅ ၊ ၂၀၂၄

သမ္မတ လုပ်ရင် နိုင်ငံ့ဝန်ထမ်းတယောက်ယောက် ဖြစ်မနေရဘူးဆိုတော့ ကြင်စိုးခမျာ ငတ်ကြီးကျနေတုန်း ဝက်သားတုံးကြီး ဆိုပြီး အားရပါးရ ကိုက်လိုက်တာ ခုမှ မီးဖိုပေါ်က ချထားစ ဆိုတော့ မမျိုသာ မထွေးနိုင်ဖြစ်နေချက်များ သူ့စောက်ခွက်ကို စဉ်းစားသာကြည့်။ 

ကိုးကွင်းရဲ့ ထိုးသွင်းပုံက စိုးလင်းဦး ပင့်လက်သီးထက် လှပ။ သရေကြိုးကောင် သမ္မတရူးမှန်း သိတော့ မြင့်ဆွေ မလှုပ်နိုင်တာနဲ့ အဆင်း ဘီးတပ်ပေးလိုက်တာ၊ သွားရော့လဟယ်ပေါ့လေ။ ခုဆို သမ္မတက ဝန်ကြီးချုပ်ထက် ကြီးနေတော့ မအလခမျာ ဝကခရာထူးလည်း ပြုတ်ရတော့မယ်။ ကာချုပ်ရာထူးလည်း လွှဲရတော့မယ်။ မိုးလင်းတာနဲ့ စိုးဝင်းတို့က ဝန်ကြီးချုပ်ရော ကာချုပ်ရောဖြစ်ပြီလေ။ သူ့မှာ ဘာအလုပ်မှ မရှိ။ ဧည့်သည် ထိုင်စောင့်ရုံကလွဲ လုပ်နိုင်တာလည်း ရှိတော့မှာမဟုတ်။ အိမ်မသာတော့ ဧည့်ကောင်းလဲ လာမှာ မဟုတ်။ 

ဒါကို သိတဲ့ မအလကလဲ သူ့သေတွင်း သူပြန်ဖို့တဲ့အနေနဲ့ သမ္မတဆိုတာ ကာလုံကိစ္စမှာသာ သမ္မတလုပ်မှာ၊ ကျန်တာ နဂိုအတိုင်းပဲလို့ သူ့ငမဲကျွန်ကို လိုင်းပေါ် တက်လော်ခိုင်းတော့ ကာချုပ်နဲ့ ဝကခ မှန်းထားတဲ့ကောင်တွေကလည်း တင်းနေပြီ။ 

ခုဆို တပ်အကြီးပိုင်းမှာ ဘယ်သူ ကာချုပ်လုပ်မလဲဆိုတာ ပွဲဖြစ်‌။ တရုတ်နဲ့ ပလူးတဲ့ သန်းရွှေတို့အဖွဲ့ကိုလည်း အကျယ်ချုပ်လုပ်ထားလိုက်ပြီဆိုတော့ ကိုးကွင်းလူတွေကလဲ ဘယာကြော် ကိုးကွင်း ဘုရားလှူတာ ဘုန်းကြီးဆွမ်းလောင်းတာ၊ သရေကြိုးကိုးကွင်းကို ကလေးတွေ ဝေတာတွေ လုပ်နေကြပြီ။ စိုးရိမ်တာထက် ကာချုပ်သစ်ကို ကြိုဖားတာလည်း ပါမှာပေါ့လေ။ မအလကောင်တွေကလည်း သူဖြစ်နိုးနိုး ကိုယ်ဖြစ်နိုးနိုး၊ မှန်ရှေ့သွားရပ်ပြီး တပ်ချုပ်မိန့်ခွန်းတောင် ကျင့်ထားကြသေးတာလို့ သတင်းပေါက်တဲ့ကောင်ပေါက်ထား။ 

လာရှိုးမှာ ၃၁၇ ယောက်နဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးဗိုလ်ကြီးတွေ ဦးဆောင် ဘက်ပြောင်းပြီး မအလကို ပြန်တိုက်မယ့် သတင်းကြီးက ‌တပ်အလယ်အလတ် ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေပိုင်းမှာ ဂုဏ်ဆာချက်။ မအလ သမ္မတ ဖြစ်ပြီးရင် ကာချုပ် ဘယ်ကောင်လုပ်မှာတောင် ဘယ်သူမှ စိတ်မဝင်စားကြတော့ဘူး။ စောက်ပု သမ္မတလုပ်တဲ့ရက် စောက်ခွက်ပြောင်ဂုဏ်ပြုတပ် ဆိုပြီးတောင် ပြောနေကြတာ။ ကိုယ့်တပ်လည်း ဘယ်လိုလဲ၊ သူ့တပ်လည်း ဘယ်လိုလဲပေါ့။ တယောက်ခြေတ‌ယောက်ကြည့်နေကြ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲလေ။ မင်းတို့ ဘယ်တော့လဲ၊ ငါတို့ ဘယ်တော့မှာပေါ့။ 

တပ်မမှူးတွေ တိုင်းမှူးတွေလည်း ခေါင်းကျိန်းနေရပြီ။ ကိုယ် ဦးဆောင်လိုက်မလား၊ သူတို့ သွားတာ မသိယောင်ဆောင်လိုက်မလား၊ တလားလားတော့ လားရတော့မယ်။ နောက်ကောင်တွေက သူ့တပ်သူသိမ်းပြီး ပြည်သူနဲ့ တခါတည်းတွဲလိုက်မယ့်ကောင်တွေလည်းရှိ။ အဲဒါဆို ကိုယ်က အချောင်အရေးယူခံရအုံးမယ်။ မအလ အရေးယူတာ ခံမလား၊ ပြည်သူ ချီးမြှောက်တာ ခံမလား၊ စားနေရပြီလေ။ မစားရင် ဘဝက ခါးတော့မှာ။ 

ရေချုပ်ကို မြို့တွေ ထုချေခိုင်းတာ မလုပ်လို့၊ ရေတပ်သားတွေ ကုန်းပေါ်တက် သေခိုင်းတာ မလုပ်ပေးလို့ ဖြုတ်လိုက်တဲ့ကိစ္စကိုလည်း ရေတပ်က မကျေနပ်ကြ။ လေကလည်း မြို့ချေ ရွာချေနဲ့ ကလေးသတ်တပ်သက်သက် ဖြစ်လာတာကို မကျေနပ်ကြ။ အလဲခံရတဲ့ တိုင်းမှူးရဲ့ တပည့်ရင်းချာတွေကို နောက်တိုင်းမှူးက ကြပ်လို့ မကျေနပ်ကြ၊ နောက်တိုင်းမှူးက သူ ရာထူးတက်ချင်တာ ပြုတ်မှာကြောက်တာနဲ့ စွတ်အသေခံခိုင်းနေလို့ မကျေနပ်ကြနဲ့ သေနတ်ကိုယ်စီ ရှိကြသည်ဆိုတော့ကား မင်းအောင်လှိုင် ဇာတ်သဘင်ကြီးရဲ့ အဖြူရောင်ယိမ်းနဲ့ BC စတိတ်ရှိုးအစီအစဥ်၊ မိုင်းအော်ပရာနဲ့ ပစ်သံ ခတ်သံ တညံညံ ပြဇာတ်ကြီးလည်း ပြီးပြီဆိုတော့ နောက်ပိုင်းဇာတ်ထုပ်မှာ ငိုချင်းတွေဘယ်လိုချမလဲဆိုတာ ဆက်လက်ရှုစားကြပါစို့ခင်ဗျား။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar