Breaking News

ရတနာပုံဆရာမှတ်ကြီး - လက်နက်ကြီးအားကိုး သရေကြိုးများ

ရတနာပုံဆရာမှတ်ကြီး - လက်နက်ကြီးအားကိုး သရေကြိုးများ

(မိုးမခ) ဩဂုတ် ၃၁ ၊ ၂၀၂၄



ရှမ်းတောင်နဲ့ ရှမ်းမြောက်ကြား၊ ရှမ်းနဲ့ မန်းကြား အမြောက်တပ် ‌လေးတပ်နဲ့ ဈေးဖြတ်နေတဲ့ ခွေးဇာတ်တော့ သိမ်းပြီ။

တောင်ခမ်း အမြောက်တပ်တွေ ခြောက်ကပ်ကုန်ရင်တော့ ပြူးလွင်ကို ဒူးချင်ရင် ဟင့်အင်းတောင်လုပ်ချိန်ရမယ် မဟုတ်။ ပြူးလွင်မှာ ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံတော်ပိုင် နန်းတော်ကြီးတွေကလဲ ငပလီက ဟော်တယ်တွေထက် အဆင်မလျော့ဘူး မဟုတ်လား။ မျိုစို့ထားသမျှ မြေကွက်တွေကလဲ ပေတွက်လို့မရ မိုင်နဲ့ဘဲ တိုင်းရမလို။ ဟိုတခေတ်ကဆို ထွန်းကြည်တယောက်ထဲ ပိုင်တင် မြို့တည်လို့ရသကိုး။ ခုလဲ သူ့သမီးကြီး ခြံထဲကနေ လက်နက်ကြီးဆင် နှံနေဆိုဘဲ။ မန္တလေးမှာတောင် ထွန်းကြည်ဂွေ့ဆိုသဟာ ရှိသေးတာ။ ဒါတွေလဲ ရှင်းရ ဗျင်းရမှာဘဲလေ။ ခေတ်အဆက်ဆက် စစ်သက်ရှည်သလောက် ညစ်သထက် ပေထားတာတွေ တပုံကြီး မဟုတ်လား။ ဒါတွေက စစ်အာဏာ ကြီးသထက် ကြီးလာခြင်းရဲ့ အကြောင်းတရားတွေပဲ။ အကြောင်းမသတ်နိုင်ရင် မကျိုးမပြတ်ဖူးဆိုတဲ့တရားတော်အတိုင်း ကဆုန်ဆိုင်းနှင်မှ ခရီးတွင်မယ်လေ။ 

တောင်ခမ်း ရရင် မေမြို့ အသာထား၊ ကျောက်ဆည်လွင်ပြင် ဒိုးမလား၊ သာစည်လွင်ပြင် ဂိုးမလား၊ အလှမ်းမဝေးပေါင် မန်းလေးတောင် ဂန်းတေးလက်ဆောင် ပေးရအောင်၊ ပေးရအောင်ဟေ့ ပေးရအောင်။ ရှမ်းတောင်ဘက်ထွက်ပြီး ရပ်စောက်ကို ဖြတ်ဖောက်ချုပ်လုပ်မလား။ လုပ်မလားဟေ့ လုပ်မလား။ အဲလို ရိုးရာတေးသံတွေ ကရင်နီထိ ညံလို့ရသနော်။ ကရင်နီမလဲ လက်နက်ကြီးလေးရှိလို့ ဟောင်လား အူလား ဆွဲလား ကိုက်လား လုပ်လို့ရနေသေးတာ။ မဟုတ်ရင်တော့ ခွေးမီးဖုတ်ချည်း ဖြစ်နေရော့မယ်။ 

ဖထီးတို့နဲ့ ပီဒက်တွေကလဲ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်က အမြောက်ကုန်းကို ဝိုင်းကျုံးနေတယ် ဆိုတော့ အမြောက်တပ် ခြောက်ကပ်သွားရင် အားလုံးစိတ်ဝမ်း အေးချမ်းစိုပြေ နေပျော်ပြီ။ 

ရခိုင်ကလဲ ရေတပ်အမြောက်တွေ တဖျောက်ဖျောက်ချိုး ခြံစည်းရိုးတိုင် လုပ်နေပြီဆိုတော့ လနှစ်လုံးကိုင် ဖင်ခေါင်းကျယ်နေသမျှ တဖြည်းဖြည်း ပြန်ရှုံ့ရပြီပေါ့ကွယ်။

လနှစ်လုံး ဆိုတာက လက်နက်ကြီးနဲ့ လေတပ်လေ။ အဲဒါမရှိရင် ဘီးဖြုတ်ထားတဲ့ ကားလို့ ဘယ်မှသွားမရ လူပါးဝရန် နိဋ္ဌိတံပြီ။ 

တောင်ခမ်း အမြောက်တပ်လေး ခြောက်ကပ်လာတော့ စစ်ဘောစုပ်လေးတအုပ်က မန္တလေးမြို့ကို ပြည်သူများက ထိန်းသိမ်းရမယ်ဆိုပြီး ဆန္ဒတောင် ပြနေကြပလေ။ ပြည်သူနဲ့ ပျူသူလဲ ကွဲပုံမရ။ 

လက်နက်ကြီးနဲ့ ထုဖြိုကာ လေတပ်နဲ့ ဗုံးကြဲပြီး မြို့ ရွာတွေ မီးတိုက်နေတဲ့ ကောင်တွေက မန္တလေးမြို့ မပျက်စီးဖို့ ဆန္ဒပြသတဲ့။ မင်းကွန်းက ရှေးဟောင်း တကယ့်ဗိသုကာလက်ရာ မြသိန်းတန်ဘုရားပေါ် တပ်ထိုင် ခံစစ်လုပ်နေတဲ့ ကောင်တွေက ရှေ့ဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆန္ဒပြသတဲ့ဗျို့။ ကြားလို့မှမကောင်း ဘုရားလောင်း ဆိုတာ မင်းအောင်လှိုင် ဆိုတဲ့ ပအိုဝ်းတွေပြောတဲ့စကားလိုဘဲ။ ယဉ်ကျေးမှုနဲ့ စစ်ခွေးဆိုတာ သေးနဲ့ ဖျော်ရည် ဘာမှမဆိုင်ဘူးလေ။ ပျူခွေးတို့အဖို့ရာ နေ့တွက် ဖန်ဂွင်ရှာ တနပ်စာတော့ ရသပေါ့။ ကြံ့ခေါင်းတွေဆီကငွေ စစ်ဗိုလ်တွေဆီကပိုက်ဆံကလဲ ဒီလိုမှထွက်သာကိုး။ မဟုတ်ရင် အငတ်ထားတာလေ။ လိုချင်လို့မှ ခိုးထားတဲ့ ပိုက်ဆံဆိုတော့လဲ ဘယ်ပြန်ပေးချင်မတုန်း။ ရှေ့တန်းက အသေခံလေးတွေဆီတောင် ငါးပိကြော် တထုပ် မပို့ချင်တဲ့ကောင်တွေ မဟုတ်လား။ ကြံ့ဖွတ်မှန်သမျှ တပ်ထွက်ချည်းဘဲ။ တပ်အတွက်ဆို တကျပ်အကုန်မခံနိုင်ကြ။ ဘာ့လို့ဆို သူတို့မွေးထုတ် သူခိုး ဓားပြစုတ်တွေချည်းဆိုတာ သိပြီးသားဆိုတော့ ကိုယ့်ဘာသာ ခိုးဆိုးလုယက်စား၊ ငါတို့တုန်းကလဲ ဒီလိုစားလာတာဘဲပေါ့၊ နိုင်ငံတော်ဘတ်ဂျက်ဖြတ်အုပ်ထားတဲ့ ကောင်တွေအကြောင်းလဲ သိပြီးသားဆိုတော့လေ။ ဒီတော့ ကြံ့အသေးဖွတ်ပြာ ပျူခွေးငနာတွေလဲ ဆန္ဒပြစရာလေးနဲ့မှ ခွေးစာချက်ရတာ။ ယဉ်ကျေးမှုဘာညာ သိလို့တော့ ဘာဟုတ်မလဲ။ ယဉ်ကျေးမှုနဲ့ခွေး ဆယ်ဘဝလောက်ဝေးသေးတာဘဲ။ 

ချင်းမှာလဲ ဒီလိုပါဘဲ။ မင်းတပ်မြို့နယ်ထဲ မြေပြင် စစ်ကြောင်းနဲ့ မလာနိုင်တော့တာ နှစ်ချီကြာနေပြီဆိုတော့ ရိက္ခာနဲ့ ခွေးအင်အားက လေကြောင်းကဘဲလုပ်နေရတော့တာလေ။

ခလရ  ၂၇၄ တပ်ထဲကနေ ၁၂၀ မမနဲ့ ဘေးပတ်ပတ်လည် ရမ်းသန်း ပစ်ခတ်တာပဲ နေ့တိုင်း လုပ်နေတာ။ ငှက်သိုက် ဖြုတ်သလို လက်နက်ကြီးကျည်ထုတ်တဲ့ စက်ရုံတွေ မီးဖုတ်လိုက်ရင်လည်း ပြီးတာပါဘဲ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar