Breaking News

မောင်သစ္စာ - မင်းအောင်လှိုင်သို့ သတိပေးစာ

မောင်သစ္စာ - မင်းအောင်လှိုင်သို့ သတိပေးစာ

(မိုးမခ) ဩဂုတ် ၂၇ ၊ ၂၀၂၄ 


မင်းအောင်လှိုင်...မင်း ငါတို့နိုင်ငံက အမြန်ဆုံးထွက်သွားတော့။ ဖြစ်နိုင်ရင် မင်းရဲ့ ပထွေးတယုတ် (တရုတ်) သို့မ​ဟုတ် ရုရှား​နိုင်​ငံ​​ဆီကို ချက်ချင်းထွက်သွားဖို့ ငါ...မင်းကို အချိန်မီသတိပေးတယ်။ မထွက်ရင် အချိန်တို ကာ​လ‌​အ​တွင်း​​မှာ မင်းနဲ့ မင်းရဲ့ မိ​သားစုတွေ အသေဆိုးနဲ့ သေရလိမ့်မယ်လို့ ငါကြိုမြင်နေလို့ မင်းကို သတိပေးတာ ​ဖြစ်​တယ်။ ဘာကြောင့်လဲဆိုတော့ ရဲ​ဘော်​ကျော်​​​သန်း ပြောသလို “မင်းနဲ့ မင်းစစ်တပ်ဟာ သစ္စာဖောက် ကြက်ခြံစောင့်​ခွေး​တွေ” ဖြစ်နေတယ်ဆိုတာ အခုမျက်​ဝါး​ထင်​ထင်​​ တွေ့မြင်နေရပြီးဖြစ်တယ်။ 

(ခြွင်းချက် - စစ်မှုထမ်းအားလုံးကို မဆို​လို​ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထု​အပေါ် သစ္စာ​မေတ္တာ ထား​ရှိတဲ့၊ ကျေးဇူးသိတတ်တဲ့ အရာရှိကြီးငယ်တွေနဲ့ ဝန်​ထမ်း​တွေ မပါဘူးလို့ ခြွင်းချက်အနေနဲ့ ငါ ပြော​လို​ပါ​တယ်။)

လက်နက်မဲ့၊ အပြစ်မဲ့ ရိုးသားတဲ့ ပြည်သူတရပ်လုံးဟာ မင်းတို့အကြမ်းဖက်၊ လူသတ်၊ လူယုတ်မာ အုပ်စုက တိုင်း​ပြည်​နဲ့ မြန်​မာပြည်​ဖွား​လူမျိုးစုံတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီး သတ်ဖြတ်နေလို့ မင်းတို့ စစ်အုပ်စုကို ရွံမုန်းနေကြသ​လို မင်းရဲ့​လက်အောက်​ခံ အရပ်ဖက်၊ စစ်ဖက်က အရာရှိကြီးငယ်တွေနဲ့အခြားအဆင့် ဝန်ထမ်းကြီးငယ်တွေကပါ​ မင်းတို့ အကြမ်းဖက်လူဆိုး၊ သူခိုး​အုပ်စု​ကို မလိုလားကြတော့ဘူးဆိုတာ တွေ့မြင်နေရပြီး ဖြစ်တယ်။

မင်းအောင်လှိုင်...မင်းရဲ့ အတ္တစွဲ လွန်ကဲလွန်းတာရယ်၊ သူများအပေါ် မနာလို ဝန်တိုစိတ် ပြင်းပြလွန်းနေတာရယ်၊ မင်း​ကိုယ်တိုင်​က​​​​လည်း ရာထူးရူး၊ အာဏာရူး၊ ဥစ္စာရူး ရူးလွန်းနေတာရယ်ကြောင့် ဒီမိုကရေစီစနစ်ကျင့်စဉ်အတိုင်း အများ​ပြည်သူလူထုရဲ့ ဆ​န္ဒ​​နဲ့​အညီ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် NLD အစိုးရကို မင်းက တရား​မဝင်၊ နည်းလမ်းမကျ၊ ယု​တ္တိ​မ​​ရှိ​တဲ့ မသ​မာ​နည်း​တွေနဲ့ လုပ်ကြံစွပ်စွဲပြီး ထိန်းမနိုင်သိမ်းမရတော့တဲ့ မင်းရဲ့ အတ္တစွဲ​လွန်ကဲမှုကြောင့် အကြမ်းဖက် အာ​ဏာ​သိမ်း​​လိုက်တယ်။ 

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းမှာ မင်းတို့ အကြမ်း​ဖက်စစ်အုပ်စုရဲ့ ယုတ်မာကြမ်းကြုတ် လူမဆန်တဲ့ လုပ်​​ရပ်​​ဆိုး​ကြီးတွေကြောင့် တနိုင်ငံလုံး ပြာပုံလို ဖြစ်သွားရသ​လို ပြည်သူလူထုတွေရဲ့ အရိုးတွေလည်း တောင်လိုပုံ ​ဖြစ်​​သွား​ရ​တာ​​တွေ​ကို အများပြည်သူ သိရအောင် အောက်​ပါ​စုစည်းရသမျှ အကျဉ်းချုံးပြီး ဖော်ပြပါမယ်။ အဲဒါတွေက -

၁။ ပြည်သူတွေ အသက်ဆုံးရှုံးမှု

(က) အာဏာသိမ်းပြီး ၃ နှစ်ခွဲကာလအတွင်း မင်းစစ်တပ်ရဲ့ လူမဆန်၊ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဆိုးကြီးတွေ​ကြောင့်​ အပြစ်​မဲ့​​ပြည်သူ ၅၅၀၀ ကျော် သေဆုံးရတယ်။ ၂၀၇၄၈ ဦး ချုပ်နှောင်ခံထားရဆဲ ဖြစ်တယ်။ အဲဒီအထဲ​က​ ၉၃၃၁ ဦး ထောင်​ဒဏ်​ချ​မှတ်​ခံရတယ်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၄ ဦးအပါအဝင် သေဒဏ်ချမှတ်​ခံ​ထားသူပေါင်း ၁၆၇ ဦးရှိ​တယ်။

ဖမ်း​ခံ​ရပြီး ပြန်လွတ်မြောက်လာသူ ၆၄၅၃ ဦးသာရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား​များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောထားပါတယ်။ (DVB, Aug-14-2024)

(ခ) လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် တနိုင်ငံလုံးမှာ (AAPP) ရဲ့ သြဂုတ်လ ၁၆ ရက်နေ့​အထိ ​စာ​ရင်း​​တွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၅၁၅ ဦး သေဆုံးခဲ့ရ​တယ်လို့ ဖော်ပြ​ထား​​ပါတယ်။ (RFA, Aug-18-2024)

၂။ လေကြောင်းမှ တိုက်ခိုက်လို့ ပျက်စီးဆုံးရှုံးမှု

(က) စစ်တပ် အာဏာသိမ်းကာလအတွင်း စကစရဲ့ လေကြောင်းမှ ၁၆၅၅ ကြိမ် တိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်​ခတ်မှု​ကြောင့် ဘာသာရေးအဆောက်အအုံ ၅၂ ခု၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၆ ခု လူနေအိမ်​ ၂၆၈၂ လုံး ပျက်​စီး​ဆုံးရှုံးသွားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အား (PKPF) က သြဂုတ်လ ၁ ရက်နေ့က​ ထုတ်ပြန်ပါတယ်။ (RFA, Aug-3-2024)

(ခ) မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ကို 2024-7-16 တရက်တည်းမှာ စကစတပ် လေကြောင်းက အကြိမ် ၂၀ ကျော်​ ဗုံးကြဲ​တိုက်​ခိုက်​ရာမှာ နေအိမ် ၁၀၀ ခန့် ပျက်စီးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်​သူ့ကာကွယ်ရေးအဖွဲ့ (ပ​က​ဖ) ပြန်ကြားရေးတာဝန်ခံကို သံမဏိက ပြောတယ်။ (RFA, 2024-7-17)

(ဂ) ရေကြီးရေလျှံ ဒုက္ခခံနေရတဲ့ တနင်္သာရီမြို့နယ်ထဲက ရေနစ်မြုပ်နေတဲ့ လယ်သစ်ရွာကို ဇွန်လိုင်လ ၃၀ ရက်​ ညနေပိုင်းမှာ M12 ရဟတ်ယာဉ်နဲ့ ဗုံးအလုံး ၂၀ လာကြဲချသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောကြောင်း သိ​ရပါတယ်။ (RFA, July-31-2024)

၃။ ကျူးကျော်လို့ စွပ်စွဲပြီး ဖျက်ဆီးမှုများ တောင်ကြီးမြို့စွန်ရပ်ကွက်တွေက အိမ်ခြေ ၁၀၀၀ ကျော်မှလူများကို ဗျူဟာကုန်းဆောက်ဖို့ ကျူး​ကျော်​အဖြစ်​ သတ်​​မှတ်ပြီး ၁၅ ရက်အတွင်း ထွက်သွားရမယ်လို့ ထွေအုပ်၊ သစ်တောနဲ့ စည်ပင်တို့က စာကပ်လိုက်တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း တောင်ကြီးမြို့မှ မောချယ်ရီကားကွင်း၊ ဆေးတပ်ရင်းတိုက်တန်း၊ ရှမ်းရိုးမ​တိုက်တန်း၊ ကရင်မ ရေထွက်တိုက်တန်းတို့ရှိ ဆိုင်ခန်း ၅၁၁ ခန်းကို စစ်တပ်က ဘူဒိုဇာနဲ့ ဖျက်ဆီးသွားသေးတယ်​လို့ ဆိုပါတယ်။ (DVB, Aug-9-2024)

၄။ စစ်ဘေးဒုက္ခသည်များ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်​ဘေးဒုက္ခ​သည် ၁ သန်းကျော်ရှိတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ (RFA, Aug-5-2024)

၅။ မီးရှို့ခံရ နေအိမ်များ

စစ်တပ်အာဏာသိမ်း ကာလအတွင်း စကစ တပ်တွေက မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံး လူနေအိမ်ပေါင်း ၉၅၄၅၀ လုံး ပျက်​စီးဆုံးရှုံးခဲ့ရတယ်လို့ မီးရှို့ ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ဇွန်လိုင်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ (RFA, July-29-2024)

၆။ ဆင်းရဲမွဲတေ ပြည်သူတွေ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုများနဲ့ ရင်ဆိုင်နေရတယ်။ ၁၃ သန်းကျော်​က စားနပ်​ရိက္ခာ​မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်မှာ ထုတ်​ပြန်​ပါတယ်။ (RFA, July-6-2024)

အထက်ဖော်ပြပါ ခေါင်းစဉ်အချို့နဲ့ အချက်အလက်အချို့ဟာ သတင်းဌာနအချို့က ဖော်ပြပြီးသားသတင်းကို အ​ခြေ​ခံ ပြန်​တင်​ပြ​တာ ဖြစ်တယ်။

၇။ မင်းအောင်လှိုင်ရဲ့ အောက်တန်းစားစိတ်နဲ့ သူ့ရဲ့လုပ်ရပ်ဆိုးတွေ မင်းအောင်လှိုင်... မင်းဟာ မိမဆုံးမ၊ ဖမဆုံးမတဲ့ သားဆိုး၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒစကားတွေကို မနာခံတဲ့ တပည့်​ယုတ်​ ဖြစ်တယ်။ ဒါကြောင့် မင်းဟာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာကို ဖျက်ဆီးတဲ့​ လူယုတ်မာ ​ဖြစ်သလို၊ တိုင်း​ပြည်သစ္စာဖောက်၊ ပြည်သူ့ကျေးဇူးကန်း ဖြစ်တဲ့ “သစ္စာဖောက် ကြက်ခြံစောင့်စစ်ခွေး” ဖြစ်မှန်း ပိုပိုသရုပ်​ပေါ်​လာ​တယ်။ အဲ​ဒါတွေကို ကြည့်ပြီး မင်းဟာ အမိနိုင်ငံအတွက် ဘာကောင်းကျိုးတခုမှ မလုပ်ခဲ့​လို့ မြန်မာသာမက တကမ္ဘာလုံး​က​ပါ မင်းကို “အ​ယုတ်ညံ့ဆုံး၊ အရက်စက်ဆုံး၊ အဖျက်ဆီးဆုံး၊ အစိုးရ ဘဏ္ဍာတွေ၊​ ပြည်သူ့ဘဏ္ဍာတွေကို အခိုးဝှက်ဆုံး၊ အဂ​တိ​အ​လိုက်​စား​ဆုံး၊ ရာထူးအာဏာ၊ ပစ္စည်းဥစ္စာ၊ အသပြာအမက်ဆုံးနဲ့ စစ်အာဏာရှင်တွေထဲမှာ အညစ်ပတ်ဆုံး၊ အယုတ်​မာ​ဆုံး၊ အာ​ဏာ​ရှင်တပ်ချုပ်ကြီး ဖြစ်တယ်လို့” အားလုံးက မှတ်​တမ်းတင်ကြတယ်။

မင်းရဲ့ လူမဆန်တဲ့ အောက်တန်းစားစိတ်၊ ယုတ်မာစိတ်ကြောင့် ဖြစ်ပေါ်လာပြီးတဲ့ ဖြစ်ရပ်ဆိုးတွေကို အတိုချုပ်ပြီး​ ထပ်​ပြော​မယ်။ 

မင်းအောင်လှိုင်...မင်းအာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိ ၃ နှစ်ခွဲကျော်ကာလအတွင်းမှာ--လက်နက်မဲ့၊ အပြစ်မဲ့​ ပြည်သူ​လူ​ထု (ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အို အဘိုး အဘွားတွေ၊ လူမမာတွေ၊ သံဃာတော်တွေ) ကို သတ်​ဖြတ်ခဲ့တာ ၅၅၁၅ ဦး ကျော်​​ရှိနေပြီး၊ ၂၀၇၄၈ ဦး ချုပ်နှောင်ခံထားရတယ်။ ၉၃၃၁ ဦး ထောင်ဒဏ် ချမှတ်ခံထားရတယ်။ ၁၆၇ ဦး သေဒဏ် ချမှတ်ခံ​ထား​ရတယ်။ လူနေအိမ် ၉၅၄၅၀ လုံး မီးရှို့ ဖျက်ဆီးခံ​ထားရတယ်။ နှစ်ပေါင်းများစွာ အ​ခြေ​​တကျ နေထိုင်လာခဲ့တဲ့ လူနေအိမ် ၁၀၀၀ ကျော်၊ ဆိုင်ခန်း ၅၁၁ ခန်းကို ကျူး​ကျော်လို့ စွပ်စွဲပြီး ဖျက်ဆီးခဲ့တယ်။ တိုက်​ပွဲ​မရှိဘဲ “ကုလားမနိုင် ရခိုင်မဲ” သဘောနဲ့ စ​က​စတပ်က လေကြောင်းက​နေ ၁၆၅၅ ကြိမ် တိုက်ခိုက်ခဲ့လို့ ဘာသာရေး​ အ​ဆောက်​အအုံ ၅၂ ခု၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း​ ၁၆ ခုနဲ့ လူနေအိမ် ၂၆၈၂ လုံး ပျက်စီးခဲ့တယ်။

စစ်ဘေးရှောင်ဒုက္ခသည် ၁ သန်းကျော်ရှိနေပြီး လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်။ ၁၃ သန်း​ကျော်က စား​နပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်။ (ဒီအချက်အလက်တွေဟာ ပြည်တွင်း ပြည်ပရှိ သက်​ဆိုင်ရာဌာနတွေက ဖော်ပြ​ပြီး​သားများ ဖြစ်ပြီး အများသိစေလိုလို့ ထပ်မံဖော်ပြတာ ဖြစ်တယ်။)

၈။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ရဲ့ အစီရင်ခံစာ အဲဒီအစီရင်ခံစာဟာ အကြမ်းဖက်လူယုတ်မာ မင်းအောင်လှိုင်ရဲ့ နာမည်ပျက်စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇ​ဝတ်မှု​ပေါင်း မြောက်မြားစွာကို အကြောင်းအရာအလိုက် ဖော်ပြထားတာဖြစ်လို့ လူသတ်အဖျက်သမား တပ်ချုပ်​ကြီး မင်းအောင်​လှိုင်​​ရဲ့ စစ်ရာဇဝတ် ကျူးလွန်မှုတွေဟာ မြန်မာ့သမိုင်းအတွက်ရော၊ ကမ္ဘာ့သမိုင်းအတွက်ပါ အရေး​ပါတဲ့ စစ်သမိုင်းဝင်​မှတ်​တမ်း​ကြီး တစောင် ဖြစ်နေပါတယ်။

အသေးစိတ်သိလိုပါက “စကစ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း (IIMM) အစီရင်ခံစာ ထုတ်ပြန်” ဆိုတဲ့ ခေါင်း​စဉ်နဲ့ Aug-13​-​2024 က ထုတ်ပြန်တဲ့ RFA သတင်းမှာ ကြည့်ပါ။ (RFA, Aug-13-2024)

၉။ သက်ကြီး၊ ဝါကြီး၊ ပုဂ္ဂိုလ်ကြီးအချိုရဲ့ ဆုံးမသြဝါဒစကား မင်းအောင်လှိုင်...မင်း အချိန်မီ ဆင်ခြင်ဖို့ အောက်ပါ သက်ကြီး၊ ဝါကြီး၊ ပုဂ္ဂိုလ်ကြီးအချို့ရဲ့ ဆုံးမသြဝါဒစကား​တွေကို ဖော်ပြလိုက်​တယ်။

(က) မဟာဂန္ဓာရုံဆရာတော်ကြီးက - “ညစ်ပတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ ထိပ်ဖျားသို့ ရောက်ရိုးထုံးစံမရှိ”၊

(ခ) သစ္စာရွှေစည်ဆရာတော်ကြီးက - “ဝိပါကဝဋ်ကြွင်း ဘုရားသော်မှ လွတ်ကင်းအောင် မရှောင်နိုင်...တဲ့”၊

(ဂ) ပါမောက္ခချုပ်ဆရာတော်ကြီးက - “အနိုင်ကျင့်လို့ရတိုင်း အနိုင်ကျင့်တတ်တဲ့ ပုဂ္ဂိုလ်ဟာ တရားတော်အရတော့ သံ​သ​​ရာ​မှာ အရှုံး​ကြီး ရှုံးရမှာပဲ”၊

(ဃ) ဦးသုမင်္ဂလဆရာတော်က - “သေသူက မြေမကျသေးဘူး သတ်တဲ့သူ မိသားစု နေစရာ မလုံခြုံတော့ဘူး”၊

- “သေသူက မပုပ်သေးဘူး သတ်တဲ့သူ အပုပ်နံ့ ထောင်းထောင်းထလို့”၊

- “သူများကို ဒုက္ခပေးပြီး ချမ်းသာဖို့ ကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ ချမ်းသာသုခ မရဘူး”၊

(င) ဦးဝင်းတင် (သတင်းစာဆရာ၊ စာရေးစရာ) က - “တိုင်းပြည်အပေါ်မှာ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး မူးလို့​တောင် ရှူစရာ မရှိဘူး”၊

(စ) ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ) က - “ကမ္ဘာမှာ စစ်တပ်က အာဏာသိမ်းလို့ ကောင်းစားသွားတဲ့နိုင်ငံ မရှိပါ​ဘူး။ မြန်မာ​နိုင်​​ငံဟာ အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတာဟာ စစ်တပ်က အာဏာသိမ်းလို့​ပါ​ပဲ”၊

(ဆ) လူထု ဦးစိန်ဝင်းက- “လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက် စွန့်​လွှတ်သွားတဲ့ အာဏာ​ရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ် ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး”၊ ကုလသမဂ္ဂက ကယ်တင်လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဘူးပါဘူး၊ ဒါကြောင့် စစ်​အာ​ဏာ​ရှင်ကို ပြည်သူ့အင်အားနဲ့ တိုက်ထုတ်ပစ်ရမည်၊ တိုက်ထုတ်ပစ်ကြပါ”၊

(ဇ) ရဲဘော်ကျော်သန်းက - “သိန်းစိန်အစိုးရနဲ့ မင်းအောင်လှိုင်စစ်တပ် ဆိုတာ သစ္စာဖောက်တဲ့ ကြက်ခြံစောင့်ခွေး” လို့ ပြော​နေ​ကြပြီ။

၁၀။ ဆောင်းပါးရှင် - မင်းကောင်းချစ် (DVB သတင်းဌာန)

ဆောင်းပါးရှင် မင်းကောင်းချစ်က မင်းအောင်လှိုင်နဲ့ စကစရဲ့ နောက်ဆုံး အခြေအနေကို သိနေလို့ “မေတ္တာစူးရင် ရေ​အဆုံး မြေ​အဆုံး သံသရာအဆုံးထိ ပုန်းလို့မရ” ဆိုတဲ့ ဆောင်းပါးနဲ့ အကြမ်းဖက် လူသတ်ကောင် မင်းအောင်​လှိုင်တို့ စစ်အုပ်စုနဲ့ လူမ​ဆန်​တဲ့​ လုပ်ရပ်ဆိုးကြီးတွေကို ရပ်တန့်ဖို့ ရေးထားတဲ့ သဘောဖြစ်တယ်။

မင်းအောင်လှိုင်...ငါ မင်းကို ထပ်သတိပေးချင်တာက- မင်းက ဝန်ကြီးချုပ်၊ တပ်ချုပ်ကြီး၊ သမ္မတကြီး၊ စကစ ဥက္ကဋ္ဌကြီး ဆို​ပြီး​ ရာထူးရူး ရူးမနေနဲ့၊ ငါက တပ်ချုပ်ကြီး၊ ငါ့မှာ စစ်သည် သိန်းနဲ့ချီရှိတယ်၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲဆိုပြီး ဘဝင်မြင့်​မနေ​နဲ့။ မင်းက တော်လှန်ရေးအင်အားစုတွေဟာ ချာတိတ်တွေပဲ၊ သူတို့မှာ ဘာရှိလို့လဲ... ဆိုပြီး အထင်သေးတယ်။ ဒါပေမဲ့ သူတို့​လေး​တွေရဲ့နောက်မှာ NUG အစိုးရ ရှိတယ်။

ပြည်သူတွေ ရှိနေတယ်၊ သူတို့ကို ထောက်ခံနေတယ်ဆိုတာ မင်း သိဖို့ လိုတယ်။ နောက်​ဆုံး မင်းကို သတိပေးချင်တာက ပြည်တွင်းမှာ မင်းတို့ ပုန်းဖို့နေရာ သိပ်နည်းနေပြီ၊ ဒါကြောင့် မင်း ထွက်ပြေးပုန်းရှောင်​နေ​ဖို့ မင်းရဲ့ပထွေး တယုတ် သို့မဟုတ် ရုရှားနိုင်ငံဆီ အမြန်ဆုံးထွက်သွားပြီး ပုန်းရှောင်နေတော့လို့ ထပ်သတိပေးတယ်။

ငါ ပြောသလို မလုပ်၊ ဘေးဒုက္ခ တခုခုဖြစ်လာရင် မင်းအပြစ်နဲ့ မင်း ခံပေတော့...။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar