အောင်ဝေး - အိမ်ပြန်ချိန်ကဗျာများ
အိမ်ပြန်ချိန်ကဗျာများ
အောင်ဝေး
(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၄
အိမ်ပြန်ချိန်- ၁
နှင်တံမလိုဘူး
ပလွေသံမလိုဘူး
သေနတ်သံကြားရင်သိတယ်။ ။
အောင်ဝေး
၇၊ ၂၁၊ ၂၀၂၄
-
အိမ်ပြန်ချိန်- ၂
ငါတို့ကအိမ်တွေဆီပြန်မလာရင်
အိမ်တွေကငါတို့ဆီ
ပြန်လာလိမ့်မယ်။
အနာဂတ်ဟာ
ငါတို့အိမ်။ ။
အောင်ဝေး
၇၊ ၂၅၊ ၂၀၂၄
-
အိမ်ပြန်ချိန်-၃
စစ်ကြီးပြီးရင်
နိုင်ငံရေးတွေရောက်လာမယ်
ငါတို့အိမ်ပြန်ကြစို့ဂျိမ်းရေ...။ ။
အောင်ဝေး
၇၊ ၂၇၊ ၂၀၂၄
-
အိမ်ပြန်ချိန်- ၄
ဝရန်တာမှာကျန်ခဲ့တဲ့
စက္ကူပန်ကာလေး
ကြိုးချည်ထားပါ။
ပြန်လာရင်
သံသရာတွေရပ်သွားအောင်လို့။ ။
အောင်ဝေး
ဩဂုတ် ၁၊ ၂၀၂၄
-
အိမ်ပြန်ချိန်- ၅
အိမ်ပြန်ရောက်ရင်
ပြန်မရောက်တဲ့အိမ်တွေကိုသွားမယ်
တိမ်တွေကိုလည်းခေါ်သွားမယ်
သူတို့ခြောက်သွေ့ခဲ့သမျှ
စိုစွတ်ကြပါစေ။ ။
အောင်ဝေး
ဩဂုတ် ၅၊ ၂၀၂၄
-
အိမ်ပြန်ချိန်–၆
ဘယ်အချိန်ပြန်ရောက်ရောက်
စစ်ဖိနပ်အောက်က
မလွတ်မြောက်ချင်တဲ့အိမ်တွေဘက်
ယောင်လို့တောင်ထဘီထွက်မလှန်းနဲ့။ ။
ပင်ပန်းနေသောပန်းပွင့်များသို့...။
အောင်ဝေး
ဩဂုတ် ၆၊ ၂၀၂၄
-
အိမ်ပြန်ချိန်- ၇
အိမ်နဲ့ဝေးတဲ့
နွေဦး (၃) နှစ် (၆) လ
တချို့တွေအိမ်ပြန်မရောက်တာ
(၃၆) နှစ်ကြာပြီ။ ။
အောင်ဝေး
၈၊ ၈၊ ၂၄
-
အိမ်ပြန်ချိန်- ၈
နရသိန်အခန်းကျဥ်းထဲက
ထွက်လာတာလည်း
အိမ်ပြန်တာပါပဲ။
အားလုံးလည်း
ကတုတ်ကျင်းထဲက
ထွက်လာကြတော့မယ်လေ။ ။
အောင်ဝေး
ဩဂုတ် ၉၊ ၂၀၂၄
-
အိမ်ပြန်ချိန်- ၉ (နိဂုံး)
တိုင်းပြည်ပြန်မထူထောင်ခင်
အိမ်တွေအရင်ဆောက်ရမယ်
သံနဲ့သစ်တွေမလိုပါဘူး
.............................
ကျဆုံးသူတို့ဝိညာဥ်ပဲလိုတယ်။ ။
အောင်ဝေး
ဩဂုတ် ၁၂၊ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar