Breaking News

လင်းလက်နွေဦး - ကြေးစည်ပေါ်က လက်‌ဗွေရာ

Art by KT#

ကြေးစည်ပေါ်က လက်‌ဗွေရာ
လင်းလက်နွေဦး
(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၄ 

ဘုရားသခင်ဆီ
အခု ပို့တဲ့စာမှာ
အိပ်ဆောင်ဗုံးခိုကျင်းတစ်ကျင်း
ဖန်ဆင်းပေးတော်မူပါဘုရားတဲ့။ 

သေတဲ့သူကို ကြည့်ပြီး
ရတဲ့သံဝေဂမှာ
အားကျသံ‌တွေ
ရောစွတ်နေရဲ့။ 

ကွေးသောလက် မဆန့်မီ
အရာရာဖြစ်သွားနိုင်တယ်
ငါ့ကားကို မောင်းနှင်နေတာ
ဘယ်သူလဲ။ 

ငါဟာ
လမ်းဘေးမြောင်းထဲ
ကျပျောက်ခဲ့တယ် အကြွေတစ်စေ့
...ပန်းကျတယ်။
ဘုရားအသံတော်သဲ့သဲ့
နေရာနည်းနည်းရွေ့ပြောပါ့လား ဒကာတော်
ဖုန်းတိုင်လိုက်ဖမ်းရင်း
ငါ့ကိုယ်ငါ ပျောက်ရှခဲ့ပေါ့။ 

၂၅.၈.၂၀၂၄ 
နေ့လည် ၁၁:၂၈
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar