Breaking News

လေခဏီ - မဟာ့မဟာ စူပါစီမံချက်

လေခဏီ - မဟာ့မဟာ စူပါစီမံချက်

(မိုးမခ) ဩဂုတ် ၂၈ ၊ ၂၀၂၄


ဂျိုကုတ်ဒူးကြီး ကျောပြောင်တုန်းကတော့ စာအုပ်ပုံကြီး ဘေးချပြီး စောက်စကားတွေ လေး ငါးနာရီ အကြာကြီးပြောလို့ ရူးပြီ သတ်မှတ်ပြီး သူ့အောက်က ရွှေကြီးက ဆေးထိုးသတ်လိုက်တာပဲ။ 

ခုလဲ အစည်းဝေးတွေမှာတောင် ၂ နာရီကြာ ပြောပြီးသားတွေကို CD ထစ်တဲ့အသံနဲ့ ထပ်ချည်းတလဲလဲ တောင်စဉ်ရေမရ လျှောက်ပြောနေတဲ့သရေကြိုးကို စိုးဝင်းလဲ ထိုးမသွင်းဘူးလို့ ပြောမရ။ သူ့ကို ခွေးဝဲစားမောင်းထုတ်သလို မောင်းချထားတာဆိုတော့ ချေးစားမကြုံ သေးသောက်ကြုံစောင့်နေသတဲ့။ 

သရေကြိုး လာတာနဲ့ နန်းမြို့ရိုးကလဲ ဂန်းတို့ ချိုးလိုက်လို့ အထာပေးပြီ။ ဒီကောင် ခြောက်လ ခြောက်လနဲ့ ဂျာအေး သူ့မေရိုက် တိုင်ပတ်နေတာ ကြာပ‌လေ။ မှောင်မိုက်မှာ ငိုရဖို့က သေချာသလောက်။ မျောက်ငပိကိုင်မိတဲ့ရုပ်နဲ့ဆိုတော့ ပလ္လင်ပေါ်ကမျောက်ခွေး ဆင်းပြေးရုံကျန်တော့တာကလား။ 

လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာဟာ ပညာတတ်များ နည်းပါးလို့လို့‌ မအလက မန်းပညာရေးကောလိပ်မှာ ထုတ်ပြောသတဲ့။ တပ်စောက်ခွက်ကို ခွေးချေးပုံနင်းထားတဲ့ဖိနပ်နဲ့ တည့်တည့်ကို ဆောင့်နင်းတာနော်။ မိုက်ရိုင်းချက်တော့လား၊ တကယ့် သားရေနားအိပ် သားရေနားစား။ တပ်ကကောင်တွေ တကောင်မှ ပညာမတတ်ဘူးလို့ ထုတ်ပြောရဲတဲ့ တပ်ခေါင်းဆောင် ဆိုလို့ သူတယောက်ပဲ ရှိသေးတယ် ပြောရမယ်။ ဒါ့ကြောင့် တပ်မှာ လွှဲဖို့ အရည်အချင်းပြည့်မီသူ မရှိဘူးလို့ နိုင်ငံခြားသတင်းစာတခုနဲ့ အင်တာဗျူးမှာ မညှာမတာ ပြောခဲ့တာဘဲ။ အဲဒါကြောင့်လဲ နိုင်ငံကိုလက်နက်နဲ့ ဆက်ဒုက္ခပေးလို့မရအောင် တပ်မတော် အမြစ်ပြတ်အောင် ဗျူဟာကျကျ အပီအပြင်စီမံ ကြံစည်ထားတာကိုး။ သူသာ အနစ်နာခံပြီး နောက်ဆုံးတပ်ချုပ် လုပ်တော့တာပါကလား။ ဒါကျ အရူးက ၂၅% သာတယ် ဆိုရမလားဘဲ။ 

မအလရဲ့ နောက်ဆုံးတပ် နောက်ဆုံးကာချုပ်စီမံကိန်းကတော့ စွန်းစမတ်ကျတာနော်။ တပ်က ထွက်ချင်တဲ့ သူတွေအတွက်လဲ ဆန္ဒပြည့်။ ပြည်သူလဲ စိတ်ချမ်းသာ။ နောက်ဆုံးဖွဲ့လိုက်တဲ့ "ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး" ဆိုတာ ဒါကိုး၊ ခုမှဘဲ သဘောပေါက်တော့တယ်။ တပ် မရှိရင် ပြည်သူအားလုံး လုံခြုံပြီ။ အဲဒါကြောင့် အကြမ်းဖက်တပ်ကို ဗျူဟာကျကျ နှိမ်နင်းလိုက်တာ။ ဒါကို စိုးဝင်းနဲ့ သူ့လူတွေကလဲ မသိ မဟုတ် သိတယ်။ မလှုပ်နိုင်လို့သာကိုး။ တလောကဘဲ စိုးဝင်းက ကိုးကွင်းကို လွှဲဖို့ဆိုပြီး မြေပြင်ဆင်းပြီး ဆန္ဒပြပွဲတွေ ကုလားဖန်ထိုး ဖန်တည်းခဲ့သေးတယ်လေ။ ဝေဟင်မှာလဲ ကျော်မျိုးမင်းက လှော်တယ်။ ဟားတာပေါ့လေ။ သောက်သုံးမကျ မျောက်ကုန်းမ လစ်ဘာညာနဲ့ ကစ်တာပေါ့။ ငါးကြီးကလဲ အကတွေနဲ့ ပလေးတာ ကျွေးတာများ။ စစ်ထွက် NLD အမတ်ဟောင်း ကျော်ဇေယျကတောင် ချိုမိုင်မိုင် အကလေးနဲ့ မင်းသား မလုပ်ချင်နဲ့ဆိုကာ ခနဲ့တဲ့တဲ့ ရွဲ့သွားသေး။ အဲဒါကြောင့် မအလကို ကြောင်ချီးလို့ တပ်ထဲက ပြောကြတာကိုး။ 

သူ ကာချုပ်ဖြစ်ကတည်းက ကြံ့ခြံထဲမောင်းသွင်း ဗိုလ်ချုပ်တွေ အရင်ရှင်းထုတ်တာဘဲ။ ပြီးရင် အရန်အင်အားပို့တဲ့ဟာပို့။ ဖြုတ်တဲ့ဟာ ဖြုတ်။ ထောင်စာကျွေးတန်ကျွေးနဲ့  ခုဆို ခွေးချုပ်တွေ ကုန်သလောက်ရှိပြီလေ။ တိုင်းမှူးတွေကတော့ တတိုင်းကို တလ သုံးယောက်လောက် လဲပြီး ရှင်းတာရှင်းတာဆို ဘယ်နှယောက်တောင် ရှိမှန်းမသိတော့။ နေရာရွှေ့တာ မဟုတ်ဘူးနော်၊ ထောင်ထဲကိုသွင်းတာ။ တပ်မမှူးတွေလဲ မနည်းတော့ဘူး။ အဲဒီထက်နိမ့်တာတွေကတော့ ငါးရှဉ့်စာနဲ့ မြေဩဇာ။ အရာရှိက ဟုတ္တိပတ္တိ မရှိတော့ဘူးလေ။ 

အပြီးဖျက်ပစ်လိုက်တဲ့ တပ်ရင်းတောင် စာရင်းမချနိုင်တော့၊ စခန်းကုန်းကတော့ ပြောမနေနဲ့တော့။ ဗျူဟာကုန်းဆို အရုပ်ရေးကြည့်ရတော့မတတ်။ စစ်ဌာနချုပ်တောင် ပြောင်ပါပြီဆိုမှတော့ ငါ့တပ်မလေးလဲ လုပ်မနေနဲ့တော့။ သုံးနှစ်အတွင်း ပြောင်သလင်းဖြစ်အောင် ဖျက်တာများဆို၊ အေးလေ ဟိုဘက်ကတော့ ဘဘကြီးကောင်းမှု ဆိုဘဲ။ ၂၀၂၅ အရောက် တပ်မတော်ကြီး ပျောက်စေရမတဲ့။ အထက် ဆရာ့ ဆရာကြီးများရဲ့ ညွှန်ကြားချက်ဆိုဘဲ။ သူက ဘုရားဒကာလေ။ အသက်ထောင်ကျော်ဆရာကြီးတွေက သာသနာပြုမင်းဖြစ်ဖို့ဆို တပ်ဖျက်ဖို့လိုဆိုပြီး ဝစီပိတ်ကတဆင့် ညွှန်ကြားချက် ထွက်ဆိုလားဘဲ။ ကိုယ်တွေအနေနဲ့ အဲဒီ အထက်လမ်းတွေကိုတော့ တက်လှမ်းလို့မမီဘူး မဟုတ်လား။ ဝစီပိတ်နေတာဘဲ ကောင်းတယ်လေ။ မဟုတ်ရင် ဓမ္မန္တရာယ် မဂ္ဂန္တရာယ်ထိုက်နေအုံးမယ်။ 

မအလက တပ်ကို အပြီးဖျက်တော့မယ် ဆိုတော့ ခု ကြိုပြီး ဆီဖြတ်ထားတယ်။ လျှပ်စစ်ကားသွင်းမှာက သူ့သားနဲ့သမီးပဲလေ။ စစ်တပ်မရှိလဲ ပူစရာမလိုတော့ဘူးပေါ့။ အရူးပါးဗျ။ အသက်အာမခံကြေးတွေလဲ ပေးစရာ မလိုတော့ဘူး မဟုတ်လား။

ပြောပါသကော၊ အရူးက ၂၅ ရာခိုင်နှုန်းသာ ပါတယ်လို့။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar