Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စောက်ရူးခြောက်ခါ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စောက်ရူးခြောက်ခါ

(မိုးမခ) ဩဂုတ် ၂ ၊ ၂၀၂၄


နှစ်ပင်တည်းနဲ့ ရှုပ်တာကတော့ မင်းကြောင်လှိုင်။

သမ္မတ တာဝန်ကို ကာရှုပ် မအလက ပေး။ ကာရှုပ် မအလကို သမ္မတ မအလက တာဝန်ပြန်ပေးနဲ့ သမ္မတဖြစ်သွားတဲ့အထိကို လူရုပ်မပေါက် လူပုံမထွက်။ လူလိုသူလို ရှင်းရှင်းလင်းလင်း လုပ်စမ်းပါကွာ။ ခွေးတောင် သူ့ဟာသူ ပြန်မလုပ်ဘူး၊ မင်းကျမှ မင်းဟာနဲ့ မင်းဟာကို မင်းဟာက မင်းဟာထဲ မင်းပဲကောင်းတယ်၊ မင်းသာ အကောင်းနိုင်ဆုံးဖြစ်နေတာ။

မအလ ကာလုံမှာ ဘာဖောတာထက် မအလကို ကာလုံအစည်းအဝေးတက်တဲ့ကောင်တွေက ဟဟလုပ်နေတာလေးပဲ ကြည့်ချင်တာ။ မျက်နှာမှာမပေါ်ဘဲ ဗိုက်ထဲပဲ ရယ်တဲ့နည်း၊ ဟာသမူယာမဲ့ ဟဟလုပ်နည်းကတော့ သူတို့ပဲ တတ်တာလေ။ စောက်ပေါကို မရူးမချင်း ဝိုင်းကြပ်တဲ့အဖွဲ့ကို ကာလုံဟုခေါ်သည်ပေါ့။ 

သူ့ဘာသူ သေနေတဲ့ကောင်ကို ဘယ်ကောင်က တံကျင်နဲ့ လျှိုတယ် မသိ၊ ယာယီသမ္မတနောက်ကနေ ကွင်းစကွင်းပိတ်နဲ့ တာဝန်ဆိုပြီး ထည့်လိုက်သေး။ အမည်တို့ ရာထူးတို့နောက်က ကွင်းစကွင်းပိတ်ဆိုတာ သေခါ ပျက်ခါ သုံးစားမရ ပြုန်းသွားမှ သုံးရတာလေ။ ယာယီ ဆိုတာကိုက ရှေ့ကထားသုံးရင် အသုဘအဓိပ္ပာယ်ဆိုတော့ အသုဘသမ္မတ ဖြစ်နေတဲ့ကြား မသာ ဖြစ်တာ ပိုသေချာအောင် ရာထူးနောက်က တာဝန်ကို ကွင်းစကွင်းပိတ် ထည့်ပေးလိုက်တော့ တာဝန်ဂန့်သမ္မတဖြစ်သွားတာပေါ့။ ယာယီသမ္မတ(တာဝန်)ဆိုတာ အသုဘသမ္မတရဲ့ မသာတာဝန် ဖြစ်သွားရော။ သူ့လူတွေကိုက မသေမှာ အသုဘ မဖြစ်မှာ မသာ မဖြစ်မှာ မဂန့်မှာ သိပ်စိုးရိမ်နေပုံရတယ်။ အင်း စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲလေ။ သူ မသေသေးရင် ကိုယ် သေရမှာကိုး။

မြန်မာစကားရဲ့အထာမှာ သရေကြိုးနဲ့ မအလက အတူတူ တခုတည်း။ အဲဒီသရေကြိုးကို အဲဒီ မအလက ဘေဖြည့်ပေးလိုက်တဲ့ ခြောက်လနဲ့ လုပ်မယ် ပြောတာတွေက အလောင်းနဲ့ အခေါင်း မကိုက်ဘူး ဖြစ်နေတယ်၊ သူ့အရပ်နဲ့ မမျှတာတွေချည်းဘဲ။

သူ့ရဲ့အန္တိမရည်မှန်းချက်ကြီးဖြစ်တဲ့ ရွေးကောက်ပွဲတခုကိုပဲ ကြည့်။ အုက်ကြီးလည်း ကုန် စာရေးကုန်၊ ကော်မရှင်ပျောက် မဲရုံပျောက်၊ ရွေးကောက်ခံမရှိ ရွေးကောက်သူမရှိနဲ့ သောက်ကျိုးနည်းရွေးကောက်ပွဲ မဟုတ်လား။ လာလာချည်သေး၊ ရွေးကောက်ပွဲ မဲစာရင်း မှန်ကန်ဖို့အတွက်တွဲ့ အိမ်နဲ့ လူဦးရေစာရင်း ကောက်အုံးမတဲ့၊ ဒေါက်ခုတာတောင် လူစဉ်မမီတဲ့ စောက်ပုကတော့လေ အပြောက တိမ်၊ အကြောက လိမ် ဆိုတဲ့ မသာ။ အဲဒါတွေ လုပ်မယ် ပြောရင်း ပြောရင်း ဖောရင်း ရွှီးရင်း စစ်ဗိုလ်စစ်သားတွေနဲ့ စစ်တပ်တွေဘဲ အန္တိမဖြစ်ဖြစ်သွားတာ။ ဟော ခု ရှမ်းမြောက်စစ်တိုင်းတောင် အန္တိမအဂ္ဂိစျာပနပွဲကျင်းပနေပြီ၊ တဒိုင်းဒိုင်းနဲ့ မီးသိုင်းကနေကြတာ။ 

လက်နက်တိုက်ပါ လောင်သွားတော့ နှမြောတာလို့။ 

အဲဒါတွေက ကိုယ့်လူတွေ ရမယ့်ဟာမို့။ 

နောက်တတိုင်းစာ သိမ်းလောက်တာမို့။ ရို့ ရို့။

သရေကြိုးကောင် မအလရဲ့ စောက်ကြီးစောက်ကျယ် ဖောလုံးတွေကတော့ CDM တွေ ဟဟလုပ်တဲ့ဟာကြီးဘဲ။ မတောက်တခေါက် NON လေးတွေနဲ့တင် ဘာမှ ဘာလို့မရတာတွေပေါ့။ တပ်နဲ့ ကြံ့ အသိုင်းအဝိုင်းကဟာတွေ အစားထိုးတော့လဲ သူခိုးနဲ့ သူဝှက် သူထက်ငါစားတွေ၊ တတ်သလားဆိုတော့လဲ နင်တို့လိုပဲလေ၊ မခိုးရဲတာမရှိ လုပ်မစားတတ်တာ တခုပဲဆိုတော့ ခြောက်လတိုးတိုင်း ပေါက်ကရသူခိုးရဲ့ နောက်က ရိုးတာခံနေရလို့ ရှုံ့ခွက်၊ ကြာလေနာလေနဲ့ ရုပ်ထွက်က ပုပ်အက်။

စကားမစပ် ဦးဝင်းထိန်ကြီးက စောက်ရူးခြောက်ခါလို့ ပြောခဲ့တော့ စောက်ရူး ခြောက်လတိုးတာ ဒီတခါ နောက်ဆုံးပဲနော်။ တပေါင်းလ နောက်ဆုံးပဲ။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar