ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၄
စက္ကူကို
စက်နဲ့လှည့်ထုတ်ခွင့်ရတဲ့အပုံပေါ်
ပြောချင်တာပြောနေတဲ့
လူတယောက်
မီးလာတဲ့အချိန်ထွက်ထွက်လာတယ်
အိမ်ကမီးလောင်နေပြီ
ရွာကပြာကျနေပြီ
ခြေထာက်တချို့နဲ့အသက်တချို့
မနေ့ကတိုက်ပွဲထဲ
ပြတ်ကျန်ခဲ့ပြီ
အဆင့်မြှင့်တင်ပေးဖို့
အစာအာဟာရပြည့်ဝဖို့
ဘာရှိလဲ
မိသားစုကွဲကွာခြင်း
ပျောက်ဆုံးခြင်း
စွန့်ခွာတိမ်းရှောင်ခြင်း
အငတ်ဘေးမှရုန်းကန်ခြင်း
သည်လိုနေ့တွေသာဒုန်းစိုင်း
ဒါ
ညာမရတဲ့သမိုင်းပဲလေ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar