ကိုနီတွတ် - သေသူတို့သည်လည်းနားစွန့်နေကြသည်
သေသူတို့သည်လည်းနားစွန့်နေကြသည်
ကိုနီတွတ်
( မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၄
ကမ္ဘာပေါ်တွင်စစ်ပွဲပေါင်းမြောက်မြားစွာ ဖြစ်ခဲ့ဖူးပါသည်။ ကမ္ဘာထဲတွင်ပါဝင်သောမြန်မာပြည်တွင်လည်း စစ်ပွဲပေါင်းများစွာဖြစ်ခဲ့ကြသည်။ ထိုစစ်ပွဲများအနက် သတိအရဆုံးနှင့်အထင်ရှားဆုံးမှာ မြန်မာ့လွတ်လပ်ရေးစစ်ပွဲမဟုတ်ပါလား။ ၁၈၈၅ ခုနှစ််တွင်နယ်ချဲ့အဂ်လိပ်လက်အောက်လုံးလုံးကျရောက်ခဲ့ရာမှ အဖဗိုလ်ချုပ်အောင်ဆန်းဦးစီးခေါင်းဆောင်ကာမြန်မာပြည်သူတစ်ရပ်လုံးအဂ်လိပ်ကျွန်အဖြစ်မှလွတ်မြောက်အောင်တိုက်ပွဲဆင်နွဲခဲ့ကြသည်။မြန်မာတစ်မျိုးသားလုံးကိုအဂ်လိပ်ကျွန်အဖြစ်မှကယ်တင်ခဲ့သောထိုစစ်တပ် သို့မဟုတ် မြန်မာ့တပ်မတေယ်ကြီးကပဲ ၁၉၆၂ ခုနှစ်တွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်းကောင်း၊ ယခုနောက်ဆုံး ၂၀၂၁ ခုနှစ်တွင်လည်းကောင်းပြည်သူအပေါင်းကို အာဏာရှင်တစ်ဆက်ပြီးတစ်ဆက်ကျွန်ပြုခဲ့ကြပြန်သည်။ သို့ဖြစ်ရာယခုအချိန်တွင် ဒုတိယအကြိမ်မြောက်လွတ်လပ်ရေးစစ်ပွဲဆင်နွဲနေခဲ့သည်မှာ ၄ နှစ်ထဲရောက်ရှိ၍လာခဲ့လေပြီ။ မြန်မာပြည်သူတို့က ၄င်းကို မြန်မာ့နွေဦးတော်လှန်ရေးဟု သမိုင်းကမ္ဗည်းရေးထိုး မော်ကွန်းတင်ခဲ့သည်။
စစ်ပဲဲဖစ်တိုင်းလူတွေသေကြရသည်။ အချို့ဿျည်ထိ၊အချို့ကလက်နက်ကြီးစမှန်၊ အချို့ကမိုင်းမိ၊ အချို့ကမိုင်းထိ၊အချို့ကအသံကြားရ၍ နှလုံးရပ်သေ၊ အချို့ကအနှိပ်စက်ခံရ၍သေ စသဖြင့် စစ်ပွဲများကြောင့်သေဆုံးခဲ့ကြရသည်မှာ အမှန်ဒိဌ။ ယခုကနဦးနွေဦးတော်လှန်ရေးတွင်လည်းငြိမ်းချမ်းစွာဆန္ဒပြပွဲကတည်းက သေခဲ့ကြသည်။ နေပြည်တော်တွင်မမြသွဲ့သွဲ့ခိုင်က နွေဦးတော်လှန်ရေး၏ပထမဦးဆုံးကျရှုံးခဲ့သူဖြစ်သည်။ နောက်ဖြစ်စဥ်များတွင်အစဥ်လိုက်မပြောနိုင်သောအလည်း NLD ပါတီဝင်များ၊ ရန်ကုန်စုသိပ္ပံတာဝနအခံ၊ ဆန္ဒပြပွဲများတွင်လူနာလိုက်ကောက်ပေးသော ပရဟိတ ဟသ်ာတသားလေး၊ မန္တလေးမှအိမ်ပိုင်မရှိသေးသောမိဘကိုလုပ် ကျွေးနေသည့် ၁၇ နှစ်သားလေး၊ တရုတ်မလေးကြယ်စင်နှင့်တစ်ဦးတည်းသောသားတရုတ်ဆရာဝန်လေး၊ ရန်ကုန်ပညာရေးဝန်ထမ်းဆရာမဒေါ်တင်နွဲ့ရီ၊ အမွှာလေးညီညီထက်နိုင်၊ ပဲခူးမြို့ကမုဆိုးမသားအမိ၊ ရန်ကုန်လှိုင်သာယာပစ်ခွင်းသေဆုံးသူများ၊ ပဲခူးအရေးအခင်းသေဆုံးသူများစသဖြင့် မှတ်တမ်းတင်မဆုံးနိုင်သောရင်းနှီးပေးဆပ်မှုများတည်း။ သူတို့သည် အလွန်ဆိုးဝါးယုတ်မာ ရိုင်း စိုင်း ရက်စက်သောအကြမ်းဖက်အာဏာရှင်မအလနှင့်စ စ်ဗိုလ်ချုပ်တစ်စုကိုဆန့်ကျင်ရင်း လမမးခု လတ်တွင်ကျဆုံးခဲ့ရခင်းဖြစ်သည်။ မည်မျှအထိ ပြင်းထန်သည်ဆိုသော် မအလစစ်ခွေးလက်ထဲတော့အရောက်မခံနိုင်၊ အသေသာခံမည်ဆိုသော ရန်ကုန်မှ ၅ ဦးကလည်း တိုက်ပေါ်မှအပြိုင်ခုနအချအသေခံခဲ့ကြသည်ကိုလည်းရင်နင့်စွာရှိသည်။
ထို့အပြင်အာဏာရူးတို့သည် သူတို့အာဏာတည်မြဲရေးအတွက်လူသတ်ခြင်းကိုလည်း ထမင်းစားရေသောက် ကျူးလွန်လေ့ရှိသည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် ၄ ဦး၊ အခြားလူသိထင်ရှား မရှိ ခဲ့သောသူများသည် ထောင်ထဲတွင်မတရားကြိုးပေးခံခဲ့ရပြန်သည်။ စစ်ကြောရေး၊ ရဲစခန်း၊ စစ်ခွေးအထိုင်ချရာနေရာများတွင်ကျဆုံးခဲ့သော ပြည်သူများစွာရှိခဲ့သည်။ မအလအကြမ်းဖက်တပ်၏မဲမဲမြင်ရာပစ်သတ်နေမှုများကြောင့် လမ်းမများပေါ်တွင် ဆန္ဒပြပွဲများ အပြကျဲသွားကြသည်။ ကြိုကြားကြိုကြားထွက်ပေါ်လာသော အမျိုးမျိုးသောဆန္ဒပြပွဲများကိုလည်း ဒလန်၊ မဘသ၊ အုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ လူမိုက်သတင်းပေးများကြောင့် ကျရှုံးခဲ့ရသည်မှာလည်းမနည်းမနော။
အလုပ်တစ်ခုကိုကောင်း၏ မကောင်း၏မစဥ်းစား၊လုပ်သင့် မလုပ်သင့်မတွေးတော၊ကိုယ်ပိုင်အသိသညာရှိသော်လည်းမသုံးတတ်သောလေတပ်၏ပေါင်၅၀၀ဗုံးကျဲချမှု၊ဟတ်စကီးပေါ်မှစက် သေနတ်ဖြင့်ပစ်ခတ်မှုတို့ကြောင့်စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ရှမ်း ပြည်နယ်မြောက်ပိုင်းတို့တွင်ပြည်သူများ၊ PDFများ၊EROs များသေဆုံးခဲ့ရပြန်သည်။ ကရင်နီ၊ ကချင် ပြည် နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင်လည်းအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြန်သည်။ သတင်းဌာနများတွင်မပါသေးသော ကျောက်မဲမြို့သိမ်းတိုက်ပွဲ ရပ်ကွက် ၈ ၊ နယ်မြေ ၄ အင်ကြင်းတောင်ရပ်တွင် ၅၀၁/ ၅၀၂ တို့ကိုစစ်ကူလာသောခိုလမ်တပ်နှင့် တပ်မ၁၁/ ၅၅ တို့ကအိမ်စောင့်ကျန်နေခဲ့ကြသော ပြည်သူများကို ဘာအကြောင်းပြချက်မှ မမေးပဲ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၂၇ ဦးရှိသည်ဟု ပရဟိတအသင်းများကဆိုခဲ့သည်။မြို့သိမ်းကာလအတွင်းထို ၂၇ အပါ ဒရော့ဗုံး၊လက်နက်ကြီးပစ်ခတ်မှု၊ ဟတ်စကီးပေါ်မှပစ်ခတ်မှုတို့ကြောင့် သေဆုံးပြည်သူ ၁၈၀ ခန့်ဟု ခန့်မှန်းသေဆုံးစာရင်းကိုလည်း သိရပြန်သေးသည်။
မအလတပ်၏လက်သပ်မွေးအလိုတော်ရိကျွန်များဖြစ်သည့် ပျူများ၊မျိုးချစ်သွေးသောက်အဖွဲ့များ၊ပြည်သူ့စစ်ဆိုသူများ၏ လူမဆန်သောရမ်းကားမှုများကြောင့်လည်း သေဆုံးကြရပြန်သေးသည်။အုပ်ချုပ်ရေးမှူးများ၏အနိုင်ကျင့်မှုများကြောင့်လည်း သေဆုံးစာရင်းကိုလည်းချန်ထား၍မရစကောင်း။ သူတို့မိုးကောင်းစဥ်က ရဲခွေး၊စစ်ခွေးများနှင့်ပေါင်းကာ ရိုက်နှက်သတ်ဖြတ်မှုများကလည်းနေရာအနှံ။ဗုဒ္ဓဘါသာဘုန်းတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ ခရစ်ယာန်သင်းအုပ်ဆရာများကိုလည်း ထောက် ထားညှာတာမှုကင်းမဲ့စွာ ထင်ရာစိုင်းသတ်ဖြတ်ခဲ့ပြန်သည်။ ထောင်အသီးသီးတွင် လူမသိသူမသိ စာရင်းဖျောက်မှုများသည်လည်း ပုတ်လျှင်ပေါ်ဟုတ်လျှင်ကျော်ခဲ့သည်မှာမကြာခဏကြားနေရသည်။
ထူးဆန်း ရူးနှမ်း၊ အာဏာရူး၊ သမ္မတရူးမင်းအောင်လှိုင်၏အတွေးကလည်း ပြောမယုံ ကြုံဘူးမှသိ၊ မလုပ်လောက်ဖူးဟုထင်လျှင် ထင်သူသာမှားမည်။ မအလကား အပြောနှင့်လက်တွေ့ တူညီအောင်လုပ်သည့် တကယ့်လူသတ်သမားခေါင်ချုပ်။ သူတို့အုပ်ချုပ်ခွင့်မရလျှင် တစ်နိုင်ငံလုံးပြာချပစ်မည်ဟူသတတ်။ သို့ဖြစ်၍ လက်နက်အင်အားမပြည့်စုံသောအညာဒေသတစ်ခွင် ဘီလူးစစ်ကြောင်းအမည်ဖြင့် စစ်ကြောင်းထိုးရာ ၊ တွေ့သမျှသူပစ်သတ် ခေါင်းဖြတ် စည်းရိုးများ၊တံခါးများတွင်ချိတ်၊ပြည်သူပိုင်အိမ်ထဲဝင် ပစ္စည်းခိုးယူပြီး အိမ်နှင့် တစ်ခါတည်းပြာချခဲ့မှုများကလည်း ရက်စက်လွန်းလှသည်။ အညာပြည်သူများ၊ PDF များ၊CDM ဝန်ထမ်းများ၊ကိုယ်ဝန်ဆောင်များ၊ကလေးငယ်များကျောင်းသားကျောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို ကြက်ကလေးငှက်ကလေးပမာ အလွယ်တကူသတ်ဖြတ်ခဲ့ကြသည်မှာ အလွန်ကျောချမ်းစရာကောင်းလှသည်။ ရှေ့နောက်ဘာမှမကြည့်၊ ဝဋ်မှအမြဲ ငရဲမှာအပ ပညာရှိစကားကိုလည်း ဂရုမစိုက်။ မအလနှင့်နောက်လိုက်ကျွန်များ၏ မိုက်မဲမှုကမ်းကုန်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီအဓိပတိ ဟစ်တလာနှင့်အပေါင်းအပါတို့၏ ဂျူး ၆ သန်းအပေါ်သတ် ဖြတ်မှုများကြောင့် အရိုးတွန်ခဲ့သည်ကို မနုသီဟ ဖင်လေးခွမအလနှင့်လူမိုက်များ အသိခေါက်ခက် အဝင်နက်နေကြသည်။ နွေဦးတော်လှန်ရေးကာလအတွင်း သူတို့၏လက်လွတ်စပယ်သတ် ဖြတ်မှုများက နောင်တွင်အမှုပတ်လာနိုင်သည်ကို သိသိကြီးနှင့် လက်နက်အားကိုးမိုက်ခဲ့ကြသည်။ သို့သော် စိတ်ကူးတိုင်းသည် ဆန္ဒနှင့်တစ်ထပ်တည်း ကျချင်မှကျသာ်မဟုတ်လော။ နွေဦးတော်လှန်ရေးစတင်စဥ်က ပြည်သူများ ရရာလက်နက်ဖြင့်ပြန်တော်လှန်ခဲ့သည်ကိုကြည့်၍ စစ်ရေးပါရဂူများ၊ ပညာရှင်များ၊ ဂျာ နယ်လစ်များ၊ နိုင်ရေးသုံးသပ်သူများက တစ်ညီတစ်ညွတ်တည်းခန့်မှန်းခဲ့သည်မှာ လုံးဝမနိုင်နိုင်ပါတဲ့။ အမှန်တကယ်လည်း ဟန်ထည် မာန်စွယ်ကြီးလှသော မြန်မာ့တပ်မတေယ်ကြီးသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃၅ ဆိုလား၊ ၃၈ ဆိုလား။ သို့သော် ထိုတပ်ကြီးသည်ဒေသအသီးသီးရှိ ပကဖများ၊ EROsများ၊ NUG လက်အောက်ခံ PDF များ၏စွမ်းပကားအောက်တွင် လက်မြှောက်သူမြှောက်၊ ဒူးထောက်သူထောက်၊ ရောက် တတ်ရာရာထွက်ပြေးသူပြေး၊ CDM ဝင်သူဝင်၊ ဖရဲသီးလုပ်သူလုပ်နှင့် ပရုပ်လုံးတပ်ကြီးဖြစ်သွားသည်။ ထိုတပ်မှထွက်နိုင်သူများမှာ အသေထွက်များသာတည်း။
ယခုသော် ရှမ်းမြောက်ကား MNDAA/ TNLA တို့အောက်လုံးလုံးကျရောက်သွားပြီ။ ကရင်နီနယ်တွင်လွိုက်ကော်မြို့တော်သာ အနည်းအကျဥ်းကျန်တော့သည်။ ချင်းပြည်နယ်တွင် တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရသည်။ ရခိုင်ပြည်နယ်ကား ရခိုင်တပ်တော်အောက် ပြားပြားမှောက်သွားသည်။ မြစ်ကြီးနားမြို့တော်ကို KIA များ အချိန်မရွေးသိမ်းပိုက်၍ ရနေလေပြီ။ ကရင်ပြည်နယ်တွင် ဖထီးတို့တစ်တွေ စည်းလုံးဖိူ့သာလိုတေယ့သည်။ အချိန်နေရာမရွေး အနိုင်တိုက်နိုင်ကြလေပြီ။ တနသ်ာရီတိုင်းအောက်ပိုင်းတွင် မအလတပ်များ နေ့အတိုက်ခံရမလား၊ ညအတိုက်ခံရမလား၊ လမ်းပေါ်တွင်လား မခွဲခြားတတ်တော့။ ရှမ်းတောင်တွင် ပအို့တပ်များ၊ ဓနုတပ်များ တစ်နေ့ပြီးတစ်နေ့ အင်အားကြီးထွားလာနေကြသည်။ အညာဒေသတစ်ခွင်တွင် မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများကလည်း နေ့စဥ်နှငအ့အမျှ။ ရှမ်း-မန်းစစ်ဆင်ရေးအရှိန် အဟုန်ကြောင့် လပခဌာနချုပ်၊ နမခဌာနချုပ်၊ မိတ္ထီလာရှမ်းတဲလေဆိပ်၊ တံတားဦးလေဆိပ်၊ မကွေးလေ ဆိပ်တို့ မျက်ခုံးလှုပ်နေကြသည်။ ဆန္ဒပြစဥ်က မအလနှငအ့အပေါင်းအပါများ ပြည်သူများအပေါ်လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခဲ့သမျှ ၊သူတို့ဂရုမစိုက်ပါဘူးဆိုသောဝဋ်ကား တဖြည်းဖြည်းနီးကပ်လာချေပြီ။ အခိုင်အမာဖွဲ့စည်းတည်ဆောက်ထားသော၊နှစ်ပေါင်း ၇၀ ကေျာ်တည်ထားသောတပ်မတော်ကြီးကို တော်လှန်ရသည်မှာ မလွယ်မှန်းသိခဲ့ပါသည်။ ပေးဆပ်ရင်းနှီးမှုပေါင်းများစွာဖြင့် တွန်လှနအခဲ့သည်မှာလည်း ပြည်သူတို့၏ခိုင်မာသောစိတ်ဓာတ်၊မကြောက်မရွံ နောက်မတွန့်သော ဇွဲ၊ လုံလ၊ ဝီရိယများ၏ရလာဒ်အဖြစ် ပန်းတိုင်နှင့်နီးလာနေပြီမဟုတ်လား။
မကြာသေးခင်က MNDAA/ TNLA/ အညာ PDF အဖွဲ့များ၏အောင်ပွဲများကို ပြည်သူများက သပြေကမ်း ၍ အပျော်ကြမ်းခဲ့ကြသလို၊ ပြည်သူများမျှော်လင့်တောင့်တနေသော စစ်အာဏာရှင်အမြစ်ဖြတ်အောင်ပွဲကိုလည်း ကျန် ရစ်ခဲ့သောပြည်သူများက ကြိုဆိုကြမည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို့အတူ တော်လှန်ရေးမအောင်မီ လမ်းခုလတ်တွင်ကျဆုံးခဲ့ရသောတော်လှန်ပြည်သူများသည်လည်း ကံအကြောင်းမလှ၍ အဆုံးအထိမရောက်နိုင်သော်လည်း သူတို့ပါဝင်ခဲ့သောအာဏာရှင်အမြစ်ဖြတ်အောင်ပွဲကို တမလွန်မှနားစွန့်နေမည်မှာ သေချာပါ၏။ သူတို့သည် နွေဦးတော်လှန်ရေးတွင် တနည်းမဟုတ်တနည်းဖြင့်လည်းကောင်း၊ မိမိတို့တတ်နိုင်သည့်ဖက်မှလည်းကောင်း၊ ကျရာအခန်းကဏ္ဍမှလည်း ကောင်း ပါဝင်ခဲ့ကြသူများမဟုတ်လော။ ထို့ကြောင့် ဒုတိယအကြိမ်မြောက် အာဏာရှင်လက်အောက်မှ လွတ်မြောက်တော့မည့် လွတ်လပ်ရေးအောင်ပွဲကို နားစွန့်နေကြသည်ဟု ယုံကြည်မိပါသည်။
ကိုနီတွတ်
(၂၂-၈-၂၀၂၄)
-
#MoeMaKaMedia
#WhatsHappeningInMyanmar
