Breaking News

ကိုအောင်မှိုင်း - ကျနော် ( သို့မဟုတ် ) စိတ်ကြီးဝင်သူ

ကိုအောင်မှိုင်း - ကျနော် ( သို့မဟုတ် ) စိတ်ကြီးဝင်သူ

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၄


ကျနော်သည် ဘဝအနုပညာကို ယုံကြည်သည်။

ရိုးသားသော ကဗျာများကို နှစ်သက်သည်။

ထို့အတူ စိတ်ကြီးဝင်သူတဦးလည်း ဖြစ်သည်။

ကမ္ဘာ့တော်လှန်ရေးခေါင်းဆောင်များထဲမှ ကိုယ့်မွေးရပ်မြေမှာ ကဗျာစပ်ခဲ့သူတဦးကို ရှာဖွေကြည့်သည်။

ထိုသူကား မော်စီတုန်း ဆိုသူ ဖြစ်သည်။

သူသည် ချန်းရှ ဆိုသော ဟူနန်ပြည်နယ်က မြို့လေးမှာ မွေးခဲ့သည်။

ထို့အတူ.......

ချန်းရှ ဆိုသော ခေါင်းစဥ်နှင့် ကဗျာတပုဒ် စပ်ခဲ့သည်။

ကျနော် အားကျမိသည်။

ကျနော် အိမ်မှ ထွက်လာတာ နှစ် ၅၀ နီးခဲ့ပြီ။

အိမ်ရှိရာကို တခေါက်မှ ပြန်မရောက်သေး။

အိမ်သို့ ရောက်လျှင် ကဗျာတပုဒ် စပ်ဖြစ်အောင် စပ်မည်။

အိမ်ပြန်ဖို့ နီးလာပြီဟု ပြောကြသောအခါ ကျနော် ပျော်သည်။ မသေခင် အိမ်ပြန်ချင်သည်။

အိမ်ပြန်နိုင်အောင် တိုက်ပွဲဝင်နေကြသော ရဲဘော်အပေါင်းကို ကျေးဇူးတင်သည်။

ကျဆုံးခဲ့ကြသော သူရဲကောင်းအပေါင်းကို အလေးပြုသည်။

မော်စီတုန်းသည် သူ့မွေးရပ်မြေမှာ တော်လှန်ရေးအတွက် ကဗျာဖြင့် စိတ်အင်အားကို ဖြည့်ဆည်းခဲ့သည်။

ကျနော်သည် သူ့ကဗျာကို ခံစားရင်း စိတ်အင်အားကို ဖြည့်ဆည်းမည်။

ကျနော် စိတ်ကြီးဝင်မိသည်။

ကိုအောင်မှိုင်း

~~~~~~~~~~~~~

Changsha

The river is wide, the water flows north,

In the autumn, the leaves are falling.

On the shore, the mountains rise,

Tall and majestic, like a soldier standing guard.

I stand alone on Orange Island,

Overlooking the sunset glow.

With every breeze that blows,

I feel the weight of history upon my shoulders.

Here, the ancient and the modern collide,

A reminder of battles fought and dreams deferred.

The call of the people echoes in the distance,

A song of hope, a cry for freedom.


ချန်းရှ ( သို့မဟုတ် ) မွေးရပ်မြေ

မြစ်ပြင်ဟာ ကျယ်ပြောပြီး

မြောက်ဘက်ကို စီးဆင်းနေ

ဆောင်းဦးမို့ သစ်ရွက်တွေကြွေလို့။

ကမ်းစပ်က

မြင့်တက်လာတဲ့တောင်တန်းတွေဟာ

အရပ်ရှည်ရှည်ထည်ဝါခန့်ညားလှတဲ့

အစောင့်တပ်သားတယောက်လိုပါ့။

လိမ္မော်ကျွန်းမှာ

ငါတယောက်ထဲ

နေဝင်ဆည်းဆာရဲ့

တိမ်တောက်ချိန်ကို ငေးလို့။

တိုက်လာတဲ့ လေညင်းနဲ့အတူ

ငါ့ပုခုံးပေါ်က လေးပင်လှတဲ့

သမိုင်းတာဝန်ကြီးကို ခံစားမိ။

ဒီနေရာမှာ.......

ခေတ်ဟောင်းနဲ့ခေတ်ပြိုင်တွေရဲ့

တိုက်ပွဲတွေကို သတိရပြီး

အိပ်မက်တွေကို ခေတ္တနားလိုက်ရ။


အဝေးမှာ ပဲ့တင်ထပ်နေတဲ့

လူထုကြွေးကျော်သံတွေဟာ၊

လွတ်မြောက်မှုအတွက် ငိုကြွေးသံတွေ

မျှော်လင့်ချက် သီချင်းသံတွေပေါ့။

မော်စီတုန်း

Orange land ( လိမ္မော်ကျွန်းဟာ ဟူနန်ပြည်နယ် ချန်းရှမြို့မှာ ရှိပါသည် )

Changsha ချန်းရှမြို့တွင် မော်စီတုန်းကိုမွေးဖွါးပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar