ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှောက်သီးဆေးပြားသည်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရှောက်သီးဆေးပြားသည်
(မိုးမခ) စက်တင်ဘာ ၃၀ ၊ ၂၀၂၄
မိလှိုင်မ ပလီချက် အညှီတက်နံစော်လို့ ဆိုရမလို။ မမနုကြည်ကို အန်ကယ်ဆန်က အသပြာသန်းနှစ်ရာနဲ့ တင်တောင်းတယ်၊ အဲသာတွေကို မြနန္ဒာအေးအောင်၊ တင်နီလာအေးတို့နဲ့ သုံးကြ ဝုန်းကြတယ် ဆိုပြီး ရပ်ကွက်လှည့် စွတင်းတုပ်တယ်။ တကယ်သာ အဲလောက်ရခဲ့လို့ကတော့ ဒင်း ခုလို စွတင်းတုတ်ဖို့ထား၊ ကြိုးစင်မှာ ဘိုးတင်ပြီးလို့ အရိုးတောင် မြင်ရတော့မယ် မဟုတ်တော့။ ကိုတုတ်ကြီး ဖားချင်ဇောနဲ့ ပေါတောတောတွေပြောကာ ဖာဆန်နေချက်ကြီးက နိုင်းနိုင်း။
ဟော ခုလဲ မိလှိုင်မက ရွပြန်ပြီ။ ရွစိလှိုင်ရယ်လို့မှ မပြောရ။ ရွကောက်ပွဲ လုပ်မယ်တဲ့။ ရွရွလေးလျှောက် ရင်လေးမောက် တင်လေးမြှောက် ဖင်လေးကောက်ကောက် ပြရမယ့်ပွဲအတွက် ဖျင်ယမ်းအက ကျင့်ကြတဲ့။ ဖျင်ကော့ဖါတီ ထောင်ကြတဲ့။ ပြီးရင် သူ့ကိုကို တုတ်တစ်တော့မှာ ပစ်ကော့ကြတဲ့။ အဲလိုပလီထာ။ အကုန်ဝိုင်းဟဟပေးကြတာပေါ့။ ရှောက်သီး ဆေးပြားသည် လုပ်တဲ့ ရွကောက်ပွဲကို ဘယ်မယ်စကြာဝဠာက သောက်ဖက်လုပ်မလဲ။ ကော့ကန်ကားတို့၊ ပေါက်တာသေးကြောင်တို့၊ ကြံ့ဖွတ်တို့၊ ကျားဖြန့်တို့လောက်ဘဲ စိတ်ဝင်စားယောင်ဆောင်ပေးမပေါ့။ မိလှိုင်မကလဲ ရှောက်သီးဆေးပြား ရောင်းရင်း ရပ်ကွက်ထဲ ကလေးတရုန်းရုန်း ခွေးတရုန်းရုန်းနဲ့ အုံးအုံးထလို့ရရင် ပြီးပြီလေ။
ဒါလေးနဲ့ လုပ်စားရင်း သူငယ်ထောင်ရတာ မဟုတ်လား။
ပလီတဲ့နေရာမှာတော့ ကိုတုတ်ကြီးတူမ မကျားကလဲ မိလှိုင်မထက် မလျော့။
သံတမန်ဆက်ဆံရေးမှာ ရပ်ကွက်ကို အရေးကြီးတဲ့နေရာမှာ အမြဲထားပြီး ရပ်ကွက်သူရပ်ကွက်သားအားလုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်ထားတယ်လို့ မကျားက ဟိန်းတယ်။ တရပ်ကွက်လုံးက သူ ရောင်းတဲ့လက်နက်နဲ့ နေ့တိုင်း ဒုက္ခပေးခံနေရတာ သိရက်နဲ့ သက်သက်အခွက်ပြောင်တာ။
တရုတ်-မြန်မာ ရပ်ကွက်သားတွေ စိတ်နှလုံးချင်း ဆက်နွှယ်မှုကို အဆက်မပြတ် မြှင့်တင်ပြီးတဲ့။ သူအလွန် အင်မတန်ပလီတယ်လို့ဆိုရင် မပိုပါဘူးနော်။ ရပ်ကွက်မကြိုက်တဲ့ လက်မခံတဲ့ ရွကောက်ပွဲလဲ စပွန်စာပေးနေသယ်လေ။ ပယ်လိုလုပ် မြန်မာ တရုတ် စိတ်နှလုံးချင်း နီးမတုံး။ တော်လှန်ရေးကို သင်းသတ်ဖို့ ကုန်ဂိတ်တွေပိတ်။ ရပ်ကွက်နဲ့ တသားတည်းချနေတဲ့ မြနန္ဒာအေးအောင်တို့ တင်နီလာအေးတို့ကိုဖြဲ တော်လှန်တာကို ရပ်ခိုင်း၊ ဖိအားမျိုးစုံပေး မိလှိုင်မ ရှောက်သီးဆေးပြား ရောင်းရရေးဘဲ အားစိုက်ကူနေတဲ့သူက ရပ်ကွက်ဘက် မျက်နှာမူတယ်ဆိုတော့ မကျားရယ် နီက မတဝက် ကျားတဝက် နီ့နာမည်လိုဘဲနော်။
သူ မြှောက်ပေးတာနဲ့ ရှောက်သီးဆေးပြားသည် မိလှိုင်မကတောင် အကန်းတက်ပြီး လမ်းချည်းထွက်ထွက်နေတော့တာ။ ခုတလော ရပ်ကွက်ကင်းမှာ ကလေး တရုန်းရုန်း ခွေးတရုန်းရုန်း ချွေးတလုံးလုံးနဲ့ နေ့ခင်းကြောင်တောင် သူငယ်ထောင်နေလေရဲ့။ သူ အမ်းထားတဲ့ မလည်မဝယ် ကျယ်တယ်တယ် သူငယ်တွေနဲ့ ရပ်ကွက်လူငယ်တွေ ရန်ဖြစ် တုတ်ဆွဲ ဓားဆွဲကစ်ကြတော့ သူနဲ့ သူ့သူငယ်တွေက လက်နက်ကိုင်ထားရင်း လူငယ်တွေက လက်နက်မချ ရပ်ကွက်ငြိမ်းချမ်းရေး မလုပ်ကြဘူးဆိုပြီး ကိုတုတ်ကြီးကို ခြေဆင်းငိုပြနေသေးတာ။ သူ့ငိုပုံကိုတော့ ရှောက်သီးဆေးပြားသည် ဧယဉ်ကျူးတာသာ မြင်ယောင်ကြည့်ပေါ့။ ထစ်ခနဲရှိ သူ ငိုငိုပြတဲ့ ကိုတုတ်ကြီးနဲ့ မကျားက ဂိုဏ်းစတား။ ရပ်ကွက်အဆင့်မဟုတ် မြို့ဂိုဏ်းစတား။ မိလှိုင်မက သူ့ကိုယ်သူ အလည်လုပ်တယ်။ ရပ်ကွက်ပြ မြှူဆွယ်ပြီး သူငယ်အုပ်ကြီး လုပ်ချင်တာ။ ဟိုကလဲ သူ့လက်အောက်ခံတနယ်ရချင်တာနဲ့ ရှောက်သီးဆေးပြားသည်ကို ကာဗာလုပ်ပေးနေတာ။ ရန်ဖြစ်တာကလဲ မိလှိုင်မက သူငယ်တွေ လမ်းကျယ်တွေနဲ့ပေါင်းပြီး ရပ်ကွက်ပတ် ချေးသုတ်နေလို့ ရပ်ကွက်လူငယ်တွေနဲ့ ရန်ဖြစ်တာ။ သူ့မှာ အဲဒါတွေနဲ့ တရုန်းရုန်းသာ လုပ်နေတာ ကွန်ဒုံးက ပါတာ မဟုတ်ဘူး။ လမ်းပေါ်လဲ သူတို့ချည်းဘဲ၊ ဘုရားပေါ် နဲ့ ဘုန်းကြီးကျောင်းထဲလဲ မရှောင်၊ နေ့ခင်းကြောင်တောင်နော်။ ဆေးခန်း စာသင် ကျောင်းထဲထိလဲ ဒချိတာဘဲ။ တွေ့ရာနေရာမှာ ယိုသူမရှက် လုပ်နေကြတာ။ မိန်းမပျိုလေးတွေလဲ လမ်းထွက်လို့မရ နှောင့်ယှက်ခံရ၊ လူငယ်လေးတွေလဲ ခဏခဏ ရန်စခံရ၊ မဟုတ် တရုတ်လုပ်ဖို့ဆွယ်ခံရ၊ သူက ရှောက်သီး ဆေးပြားတင် မဟုတ်၊ ဆေးပြားစုံ။ လူကြီးသူမတွေလဲ အိပ်ကောင်းခြင်း မအိပ်ရအောင် ရပ်ကွက် အကျည်းတန်အောင် ဖြစ်ချင်တိုင်း ဖြစ်နေ ရပ်ကွက်ပါမီးတိုက်လား ဘာလား လုပ်နေတော့ လူငယ်တွေက တွယ်ပြီပေါ့။ အဲဒါ လူငယ်တွေဘက်က တုတ် ဓားချရမယ်တဲ့၊ သူ့ဘက်ကတော့ ကိုင်ထားတုန်း။
မိလှိုင်မက အဲဒီလို ရှောက်သီးဆေးပြားသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar