Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူတို့ ဖုန်ရှူကြလေပြီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သူတို့ ဖုန်ရှူကြလေပြီ

(မိုးမခ) စက်တင်ဘာ ၅ ၊ ၂၀၂၄


ကြင်စိုး ပထမသွားတာက တပင်ရွှေထီး၊ ဟိုက "အသင်မြေကြီး" လို့အမိန့်‌တော်မှတ်လိုက်လို့ အပြန် နှာနှပ်နေရ။ ဒါနဲ့ ဘုရင့်နောင်ဆီဒိုးရော။ သူ့ရှေ့တော်ပြေးကို ဘုရင့်နောင်က မင့်ကောင် မစွံပါဘူးလို့ မိန့်တဲ့စကားလဲကြားရော တံခါးဝကတင် လှည့်ပြန်ခဲ့ဆိုသဘဲ။ နောက်ဆုံးသူရဲကောင်း အလောင်းဘုရားဆီပြေးတာပေါ့လေ။ သူရောက်ရောက်ချင်းဘဲ အလောင်းဘုရားက အလောင်းကားကို ထိုးပြပြီး ပြန်ဝင်သွားလို့ ခု ကြင်စိုး ဖုန်ရှူနေရတယ်။ 

စိုးဝင်းက ငပါး။ ပေါင်တွေ ကွပြီးကတည်းက မင်းတုန်းမင်းကြီးနားက မခွာတော့ဘူး။ 

ခု မအလက ဖုန်ရှူရင်း သန်းခါင် သန်းခေါင်နဲ့ ယောင်နေလို့တဲ့။ အင်း သန်းခေါင်ကို နေ့မှတ်တာဆိုလို့ ဒီဒွန္နယာမှာ မအလကြင်စိုးပဲ ရှိတော့တာလေ။

ဒီရက်ပိုင်း ကြင်စိုး သန်းခေါင်စာရင်းရောဂါ ထန်နေတာ။ ကောက်ရမယ့်ဝန်ထမ်းတွေက သွေးပျက်နေပြီ။ သူကိုယ်တိုင် လိုက်မကောက်ရတိုင်း စွတ်ဖောတော့ အောက်က ဗိုလ်တွေကလဲ စွတ်ခိုင်း၊ နှစ်ယောက်တပိုင်း ဝန်ထမ်းလေးနဲ့ နှစ်လမ်း သုံးလမ်းပဲ ကျန်တော့တာလေးကို ပြေးရင်းလွှားရင်းကောက်ရမယ့်ပုံ။ သူတို့ကကျ ဘယ်မှမထွက်၊ လက်နက်ကြီးတွေကြားပုန်း ဘာလက်နက်မှ မရှိသူကို လူလုံးထွက်ပြခိုင်းနဲ့ မိုက်ရိုင်းနေတာ။ အုက်ကြီးတွေမှာလဲ ဒုတ်ပြီးဆေး ရှိတာမဟုတ်။ မသေသေအောင် သတ်နေသလိုပဲ။ 

ရွေးကောက်ပွဲ လုပ်မလို့တဲ့။ အရူးပြော အနှမ်းယုံ။ တရုတ်တို့ ဘာတို့ကလဲ အရူးကို ဘုံမြှောက်မြှောက်ပေးတော့ ချေးခြောက်တွေချည်း ကောက်ကောက်စားနေလို့ တနိုင်ငံလုံး နံလိုက်တဲ့ ချေးစော်ဆိုတာ။ အရူးပြောတာ အဟုတ်မှတ်ပြီး ပါတီလေး ထောင်ထားတဲ့ကောင်တွေ ရွေးကောက်ပွဲဝင် အမတ်မင်းလုပ်ရမလားမှတ်တယ်၊ တပါတီ တမြို့နယ် စစ်သားငါးဆယ် ပေးရမယ်ဆိုတော့ ရှိတဲ့ ပါတီဝင်လေး ဖျောက်ဖျောက်ပါ ပျောက်ကရော။ စကားမစပ် ပြည်သူ့ပါတီအုက်ကြီးကိုကိုကြီးတောင် စစ်သင်တန်းတက်နေပလား မသိ။ ဘာကြားမိကြသေးတုံး။ ဒေါက်တာအေးမောင်ရော ၆၅ ကျော်ပလား။ မကျော်သေးရင် လာထား၊ စစ်သားလုပ်၊ နိုင်ငံရေးကတော့ မသေသေး ဆက်လုပ်ပေါ့ဆိုတာမျိုး။ 

မြို့တွေ သိမ်းမယ်ဆိုရော ရပ်ကွက်နဲ့ရန်တိုက်တာ၊ ဉာဏ်နည်းပုံများ ပြောပါတယ်။ ကိုယ့်မြို့ ကိုယ်ပြန်လာမယ် ဆိုတာလောက်တော့ တွေးမှပေါ့။ အင်းလေ သန်းခေါင်စာရင်းကောက်ချင်တာလဲ ဒါ့အတွက်ပါပဲ။ အဲဒါကြောင့် မလိမ်နဲ့၊ မှန်မှန်ဖြေတွေ ဘာတွေ လှမ်းပွားတာပေါ့လေ။ အရင်တုန်းက စစ်တပ်က ဆိုက်ဝါးကောင်းတယ်ဆိုတာ တယောက်တည်းပြေး ပထမရတဲ့သဘောလေ။ မီဒီယာမှန်သမျှ သူ့လက်ထဲရှိတာကိုး။ အိုင်တီခေတ်မှာတော့ ကြင်စိုးတို့ဘဝ အကောင့်ဖွင့်လို့တောင်မရတော့။ တယ်လီဂရမ်များ လစ်သွားလို့ကတော့ သတင်းအနံ့ခံစရာတောင် ကျန်မယ်မထင်ဘူး။ ဆိုက်ဝါးလုပ်ဖို့ထား ဆိုက်ကားစုတ်တောင် နင်းစရာရှိမယ် မဟုတ်ဘူးလေ။ 

ခုဆို သူတို့ ဆိုက်ကား သူတို့ပဲနင်း၊ အဲလေ သူတို့ဆိုက်ဝါး သူတို့ပဲ ကြားပြီး သူတို့ဘာသာ သွေးကြောင် မေမြို့စစ်ပျက္ကသိုတောင် မီးရောင်မရှိတော့ဘူးတဲ့။ တသက်လုံး သူများ မီးဖြတ်လာတဲ့ကောင်တွေ။ မီးမထွန်းရဲ အ‌မှောင်ထဲထိုင် အေးအေးနဲ့ ခြင်ကိုက်ခံ အသေခံခိုင်းထားပြီလေ။ ဗိုလ်ချုပ်ကြီးတွေက သူတို့အိမ်တော်တွေ အသိမ်းမခံရရေး အသက်ပေးခိုင်းနေပြီလေ။ မျက်ခုံးထော် မော်မှ မကြည့်ရဲတဲ့ကောင်တွေ ဆိုတော့ ခံပေါ့‌။ ဂျင်ဇက်တွေ လက်နက်မရှိဘဲတောင် ထခုခံတာ။ သူတို့မှာ လက်နက် လက်ထဲရှိတာတောင် ပြန်မလှန်ရဲတာ။ ဂိတ်ပေါက်က သူရဲကောင်းကြီးတွေပုံမှ အားမနာ။ ငပုကြင်စိုး သရေကြိုး သူခိုး ဓားပြ လူ့အန္ဓများ ကြောက်နေရသေးတယ်။ တော်တော် စောက်သုံးမကျတဲ့ စစ်သားတွေ။

အေး အမှောင်ထဲ ဖုန်ရှူနေကြ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar