ဝါကျဖြူ - မှောင်မိုက်ခြင်း
Art by KT#
မှောင်မိုက်ခြင်း
ဝါကျဖြူ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၄
တိမ်တွေဟာ
ညနေခင်းထဲမှာ ရှိခြင်း...မရှိခြင်းနဲ့လွင့်မျော ။
မြို့တွေဟာ ရှိခြင်း...မရှိခြင်းနဲ့ပျက်သုဉ်း။
စကားသံတွေဟာ ရှိခြင်း...မရှိခြင်းနဲ့
အမှန်တရားထဲမှာမြုပ်ကွယ် ။
ညနေခင်းဟာ အဝတ်ဝတ်ခြင်း...မဝတ်ခြင်း
ချစ်ခြင်း...မုန်းတီးခြင်း နဲ့ နာကျင်မှုထဲမှာကွယ်ပျောက် ။
စစ်မီးတွေဟာငါတို့အသားတွေကိုစားပြီးအဆုံးမဲ့...။
အမှားတွေဟာအမှန်တွေကိုစားသုံးပြီးအသက်ဆက် ။
7/9/24
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar