Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဆီယံ၊ အီးယူ၊ ယူအန်နဲ့ မြန်မာ့တော်လှန်ရေးအုပ်စု တွေ့ကြပြီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဆီယံ၊ အီးယူ၊ ယူအန်နဲ့ မြန်မာ့တော်လှန်ရေးအုပ်စု တွေ့ကြပြီ

(မိုးမခ) အောက်တိုဘာ ၆ ၊ ၂၀၂၄


ကျားမ မဟုတ်တဲ့ မကျား ပြောတဲ့ တရုတ်က ပြည်သူကို မျက်နှာမူပုံ၊ တရုတ်-မြန်မာ စိတ်နှလုံးနီးစပ်အောင် ဆောင်ရွက်ပုံကတော့ စစ်အုပ်စုဆီ တိုက်လေယာဉ်တွေ ပို့ပေးလိုက်တာပါပဲ။ ပြည်သူဖြစ်ချင်တာ ပံ့ပိုးဖို့ဝေးလို့ ပြည်သူကို သတ်ဖို့ အားတက်သရောတောင် ပါဝင်တော့တာ။ တရုတ်မူကလဲ ခိုးဆိုး လုယက် ထောင်ထွက် လက်ပတ်နီမူနဲ့ အတူတူပဲ။ တူဆို သူတို့လည်း နဂါးရုပ်တက်တူးတွေနဲ့လေ။ ဆန္ဒပြပွဲတွေမှာ ရဲကို ဝန်းရံလာပြီး ပြသနာရှာမယ်၊ နှောင့်ယှက်မယ်၊  လုံးလားထွေးလားလုပ်မယ်၊ လူဝိုင်းဖမ်းပေးမယ်။ နောက် သတင်းပေးလုပ်တယ်။ ခုလိုအာဏာသိမ်းပြီး တပြည်လုံးက ဆန့်ကျင်တဲ့အချိန်မှာ အားကိုးစရာသူတို့ပဲ ရှိတော့တာဆိုတော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကတဆင့် အုပ်ကြီးထိ တက်လုပ်လာကြတာပေါ့။ သိပ်မကြာခင် နစကအဖွဲ့ဝင်တောင် ဖြစ်နိုင်တယ်လေ။ ခုကို သာသနာရေးဝန်ကြီးဌာနအတွက် ယောဂီဝတ်နဲ့ ဘုရားဒကာလုပ်ရင်း ကာကွယ်ရေးကဏ္ဍအတွက်ပါ စစ်သား စုဆောင်းပေးနေကြပြီ၊ ပျူသူ့စစ်အဖြစ်နဲ့ ခိုးဆိုးလုယက်မှုတွေအပြင် တိုင်းပြည်ကို ညှဉ်းဆဲသတ်ဖြတ်နေကြပြီ မဟုတ်လား။ ဒါဟာ နစကအဖွဲ့ထဲ တက်လှမ်းရမယ့် လှေကားထစ်တွေလေ။

မကျားတို့ တရုတ်ကလည်း ၉၀ ရွေးကောက်ပွဲပြီးတော့ အနိုင်ရပါတီ NLD ကို ပထမဆုံး ကွန်ဂရက်ကျူးလေးရှင်း လာလုပ်တာ။ စစ်အုပ်စုက အာဏာမလွှဲမှန်းလဲ သိရော NLD ကို လှည့်မကြည့်တော့တဲ့အပြင် စစ်အာဏာရှင်ဘက်ကနေ ဗီတိုတွေသုံး ရပ်တည်ပေးရင်း ဗမာပြည်ကသယံဇာတနဲ့ စီးပွားရေးအခွင့်အလမ်းမှန်သမျှ သူခိုးဈေးနဲ့ယူတော့တာ ခုချိန်ထိ။ ခုကတော့ လက်ပတ်နီတွေ အုပ်ကြီးလုပ်သလို စစ်အုပ်စုရဲ့ အုပ်ကြီးတောင်ဖြစ်နေပေါ့။ 

လားရှိုးကို ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတယ်။ တရုတ်က MNDAA ကိုတော့ ဆက်မတိုက်ဖို့ ဖိအားပေးတယ်။ အကျပ်ကိုင်တယ်။ အနိုင်ကျင့်တယ်။  စစ်တပ်ကိုတော့ ဗုံးကြဲဖို့ ‌တိုက်လေယာဉ်ပို့ပေးတယ်။ သူက ရန်ဖြစ်ရာ ဝင်ဖျင်ပေးတာမဟုတ်ဘဲ ကိုယ့်လူကို ထိုးခိုင်းဖို့ တဖက်လူကို ချုပ်ပေးတာမျိုး လုပ်တာလေ။ ခုထိ MNDAA ကို ဆွဲချုပ်ကိုင်ပေးထားတုန်း။ စကစက ထိုးကောင်းတုန်း။ တရုတ်က ရပ်ကွက်လူမိုက်အထာနဲ့ ကမ္ဘာမှာအုပ်ကြီးလုပ်ဖို့ကြံတာ။ 

တရုတ် ထောက်ခံပေးတဲ့စစ်တပ်က တရုတ် ရောင်းပေးတဲ့ တိုက်လေယာဉ်နဲ့ တရုတ်ဘုံကျောင်းကို ဗုံးကြဲတာပေါ့။ သင့်မြတ်ကြပါပေတယ်။

စစ်တပ် အမြစ်ပြတ်ရေး ဆိုတဲ့ မူလရည်မှန်းချက်ဆီ အကုန်စုရုံးချီတက်ကြဖို့ကလွဲ တခြားလမ်းမရှိဘူးလေ။ တရုတ် ပြောတာ နားထောင်နေရင် လားရှိုးက တရုတ်ဘုံကျောင်းပြိုသလို ပြိုမှာဘဲ။ တရုတ် ဝင်ရှုပ်တာမခံဘဲ ဆက်တိုက်ဖုတ်ကြရင် ခုဆို နန်းတွင်းထဲတောင် စိုးစံနေရောပေါ့။ 

ခုဆို အာဆီယံ အီးယူ ယူအန်တို့က NUG နဲ့ တော်လှန်ရေးအုပ်စုတွေကို ဖိတ်ကြားပြီး မြန်မာ့အရေး အဖြေရှာဖို့လုပ်နေပြီလေ။ တရုတ်ကြီးလည်း အခြေအနေကို နားလည်သဘောပေါက်ပါတယ်။ သူတယောက်တည်း ထင်ရာလုပ်လို့မရဘူး ဆိုတာ သိရောပေါ့။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar