Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကင်ဆာနိုင်ငံတော်ကြီး ဖန်တီးခွင့်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကင်ဆာနိုင်ငံတော်ကြီး ဖန်တီးခွင့်

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄


သံတမန်ရေးမှာ နုကြည် အောင်ပွဲဆင်ပြီ။ နုကြည်ကို အစိုးရအဖြစ် စအသိအမှတ်ပြုပြီ။ ဖတ်ရတဲ့သတင်းကိုက အဆီတဝင်းဝင်းနဲ့။ တရုတ်ယူနန်ရှေ့ မအလ ဒူးတုပ်ပြီး ဝမ်စွေ့ဝမ်စွေ့ လုပ်နေချိန် တောင်ကိုရီးယားမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာနိုင်ငံသားတွေကို NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပတဲ့။ အရသာရှိပေစွ။ တောင်ကိုရီးယားအစိုးရက နုကြည်တံဆိပ်တုံး ပါတာနဲ့  သက်တမ်းအသစ် ၂ နှစ်စာ ခြစ်ပေးလိုက်ပြီ။ စစ်ကောင်စီသံရုံးမှာ လုလုံးမလှ အပူလုံးကြွဟန်နဲ့ သက်တမ်းတိုးရန်မလိုတော့။ ကောင်းလှောင့်တေး။ 

ဒါမျိုး ထိုင်းနဲ့သာ လုပ်နိုင်လို့ကတော့ ပွဲပြတ်ပေါ့။ ထိုင်းဂိတ် အိန္ဒိယဂိတ်တွေ ဖွင့်နိုင်ရင် တရုတ်ရဲ့ ဖျင်ခေါင်းကျယ်မှုတင်မက သူ့နိုင်ငံ တားမြစ်ကုန်တွေ ကိုယ့်ဘက်သွင်းနေတာမျိုး၊ ဆီအတု ဆီအခဲတွေနဲ့ ကင်ဆာဆဲလ်သွင်းပေးနေတာမျိုးပါ ရပ်တန့်လို့ရပြီ။ သံတမန်ရေးစစ်မျက်နှာပါ အလံတလူလူလွှင့်နိုင်ရင် ငလှိုင်အမြီးယမ်းနိုင်တော့မယ် မဟုတ်။

တောင်ကိုရီးယားက မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးရင် ခွေးရုံးမှာ တော်လှန်ရေးဝိညာဉ်အသိမ်ငယ်ခံစရာ မလို။ ခွေးစာကျွေးစရာ မလိုတော့။ NUG ကိုယ်စားလှယ်ရုံးသွား လက်သုံးချောင်း ထောင်လိုက်ရင် တံဆိပ်တုံးနဲ့ စာရွက်စာတမ်းတွေ ရိုက်နှိပ်ထုတ်‌ပေးလိုက်တယ်ဆိုကဘဲ။ အဲဒီတံဆိပ်တုံးနဲ့ စာရွက်စာတမ်းတွေကိုလေ တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးက တရားဝင်၊ တရားဝင်နော် လက်ခံဆောင်ရွက်ပြီး ဗီဇာသက်တမ်းတိုးပေးသတဲ့။ မအလ ဖျင်စောင့်ပြီ။ ငလှိုင်နဲ့ မဆိုင်ဆိုတော့ အကြီးကြီးကို စောင့်ပြီပေါ့။ တိုင်းပြည်ကို မဲခေါင်မှာ ဖဲပေါင်ရိုက်နေတုန်း ကိစ္စတုံးခံရတာလေ။ နပခနဲ့အပြိုင် ကွီးယားသံတမန်ဗျူဟာကုန်းအသိမ်းခံရတာကလား။ သံတမန်လှိုင်းတွေ တလှိုင်းပြီးတလှိုင်း ကြိမ်တို့လို့ကတော့ ကိန်ကိန်တောင် အော်နိုင်မယ် မဟုတ်။ ကွီးယားခွေးသံ ပြေးရန်ပြင်တော့ဘဲ။ မအလရဲ့ ဖြုတ်ထုတ်သတ်စာရင်းမှာ ပင်းစိုက်ထားလောက်ပြီ။ 

အရူးနဲ့ ဘီလူးပေါင်းထားတဲ့ တရုတ်နဲ့ စစ်တပ်ရဲ့ ဖြတ်ငါးဖြတ် ခြောက်ဖြတ်ကို ကျော်လွှားဖို့ တခြားအိမ်နီးချင်းတွေနဲ့ သံတမန်ရေးခိုင်အောင် လုပ်ဖို့ဟာ အမြတ်ကြီးစား တရုတ်စီးပွားဆန့်ကျင်ရေးသမား ဒေါ်နယ်ထရမ့်လက်ထက်မှာ အခွင့်အလမ်းပေါ်လာနိုင်ပြီ။ တရုတ် အပိုင်သိမ်းထားတဲ့ မြန်မာပြည်‌ လူသုံးကုန် စားသောက်ကုန် ယာဉ်မျိုးစုံ ဖြန်းမျိုးစုံဈေးကွက်ကြီး ဘယ်သူ မယူချင်ဘဲရှိမလဲ။ တရုတ်ဟာ ၈၈ ကတည်းက တော်လှန်ရေးအကြောင်းပြု အချောင်ရလာတဲ့ မြန်မာပြည်ဈေးကွက်ကြီးကို ပြန်ရဖို့က မလွယ်တော့ပါဘူး။ 

စစ်‌အုပ်စုနဲ့ တွဲတဲ့သူဟာ မြန်မာပြည် မိတ်ဆွေဖြစ်ထိုက်သူ မဟုတ်ဘူးလေ။ စစ်အုပ်စုနဲ့ တွဲတဲ့သူဟာ မြန်မာကို တန်ဖိုးထားတဲ့သူ မဟုတ်သလို မြန်မာတွေ တန်ဖိုးထားတဲ့သူလဲ မဟုတ်နိုင်တော့ဘူးလေ။ 

တရုတ်ကို မြေပဲတွေ၊ နှမ်းတွေ မထွက်တော့ရင်ကို အနည်းဆုံးတော့ ကိုယ့်ကလေးကို အန္တရာယ်ကင်းတဲ့ ဆီစစ်စစ် ကျွေးနိုင်ပြီ။ ကင်ဆာနိုင်ငံတော်ကြီး ဖန်တီးခွင့် ဆက်ပေးလို့မဖြစ်တော့ဘူး မဟုတ်လား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar