လင်းနွေးအိမ် - တာဝန်ရှိသူကြီးများခင်ဗျား
တာဝန်ရှိသူကြီးများခင်ဗျား
လင်းနွေးအိမ်
(မိုးမခ) ဒီဇင်ဘာ ၁၈၊၂၀၂၄
ကမ္ဘာကြီးကိုခြေဆန့်ချင်တဲ့လူငယ်တွေကို
မြို့ပတ်ရထားပေါ်တင်မပေးပါနဲ့။
နွေဦးမှာထွက်လာတဲ့ မျှစ်ဟာ
မိုးဦးမှာထွက်လာတဲ့ မှိုနဲ့မတူပါ
တချိန်မှာ ဝါးပိုးဝါးဖြစ်လာမှာ။
လယ်ကွင်းထဲကရွှံ့ဟာ
မီးဖုတ်ခံရပြီးတဲ့အခါ
အုတ်နီခဲဖြစ်လာမှာ။
သားရေဖုံးထူထူခန့်ခန့်နဲ့
စာကြည့်တိုက်မှာထားရမယ့်
သမိုင်းစာအုပ်ကြီးထဲကစာလုံးတွေဟာ
ဒီနေ့လူငယ်တွေသာ။
၁၁/၃၀/၂၄
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar