Breaking News

ကျော်မင်းထွန်း(NEW YORK) - နှစ်သစ်

ဧကစာချို

နှစ်သစ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၅

နှင်းတွေ
လမ်းပေါ် တဖွဲဖွဲဝေသလို
အလွမ်းတွေ
အသည်းပေါ် တသဲသဲကြွေတယ်။

အအေးဒဏ်ကို ခံနိုင်သလို
အလွမ်းဒဏ်ကို ခံနိုင်ပါတယ်။

ပေးတဲ့သူက ပေးတတ်မှ
ယူတဲ့သူက ယူတတ်မှဆိုပေမယ့်
အချစ်မှာ အပေးအယူမှ မရှိတာ။

ခေတ်က ကျဉ်းကျပ်
စနစ်က ကျဉ်းကျပ်
ခေတ်ကျပ် စနစ်ကျပ်ပေမယ့်
အချစ်က မကျဉ်းကျပ်ပါဘူး။

နှစ်ထဲက တစ်နှုတ်ရင်
အရင်လိုပဲ
တစ်ပဲကျန်မှာပေါ့။

ဖြည်းဖြည်းလေးနမ်းပြီး
တိုးတိုးလေးပြောလိုက်စမ်းပါ
“ချစ်တယ်” လို့။

အချစ်စစ်နဲ့
နှစ်သစ်ကူးရအောင်။   ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar