လင်းလက်နွေဦး - တည်ထွက်ပျက်ကျောက်ထီးနန်းစံ
လင်းလက်နွေဦး - တည်ထွက်ပျက်ကျောက်ထီးနန်းစံ
(မိုးမခ) ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၅
စုန်းပြူးတွေ
ငါးခုံးမတွေ ကင်းစင်နယ်မြေ
ဒဏ္ဍာရီလာ ရှန်ဘဲလားကို
မြေလျှောက်ဝိဇ္ဇာတွေ ရောက်နိုင်သလား
လွတ်မြောက်နယ်မြေ ရှိတယ်
ဘယ်သူ့အတွက်လဲ
နိုင်ငံသားအားလုံး အိတ်ဇိုးဒပ်ပေါ်တင်
သံလွင်ပင်တွေပေါက်တဲ့ ကျွန်းဆီ လှော်ခတ်ကြ
ဓားသွားထက်တဲ့ ဒီလှိုင်းတွေ
တလှိုင်း ပြီး
တလှိုင်း
တလှိုင်း ပြီး တလှိုင်း ပုတ်
အာဏာရှင် ပလ္လင်ပေါ်က ပြုတ်ကျ
အာဏာကမ်းပြိုတော့ မေတ္တာသောင်ထွန်း
ငြိမ်းချမ်းရေးကျွန်းလေးပေါ့
ထွက်ရပ်ပေါက်သူတွေ
သိမြင်သူတွေ
ကျင့်ကြံသူတွေ
တထပ်တည်းကျသူတွေ ကယ်မ
မုဆိုးမ ဘုရားတည်ကိန်း စိုက်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar