Breaking News

ယာဉ်တိုက်မှုနဲ့ ကွယ်လွန်သူ မြန်မာတိုင်းရင်းသူ ဒေါ် စန်တူမာယာ အမှတ်တရအဖြစ် ဥက္ကလံမြို့က လမ်းအမည်ပြောင်း




ယာဉ်တိုက်မှုနဲ့ ကွယ်လွန်သူ မြန်မာတိုင်းရင်းသူ ဒေါ် စန်တူမာယာ အမှတ်တရအဖြစ် ဥက္ကလံမြို့က လမ်းအမည်ပြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလမြို့သို့ သားသမီးများနှင့် ပေါင်းစည်းရန် ပြောင်းရွှေ့အ ေခြချသူ အသက် ၇၃ နှစ်အရွယ် မြန်မာတိုင်းရင်းသူ ဒေါ်စန်တူမာယာသည် ၂၀၂၃ ဇွန် ၁၆က ယာဉ်တိုက်မှုဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ မိမိနေအိမ်အနီး လမ်းလျောက်နေစဉ်မှာ မဆင်မခြင် မောင်းနှင်သော ကားတစီးက တိုက်ပြီး ထွက်ပြေးသည့်အတွက် အချိန်မတိုင်မီ ကြွေလွင့်ရတဲ့ အဖွားတဦး ဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုများနဲ့ ဥက္ကလံမြို့ခံများ၊ မီဒီယာများ၏ မရပ်မနား အားထုတ်မှုကြောင့် ကားတိုက်ပြေးသူ တရားခံအား ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ခဲ့ပါတယ်။

ထိုသို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အများပြည်သူတို့ အမှတ်တရအသိအမှတ်ပြုသောအားဖြင့် ဥက္ကလံမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဒေါ်စန်တူမာယာ ကွယ်လွန်ခဲ့ရတဲ့ လမ်းဆုံက လမ်းအမည် - မူလ ဗစ်ဇဘတ်လမ်းကို စန်တူမာယာ လမ်း (Santu Maya Way) အဖြစ် ဖေဖော်ဝါရီလ ၂၆မှာ အခမ်းအနားဖြင့် ဖွင့်ပွဲကျင်းပ ပြောင်းလဲခေါ်ဆိုမည် ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ကျန်ရစ်သူ မိသားစုဝင်များဖြစ်ကြသည့် သားသမက် ကိုအနီး၊ သမီး မဆန်ဂျိုး နဲံ မြေးများက နေ့လည်စာနဲ့ ဧည့်ခံကြမယိလို့ ဆိုပါတယ်။

အခမ်းအနားကို ဥက္ကလံမြို ၊ Foothill & Vickburge လမ်းထောင့်၊ နေ့ခင်း ၁နာရီမှ ၂ နာရီတွင် သံဃာတော်များ၊ မြို့မြို့ဘများ၊ မြန်မာတိုင်းရင်းသားများမိသားစုများ ဖိတ်ကြားပြီး ကျင်းပမည်လို့ သိရပါတယ်။

Oakland Street Renamed in Memory of Myanmar Immigrant Killed in Hit-and-Run

(MoeMaKa – February 26, 2025)

In honor of Daw Santu Maya, a 73-year-old Myanmar immigrant who tragically lost her life in a hit-and-run accident, the City of Oakland has renamed a local street after her.

Daw Santu Maya had moved to Oakland to reunite with her children when, on June 16, 2023, she was fatally struck by a reckless driver while walking near her home. The driver fled the scene, leaving her with no chance of survival. Thanks to relentless efforts by her grieving family, local residents, and the media, the perpetrator was eventually arrested and brought to justice.

As a tribute to her memory and to raise awareness about pedestrian safety, the Oakland City Council has officially renamed the intersection where she was killed. Formerly known as Vicksburg Street, it will now bear the name Santu Maya Way. A formal dedication ceremony is set to take place on February 26, with her family, city officials, and community members in attendance.

Daw Santu Maya’s children, Ko Anee and Ma Sanjoo, along with her grandchildren, will host a luncheon following the event to honor her legacy.

The ceremony will be held at the intersection of Foothill & Vicksburg in Oakland, from 1:00 PM to 2:00 PM, with monks, city representatives, and members of the Myanmar community invited to participate.


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar