Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒီနွေဦးမှာ လေရူးမလာရ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒီနွေဦးမှာ လေရူးမလာရ

(မိုးမခ) ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၅


သူတို့ ခွေးမျိုးခွေးနွယ်ကလွဲ လူမှန်သမျှ အသေခံစစ်သား လုပ်ခိုင်းနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ တိုင်းပြည်ကို တရုတ်နဲ့ ရုရှားလက် ခွဲခြမ်းစိတ်ဖြာအပ်လိုက်ပြီ။ ကမ္ဘာ့အဆင့် ၃၇ ဘာညာနဲ့ စတန်းဒတ်အာမီကြီးကိုယ်တိုင် မလုံခြုံတော့လို့ နိုင်ငံခြားစစ်တပ် ပင့်ဖို့ အစီအစဥ်ဆွဲနေပြီ။ ဘယ်သူသေသေ၊ ဘယ်နယ်ကြေကြေ၊ ဘာပြာဖြစ်ဖြစ်၊ သူတို့မိသားစု ကျန်ရစ်ဖို့ လုပ်တာပါပဲ။ တပ်ကကောင်တွေ အဲဒီခွေးသူခိုးတွေရဲ့ ခွေးအူသံတွေကို ဆက်နာခံနေသေးရင် ‌ခွေးဖြစ်ဖို့ပဲ ရှိတော့မယ်၊ လူအဆင့် ပြန်ရဖို့ မဖြစ်နိုင်တော့။ တိုင်းပြည်လဲ ခွေးသေးပန်းဘဲပွင့်တော့မှာ။

ဒီအခြေ‌အနေမှာ ရူးသလိုပေါသလိုတွေပြောနေတာကတော့ မအလနဲ့ စောချစ်သူ။ DKBAတွေရောပေါ့။ မအလက လူတွေ သေကျေ၊ တိုင်းပြည်လိုက် ဒုက္ခရောက်နေတာ သူနဲ့မဆိုင်သလိုမျိုး၊ ဟိုလူတွေကလည်း ကိုယ့်အိမ်မှာ ကိုယ့်မြေမှာ ကိုယ့်နေရာမှာ နိုင်ငံပေါင်းစုံကလူတွေ မလိမ့်တပတ် ခေါ်ယူသိပ်ထည့် နှိပ်စက်ညှဉ်းပန်း တကမ္ဘာလုံးပတ် ငွေ တရကြမ်း လိမ်နေတာကို သားသားတို့ ဘာမှမသိ လုပ်ပြနေတာ။ အင်း ဒီအရှုပ်တွေ မြန်မြန်မရှင်းနိုင်ရင် တိုင်းပြည်က နူရာဝဲစွဲ၊ လူမျိုးလည်း ဖွတ်သထက်ညစ်လေ ဂုဏ်သိက္ခာမဲ့လေဖြစ်မယ်။ 

ခု ဗန်းမော်တော့ ကျလုလု။ ဗန်းမော် ပြီးရင် မပခ ဂလုရုံ။ မပခ ဂလုသွားရင်တော့ မအလ ဟာ ခွေးနာလောက် ကိုက်သလို တအိုင်အိုင် လုပ်နေရတော့မှာ။ ငါးပိကိုင်မိတဲ့ မျောက်လို ကြောင်ပျောက်တော့မှာ။ 

တော်လှန်ရေးက နတ်ကြီးတယ်။ ပင်လယ်လှိုင်းဟာ အမှိုက် လက်မခံသလိုဘဲ အတုနဲ့ အယောင်တွေ အပြောင်ရှင်းပစ်မှာ။ ဆရာလိုလို မသာလိုလိုတွေလဲ ဆရာဆက်လုပ်လို့မရ၊ တစတစနဲ့ အပုတ်နံ့ထွက်လာရတယ်။ ရိုကိစ္စမှမဟုတ်၊ နှစ်ပေါင်းမြောက်မြားစွာ တိုင်းရင်းသားဒေသရော နိုင်ငံရေးလှုပ်ရှားသူတွေကိုရော ဘယ်သူ့မှ ချမ်းသာမပေး ကလေးလူကြီးအရွယ်မရွေး နည်းမျိုးစုံညှင်းပန်းနှိပ်စက်မုဒိမ်းကျင့်သတ်ဖြတ်နေတဲ့ မအလနဲ့စစ်အုပ်စုကို အခု အဖိနှိပ်ခံပြည်သူ‌ပေါင်းစုပြီး တရားစီရင်ခန်းရောက်နေပြီ။ ကိုယ့်လက်နဲ့ကိုယ် စီရင်မှာ။ ဘယ် သောက် နိုင်ငံတကာတရားရုံးတို့ ဘယ် သောက် နိုင်ငံတကာရှေ့နေတို့မှ မလိုဘူး။ ဒီလိုကောင်မိရင် ဘယ်သူ့လက်အပ်နေရမလဲ။ ဒီလိုကောင်ကို ဘယ်သူ့လက်အားကိုး ဖမ်းခိုင်းနေရမလဲ။ ဖင်ယားပြီး လျှောက်ပြောနေကြတာ။ လက်တွေ့ကျကျ ဒီကောင်နဲ့ စစ်အုပ်စုကို တရားစီရင်နေတဲ့ ပြည်သူ့တော်လှန်ရေးထဲ ပူးပေါင်းကြ။ မင်းအောင်လှိုင်နဲ့စစ်အုပ်စုအတွက် ဘယ်သက်သေနဲ့ ဘယ်ဥပဒေမှ ရှာစရာမလိုဘူး။ ဒီကောင်တွေ လူသတ်သမားမှန်း အကုန်သိတယ်။ ဘယ်လောက် သတ်ခဲ့သလဲသာ တိတိကျကျ မသိတာ။ မြန်မာပြည်သူက တရားသူကြီးဘဲ။ နွေဦးတရားရုံးက ဆုံးဖြတ်ချက်ချပြီးသား။ ဖြစ်ခဲ့သမျှ တော်လှန်ရေးတိုင်းက ဆုံးဖြတ်ပြီးသား။

အေး သေချာတာက တော်လှန်ရေးကို နှောင့်ယှက်တဲ့ကောင်တွေပါ ထည့်စီရင်ခံရမယ်။ တော်လှန်ရေးဟာ နတ်ကြီးတယ်။ ဖင်မယားနဲ့၊ စောက်ပိုမလုပ်နဲ့။ လူ့အခွင့်အရေးသမားလိုလိုနဲ့ လူ့အခွင့်ထူးခံ လာမလုပ်နဲ့။ ဘာသာရေးသမားလိုလိုနဲ့ ညာတာပါတေး လာမလုပ်နဲ့။ အကုန်လုံးက ဘဝနဲ့ အသက်ချည်းရင်းထားတဲ့အချိန်မှာ ဓားဟာ တရားပဲ။ ပရောဂျက်လိုလိုနဲ့ ရောနှက်ဖို့လဲ မကြံနဲ့၊ ပြန်စရာ လမ်းမရှိဖြစ်သွားမယ်။ ရခိုင်မဘသတွေ တိုင်ပတ်သလိုပေါ့။ ဘဘကနေ အကိုထွန်းကြား ဟိုမရောက် ဒီမရောက်ဗျာများ ဘာစကားမှလဲ မဟရဲ၊ ဘာတရားမှလဲ မချရဲ၊ သူတို့ကြောင့် ညှပ်ပြီး ဒုက္ခရောက်‌နေသူတွေလဲ မနည်း။ အင်း အခုလည်း ဒီတော်လှန်ရေးမှာ ကိုယ့်မဘသနဲ့ကို တိုင်ပတ်အုံးမယ့်ဟာတွေ အများကြီး။ အပွင့်မဘသရော အပုန်းမဘသတွေပါ တော်လှန်ရေးထဲ ထည့်ကျိုလိုက်မှဖြစ်မယ်။ ကိုယ့်ဘာသာမှ ဘာသာ၊ ကိုယ့်လူမျိုးမှ လူမျိုးနေသူတွေနဲ့ တော်လှန်ရေး စားကောင်းသောက်ဖွယ်ကို အပုတ်သိုးခံလို့မဖြစ်ဘူးလေ။ ဒီတော်လှန်ရေးအဆင့်မျိုးက ဘယ်တုန်းကမှမရှိခဲ့ဘူး။ စစ်အုပ်စုအပေါ် ကိုင်း မှတ်ပလား ဆိုပြီး နားပန် ဘယ်ပြန် ညာပြန် ချလို့ရတာက မျိုးဆက်လိုက် လက်ဆင့်ကမ်း လျှောက်လှမ်းလာတဲ့ ဒီတော်လှန်ရေးဆုံချက်မှာပဲ ရှိတာ။ ဒီကောင်တွေ သွေးပျက် သေးထွက်တာဆိုလို့ ဒီတော်လှန်ရေးပဲ ရှိတာ။ ဒီနွေဦးဟာ လေရူး မဟုတ်၊ လေဘူး မဟုတ်၊ လေထူး။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar