Breaking News

ကိုအောင်မှိုင်း - ဒေါ်နယ်ထရန့် ဘယ်လဲ ဘာလဲ



ကိုအောင်မှိုင်း - ဒေါ်နယ်ထရန့် ဘယ်လဲ ဘာလဲ
(မိုးမခ) မတ် ၂၅၊ ၂၀၂၅

ဒေါ်နယ်ထရန့်ဆိုတဲ့နာမည်ဟာ ယနေ့ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ထင်ရှားလာသလို ပြင်းထန်တဲ့ ဝေဖန် မှုတွေ၊ ဆွေးနွေးမှုတွေ၊ လှုပ်ရှားမှုတွေကို ကမ္ဘာအနှံ့အပြားဖြစ်စေခဲ့သူအဖြစ် ထင်ရှားလာပါတယ်။ သူရဲ့ နိုင်လိုမင်းထက်ပြောဆိုမှုတွေ၊ မီဒီယာထိမ်းချုပ်မှုတွေ၊ ပြည်တွင်းပြည်ပ အမျိုးမျိုးသော အမိန့် တွေ၊အကောက်ခွန်ဆိုင်ရာ အမိန့်တွေ (TARIFF) ကို နှစ်ပတ်အတွင်း လေးကြိမ်လောက် ပြင်ဆင် ပြောင်းလဲတာတွေ၊ ကနေဒါနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ ၅၁ ကြိမ်မြောက် ပြည်နယ်သစ် အ ဖြစ် သွတ်သွင်းမယ်ဆိုတာတွေ၊ အစိုးရဝန်ထမ်းတွေကို ဖြုတ်ချခြင်း၊ ရှင်းလင်းခြင်းစတဲ့ လူကြီးလူ ကောင်းမဆန်တဲ့ အမိန့်တွေဟာ မင်းမဲ့ဆန်တဲ့လုပ်ရပ်တွေအဖြစ် ကမ္ဘာတစ်ခွင် နိုင်ငံအများစုက အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အပေါ် နဲ့ သမ္မတအပေါ် မေးခွန်းထုတ်မှုတွေ ကျယ်ကျယ် လောင် လောင် ထွက်ပေါ်လာတယ်လို့ ပြောရပါလိမ့်မယ်။

ဒီအခင်းအကျင်းပေါ်ကနေ အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံများအပါအဝင် နိုင်ငံအတော် များများဟာ အမေရိကန်သမ္မတနဲ့ အစိုးရအပေါ် ယုံကြည်မှုကျိုးပျက်လာသလို စုဖွဲ့မှုအသစ်တွေကို အဆောတလျင် စုဖွဲ့လာကြတာတွေ့ရပါတယ်။ ပြန်ချုပ်ကြည့်ရင် ဒေါ်နယ်ထရန့်အာဏာပြန်ရ တာ ဟာ အချက် ၂ ချက်ကို လောလောဆယ်ပညာရှင်များက ထောက်ပြကြပါတယ်။ တစ်ချက်က မဟာ မိတ်နိုင်ငံများအပေါ် ယုံကြည်မှုဖောက်ဖျက်ခြင်းနဲ့ နှစ်ချက်က ကမ္ဘာ့တည်ငြိမ်မှုကို ပြင်းပြင်းထန် ထန် ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။

ထရန့်ရဲ့ နိုင်ငံတကာဆက်ဆံရေးအမြင်ပေါ် ချဉ်းကပ်ခြင်း

ထရန့်ရဲ့ နိုင်ငံတကာဆက်ဆံရေးအမြင်ဟာ “America First” ဆိုတဲ့ အခြေခံပေါ်က လာတာဖြစ်တယ် လို့ သုံးသပ်ယူဆကြပါတယ်။ဆိုလိုတာက ထရန့်အနေနဲ့ အမေရိကန်ပြည်သူအကျိုးကလွဲပြီး အခြား နိုင်ငံတွေအပါအဝင် ဘယ်မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးကိုမှ စဉ်းစားစရာမလိုဘူးဆိုတဲ့ အယူအဆ က အတော်ထင်ရှားပေါ်လွင်လာပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အဓိက ကျတဲ့ အပြန်အလှန်အကျိုးရှိရမယ်ဆိုတဲ့ သဘောထားက မတွေ့ရသလောက်ဖြစ်သွားတာပါ။

ထရန့်ရဲ့ သမ္မတသက်တမ်းအတွင်း အငြင်းပွားဖွယ်အမိန့်များ

ဒေါ်နယ်ထရန့် သမ္မတဖြစ်ချိန် (၂၀၁၇-၂၀၂၁) မှာ ထုတ်ပြန်ခဲ့တဲ့ အငြင်းပွားဖွယ်အမိန့်တွေကို ကျနော်တို့ ပြန်လေ့လာကြည့်စေလိုပါတယ်။ ထရန့်ရဲ့ အမိန့်တွေဟာ မကြာခဏ နိုင်ငံတကာနဲ့ အမေရိကန်ပြည်တွင်းမှာ အငြင်းပွားမှုတွေ ဖြစ်စေခဲ့ပါတယ်။ ထရန့်အာဏာရခဲ့စဉ်က Paris Climate Accord ထဲက ထွက်ခွာခဲ့တာ၊ World Health Organization (WHO) နဲ့လမ်းခွဲခဲ့တာနဲ့ ထောက်ပံ့ကြေးရပ်ဆိုင်းခဲ့တာကြောင့် COVID-19 ကပ်ရောဂါကာလမှာ လူအများသေကြေခဲ့ရ တယ်လို့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ တခြားကုန်သွယ်ရေးပိတ်ဆို့မှုများစတဲ့ အရေးကြီး ဆုံးဖြတ် ချက်တွေဟာ အမေရိကန်က ဦးဆောင်နေတဲ့ အစဉ်အလာကို တိုက်ရိုက်ဖျက်သိမ်းလိုက်သလို ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် NATO အဖွဲ့ဝင်နိုင်ငံတွေကို "ငွေမပေးရင် ရုရှားကို ချေမှုန်းခိုင်းမယ်" ဆိုတဲ့ စကားများက လည်း ထရန့်ရဲ့ အမြင်ဟာ မဟာမိတ်စနစ်ကို ထိခိုက်စေခဲ့တဲ့ လုပ်ရပ်တွေဘဲဖြစ်ပါတယ်။ TTPP (Trans-Pacific Partnership) စာချုပ်ကထွက်တာတွေဟာ ထရန့်အစိုးရရဲ့ ရွေးချယ်မှုတွေဖြစ်ခဲ့ပါ တယ်။ ဆိုလိုတာက လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းဆိုတာ ယုံကြည်မှုနဲ့ ပူးပေါင်းမှုကိုအခြေခံ တဲ့ နိုင်ငံတကာဆက်ဆံရေးဘဲဖြစ်ပါတယ်။ ထရန့်အယူအဆက "အားကြီးရင် သီးခြားရပ်တည်ကြ" ဆိုတဲ့ နိုင်ငံရေးသဘောထားတခုကို ဖြစ်စေခဲ့ပါတယ်။ စုဖွဲ့မှုအသစ်တွေကို တွန်းဆော်ခဲ့တာ ဖြစ် ပါတယ်။

America First ဆိုတာ ဘာလဲ

ဒေါ်နယ်ထရန့်သမ္မတကာလ America First ဆိုတာ အမေရိကန်နိုင်ငံသားတွေ အကျိုးစီးပွားကို ဦးစားပေးတယ်လို့ ပြောချင်တာပါ။ လက်တွေ့ကတော့ ကာလတခုရောက်တဲ့အခါ လူဖြူတွေအ ကျိုးစီးပွားဟာ တစ်ဖြစ်လာပါတယ်။ ဒီနောက် Republican Party First ဖြစ်လာတော့တာပါဘဲ။ ဒီနောက်တော့ Republican Party ထဲက သူ့ကိုထောက်ခံသူတွေ First ဖြစ်လာပြီး နောက်ဆုံးသူနဲ့ သူ့အစိုးရအဖွဲ့ဝင်တွေ First အဆင့်ကို ပြောင်းသွားပါတယ်။ သူနဲ့အမြင်မတူသူတွေကို ရန်ငြိုးဖွဲ့တာ၊ သူ့ဘက်ကလူတွေကို ရာဇဝတ်မှုကင်းလွတ်ခွင့်ပေးတာတွေအထိ မလုပ်သင့်တာတွေ လုပ်လာတာ ကို တွေ့ကြရမှာဖြစ်ပါတယ်။

ထရန့်အရင်အစိုးရလက်ထက်မှာ သူ့အစိုးရအဖွဲ့ဝင်တွေကိုတောင် မကြိုက်ရင်မကြိုက်သလို ထုတ် တော့တာပါဘဲ။ ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်း (၂၀၁၇-၂၀၂၁) အတွင်း ဝန်ကြီးများစွာ နုတ် ထွက်ခြင်း သို့မဟုတ် အဖြုတ်ခံခဲ့ရခြင်း အများအပြားဖြစ်ခဲ့ပါတယ်။ ထရန့်ဟာ သူ့အစိုးရအဖွဲ့ကို မကြာခဏ ပြောင်းလဲလေ့ရှိပြီး၊ ဝန်ကြီးများနဲ့ သဘောထားကွဲလွဲမှုများ ဖြစ်ပွားလေ့ရှိပါတယ်။

ထင်ရှားတဲ့ အဖြုတ်ခံရသူများ

ရက်စ် ပရီးဘပ်စ် (Rex Tillerson) - နိုင်ငံခြားရေးဝန်ကြီး (၂၀၁၇-၂၀၁၈)
ထရန့်နှင့် မဟာဗျူဟာရေးအမြင်ကွဲလွဲမှုများကြောင့် ဖြုတ်ချခံခဲ့ရပါတယ်။


ဂျက်ဖ် ဆက်ရှင်း (Jeff Sessions) - ရှေ့နေချုပ် (၂၀၁၇-၂၀၁၈)
ရုရှားစုံစမ်းစစ်ဆေးရေးကိစ္စနဲ့ ပတ်သက်ပြီး ထရန့်နှင့် သဘောထားကွဲလွဲမှုများကြောင့် နုတ်ထွက်ခဲ့ရပါတယ်။


ဂျိမ်းစ် မက်တစ် (James Mattis) - ကာကွယ်ရေးဝန်ကြီး (၂၀၁၇-၂၀၁၈)
ဆီးရီးယားမှ အမေရိကန်တပ်များရုတ်သိမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် နုတ်ထွက်ခဲ့ရပါတယ်။


ရိုင်ယန် ဇင်ကီ (Ryan Zinke) - ပြည်ထဲရေးဝန်ကြီး (၂၀၁၇-၂၀၁၉)
ကျင့်ဝတ်ချိုးဖောက်မှု စွဲချက်များကြောင့် နုတ်ထွက်ခဲ့ရပါတယ်။


ဂျွန် ကယ်လီ (John Kelly) - အိမ်ဖြူတော်အကြံပေးဝန်ကြီး (၂၀၁၇-၂၀၁၉)
ထရန့်နဲ့ လုပ်ငန်းဆောင်ရွက်ပုံဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် နုတ်ထွက်ခဲ့ရပါ တယ်။

အကြောင်းရင်းတွေကတော့ သူ့ဆန္ဒနှင့်မကိုက်ညီပါက ဝန်ကြီးများကို အလွယ်တကူ ဖြုတ်ချလေ့ရှိ တာဖြစ်ပါတယ်။ ဝန်ကြီးတွေအနေနဲ့လည်း ထရန့်ရဲ့ ဆုံးဖြတ်ချက်များနဲ့ လုပ်ရပ်တွေကို ဝေဖန်ပြီး နုတ်ထွက်ခြင်း သို့မဟုတ် အဖြုတ်ခံရခြင်းတွေဖြစ်ပါတယ်။ အကျိုးဆက်တွေကတော့ ဝန်ကြီးတွေ မကြာခဏ ပြောင်းလဲမှုကြောင့် ထရန့်အစိုးရရဲ့ တည်ငြိမ်မှုနဲ့ စည်းရုံးမှုများ ထိခိုက်ခဲ့တာတွေ့ရပါ တယ်။ ဒါတွေက ထရန့် administration အပေါ်စိန်ခေါ်မှုတွေ ဖြစ်ခဲ့တာပါ။

နောက်ဆုံးတော့ ထရန့်ကြွေးကြော်နေတဲ့ America First ဆိုတာ ထရန့်အုပ်စုနဲ့ ထရန့်မိသားစုတွေ အကျိုးစီးပွား First ဖြစ်သွားခဲ့တာ ထင်ထင်ရှားရှားတွေ့ခဲ့ကြမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ အဲဒီ ကာလမှာ မဲရှုံးသွားခဲ့တာဖြစ်ပါတယ်။ ထရန့်က မီဒီယာကို "Fake News" လို့အများကြီးတိုက်ခိုက် တာ၊ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အခါ "မဲလိမ်" တယ်ဆိုပြီး အာဏာလွှဲပြောင်းမှုကို အဆင်မပြေမှု တွေ ဖန်တီးတာ၊ January 6 Capitol ကို လူတစုဝင်ရောက်မှုကို မတားဆီးပဲ အားပေးအားမြှောက် စကားတွေနဲ့ ဝင်ရောက်ပါတ်သက်ခဲ့တာတွေဟာ အရုပ်ဆိုးတဲ့ ဒေါ်နယ်ထရန့်ရဲ့ ပုံရိပ်တွေဖြစ်ခဲ့ ပါတယ်။ ထရန့်ရဲ့လုပ်ရပ်တွေနဲ့ ပါတ်သက်ပြီး အာဏာရှင်သွင်ပြင်လက္ခဏာ (Authoritarian Tendencies) လို့ ပြောဆိုကြတာ တွေ့ရပါတယ်။

ထရန့်လုပ်ရပ်တွေဟာ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာကြီးကို ဘယ်လို ထိခိုက်စေနိုင်မလဲ

ထရန့်ရဲ့လုပ်ရပ်တွေဟာ ရွေးကောက်ပွဲစနစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ထိခိုက်စေခဲ့ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေဟာ ဒီမိုကရေစီစနစ်ရဲ့ တည်ငြိမ်မှုကို အားနည်းစေခဲ့ပါ တယ်။ အရင်သမ္မတလုပ်ခဲ့စဉ်ကလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လူထုအုပ်ချုပ်မှု (Rule by the People) ကို လုံးဝလေးစားလိုက်နာမှုမရှိခဲ့သလို လက်ရှိမှာလည်း တရားဥပဒေစိုးမိုး ရေး (Rule of Law) ကို လိုက်နာရန် ပျက်ကွက်မှုတွေ ထင်ထင်ရှားရှားလုပ်လာတယ်လို့ ယူဆကြ ပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်ကို ထောက်ခံသူတွေ ပြောနေသလို "သူကစနစ်ကိုဖျက်ချင်တာမဟုတ်ဘူး၊ Corrupt Elite System ကို ဖျက်ချင်တာ" ဆိုတဲ့ အယူအဆဟာ လုံးဝမှားပါတယ်။ အားလုံးဟာ ဥပဒေ အောက်မှာဘဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ တရားဥပဒေဟာ ဘယ်သူမဆို တန်းတူနာခံရပြီး၊ အာဏာရှိသူတွေပါ ဥပဒေအောက်မှာ ရှိတာဖြစ် ပါတယ်။

ကမ္ဘာ့စနစ်အပေါ် ရိုက်ခတ်မှုများ

ကမ္ဘာ့စနစ်အပေါ် ရိုက်ခတ်မှုတွေများစွာ ဖြစ်ပေါ်လာမည်လို့ ခန့်မှန်းကြပါတယ်။

အမေရိကန်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံရေးပူးပေါင်းမှုတွေ (NATO, UN, G7, G20)
ထရန့်နဲ့အတူ America First ဝါဒကြောင့် တချို့ပူးပေါင်းမှုတွေကို ဆုတ်ယုတ်စေပါတယ်။


အာရှ၊ ဥရောပမှာ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲ
ဥရောပနိုင်ငံတွေဟာ အမေရိကန်မဲ့စနစ်သစ်တွေ တည်ထောင်ကြဘို့ ကြိုးစားလာနိုင်တယ်။ ဥပမာ ယခုအချိန်မှာတောင် EU ဟာ အမေရိကန်ရဲ့ AI နည်းပညာအပေါ် ကန့်သတ်စေချင် တာတွေ၊ ရင်းနှီးမြှုပ်နှံမှု အနာဂတ်အပေါ် ထိမ်းချုပ်မှုတွေ ဖန်တီးလာတာတွေ ရှိလာနိုင်ပါ တယ်။


ဝင်ရိုးသစ်တွေဖွဲ့ဖို့ ကြိုးစားမှုတွေ
အမေရိကန်အပေါ် အားကိုးမှုနည်းလိုတဲ့ နိုင်ငံတွေအကြား BRICS (Brazil, Russia, India, China, South Africa) စနစ်တွေက ဖြစ်ထွန်းတိုးပွါးလာနိုင်ပါတယ်။


ကမ္ဘာတည်ငြိမ်မှု ပျက်ပြားမှုတွေ
အမေရိကန်ဟာ အခုလို မတည်ငြိမ်တဲ့အကောက်ခွန်စည်းမျဥ်းတွေ၊ နိုင်ငံရေးအရစွက်ဖက်မှု တွေ၊ ကမ္ဘာ့စီးပွားရေးရဲ့အန္တရာယ်ကင်းမှုအပေါ် ဦးဆောင်မှုမရှိပါက ကမ္ဘာတလွှား တဆင့်ခံ စစ်ပွဲတွေ (Proxy Wars), စီးပွားရေးကျဆင်းမှု အကြပ်အတည်း (Recession Risks), ကုန် သွယ်ရေးသံသယမှုဖြစ်မှုတွေ ပေါ်လာနိုင်ပါတယ်။

မစ္စတာထရန့်ရဲ့ ယနေ့လုပ်ဆောင်မှုများက ထိပ်တန်းနိုင်ငံကြီးတခုရဲ့ အသွင်အပြင်ပြောင်းလဲခြင်းကို ဖန်တီးနိုင်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ Power Balance ပျက်စီးသွားနိုင်သည်အထိ ဖြစ်ပေါ်နိုင်ကြောင်း ခန့် မှန်းမှုများထွက်ရှိလာတာကို တွေ့မြင်ရပါကြောင်း တင်ပြလိုပါတယ်။


ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar