ဖလော်ဒါဟန် - နေဝင်ညများ
ဖလော်ဒါဟန် - နေဝင်ညများ
မိုးမခ ၊ မတ် ၁၆ ၊ ၂၀၂၅
အဲ့နေ့ကပေါ့
မှောင်နေလိုက်တာ
မီးကလည်းပျက်
သတင်းလည်းပျက်
အနာဂတ်ခရီး
မျှော်လင့်ပျောက်ကွယ်
အဲနေ့ကပေါ့
ဖယ်ရီကားပေါ်
နေဝင် တိတ်ဆိတ်
အပြုံးပျောက်ကွယ်။
အဲနေ့ကပေါ့
အလင်းမဲ့
ဒေသ
သူမ ပျောက်ကွယ်။
အဲဒီနေ့ကပေါ့
လမ်းမထက်မှာ
ပညာမဲ့တွေ
ပျံသန်းခဲ့တာ။
အဲနေ့ကပေါ့
တိတ်ဆိတ်ခြင်းကို
စိန်ခေါ်ခဲ့တာ။
အဲနေ့ကပေါ့
ဝဲနေတဲ့
စစ်ရဟတ်ယာဉ်
အလုပ်ပြူတင်းကနေ
ငေးကြည့်ရင်း
ကြိတ်ငိုခဲ့တာ။
အဲနေ့ကပေါ့
မကြားချင်တဲ့ သတင်း
မမြင်ချင်တဲ့ လုပ်ရပ်
သပြေကုန်းအဝိုင်းနား
သူမ အသက်
ငြိမ်သက်ခဲ့တာ။
အဲနေ့ကပေါ့
နွေဦးအစ
ခရီးကြမ်းမှာ
နုတ်ဆက်အသံပြန်ဆုံကြမယ်
ဝေးခဲ့ကြတာ
အဲနေ့ကပေါ့
နှစ်တနှစ်ရဲ့
နွေဦးအစ
အဆုံးခရီး ပျံသန်းကြရင်း
သက်တမ်းတခု
ဖြစ်တည်ခဲ့ပေါ့။
၄.၃.၂၀၂၅
ဖလော်ဒါဟန်
1:20p:m
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar