ဖလော်ဒါဟန် - ထမင်းတပွဲနိဂုံး
ဖလော်ဒါဟန် - ထမင်းတပွဲ နိဂုံး
မိုးမခ၊ မတ် ၇ ၊ ၂၀၂၅
ဒီဓာတ်ပုံလေး မြင်တော့ ကျွန်မ ငယ်စဉ်က အမေကြီး ပြောခဲ့တဲ့ စကားလေးကို အမှတ်ရမိပါတယ်။
ညစာ စားချိန်ဆို ဂျပန်ခေတ်က ထမင်းကောင်းကောင်းမစားရဘူးတဲ့။
ဂျပန်လေယာဉ်သံတွေ ကြားတာနဲ့ ဗုံးခိုကျင်းထဲ ပြေးပုန်းရတာတဲ့။
ဒါမှမဟုတ် တောထဲက ပဲရိတ်ပြီးချိန် ပဲပုံတွနောက် ပြေးပုန်းရတယ်တဲ့။ ပြန်လာရင် ထမင်းတွေကို တိရစ္ဆာန်တွေ စားကြလို့ ထမင်းမစားရတဲ့ရက်တွေ အများကြီး ဆိုပါတယ်။
ကျွန်မအမေကြီးဆို ကျွန်မရဲ့ လေးလေး ကိုယ်ဝန်ကြီးနဲ့ ပြေးရတယ်လို့လည်း ပြောပြဖူးပါတယ်။
အမေကြီးတို့ခေတ် မလွတ်မြောက်ခြင်းက ယနေ့အချိန်အထိ လေယာဉ်သံ မစဲသေးသည်ကတော့အရှေ့တောင်အာရှနိုင်ငံများမှ ကျွန်မတို့ မြန်မာပြည်ကြီးအတွက် ကြေကွဲဖွယ်ရာပါပဲ။
ယနေ့အချိန် အဖြစ်ဆိုးများက ရုပ်ဆိုးအကျည်းတန်လှသလို နိုင်ငံတခုအတွက် အဆိုးဘက်ကိုရောက် နေတယ်လို့ပြောနိုင်ပါတယ်။
အခုဆို ပြည်သူတွေဘဝက ခေါင်းပေါ်က လေယာဉ်သံများ ကြားချိန် အန္တရာယ်က ဘယ်နေ့များငါတို့ဆီ ရောက်လာမှာပါလိမ့် ဆိုတဲ့ အတွေးက ပြည်သူများရဲ့စိတ်ကို စိုးရိမ်ထိန့်လန့်မှုက လွှမ်းမိုးနေပါပြီ။
ကျွန်မအတွက် ငယ်စဉ်အခါ ကလေးဘဝက အမေကြီးတို့ရဲ့ အဖြစ်အပျက်တွေ ကြားရချိန်ကဆို ဆိုးလိုက်တာနော်လို့ တွေးခဲ့ဖူးချိန်၊ ယနေ့အချိန် ကိုယ်တွေ့ မြင်တွေ့ ရချိန်မှာ မြန်မာပြည်ကြီး ဘာကြောင့် မငြိမ်းချမ်းရတာလဲ ဆိုတဲ့ အဖြက ပြည်သူတွေမှာ လွတ်လပ်ရေးမရသေးလို့ပါပဲ။
ဘယ်ခေတ် ဘယ်စနစ်မှာ ဖြစ်ဖြစ် ပြည်သူသာ အဓိက ဆိုတဲ့ ခေါင်းစဉ်ပျောက်ပြီး အုပ်ချုပ်သူအစိုးရသာ ချမ်းသာခြင်း၊ အဏာတည်မြဲရေးဆိုတဲ့ လက်နက်ကို ဆုပ်ကိုင်ခဲ့ကြလို့သာ အခုလိုမြန်မာပြည်ကြီးက လွတ်လပ်ရေး မရနိုင်တာပါ။
ကျွန်မအနေနဲ့ ယနေ့အချိန် လက်တွေ့ အဖြစ်အပျက်များမှ ဖြည့်စွက်ပြောရရင် 'ပြည်သူတွေမှာ နိစ္စဓူဝ ခံစားနေရတဲ့ ဒုက္ခမျိုးစုံဖြင့် ဘဝတွေ ပေးဆပ်နေကြရတာ အဖြေပါပဲ။
ဒုက္ခစုံတဲ့ အမျိုးစုံအောက်မှာ လူ့အခွင့်အရေး ပျောက်ကွယ်လာတော့ မြန်မာပြည်ရဲ့ အနေအထားက လူသားအရင်းအမြစ်က စလို့ နိုင်ငံပျောက်သူတွေရော အိုးအိမ် နေရာ ဆုံးရှုံးသူတွေပါ ပေါများလာရတယ်။
လူ့အသိုင်းအဝန်းမှာ အသေးအဖွဲလို့ ထင်ရတဲ့ လူတယောက်အတွက် ထမင်းတပွဲကိုတောင် လွတ်လပ်စွာ စားခွင့်မရှိတဲ့ အခြေအနေအနေမှာ လူ့အသက်တချောင်းက တန်ဖိုးမရှိလှတဲ့ ခေတ်စနစ်ကြီးလို့ ပြောရင် ရပါလိမ့်မယ်။
အာဏာရှင် ဆိုတာကတော့ ဘယ်သောအခါမျှ လူတယောက်အတွက် အရေးကြီးဆုံး အသက်ကို တန်ဖိုးထားလေ့ မရှိသလို အခြားသော အနိုင်ကျင့်မှုမျိုးစုံဖြင့် မိမိပြည်သူတွေရဲ့ ဘဝကို ပိတ်ပင်တားဆီးထားတာ ဓမ္မတာပါ။ ဒါထက်ဆိုးတာက သက်တမ်းရှည်နိုင်သလောက် ရှည်နိုင်သည့်နည်းမျိုးစုံမှ လက်နက်မရှိတဲ့ ပြည်သူကို ရက်ရှည်လများ အကျဉ်းကျဘောင်ခတ်ထားခြင်းပါပဲ။
ခေတ်တွေ စနစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ကျင့်သုံးခဲ့တဲ့ စနစ်က မပြောင်းတာ အာဏာရှင်ပါ။
အာဏာရှင်နဲ့ အစိုးရ ပူးတွဲနေသရွေ့ ပြည်သူအတွက်တော့ ထမင်းတပွဲက ခါးသက်နေအုံးမှာပါပဲ။
၂၇.၂.၂၀၂၅
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar