Breaking News

ကတ်ချ်မီးယားတိုက်ခိုက်မှု ပါကစ်စ္စတန်စစ်သွေးကြွ လက်ချက်


ကတ်ချ်မီးယားတိုက်ခိုက်မှု ပါကစ္စတန်စစ်သွေးကြွ လက်ချက်
(မိုးမခ နိုင်ငံတကာမျက်နှစာ အစီအစဉ်) ဧပြီ ၂၄၊ ၂၀၂၅


အိန္ဒိယပိုင် ကက်စ်မီးယားဒေသမှာ လူအနည်းဆုံး ၂၆ ယောက် သေဆုံးခဲ့တဲ့ အင်္ဂါနေ့က ပစ်ခတ်မှုကို ဒေသခံ The Resistance Front အကြမ်းဖက်အဖွဲ့က သူတို့ရဲ့ လက်ချက်အဖြစ် ကြေညာတယ်လို့ ဒေသခံအိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ ။ ပဟာဂန်ဆိုတဲ့ ကတ်စ်မီးယားတောင်ပေါ်မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ ဒီသေနတ်ပစ်ခတ်မှုမှာ သေဆုံးသူအများစုဟာ အိန္ဒိယအလည်အပတ်ခရီးသွားတွေဖြစ်ပေမယ့် ကမ္ဘာလှည့်ခရီးသည်တချို့လည်း ပါတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေထဲမှာ လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုလို့ ကတ်စ်မီးယားအုပ်ချုပ်ရေးမှူး အိုမာအက်ဒူလာက ပြောဆိုပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုကို တာ၀န်ခံထားတဲ့ the Resistance Front ဆိုတဲ့ စစ်သွေးကြွအဖွဲ့ဟာ ၂၀၀၈ ခုနှစ်က လူ ၁၆၆ ဦး သေဆုံးခဲ့တဲ့ မွန်ဘိုင်မြို့တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ လက်ချ်ခရှပ် ထရယ်ပါ (Lashkar-e-Taiba) အကြမ်းဖက်အဖွဲ့ရဲ့ လက်ခွဲအဖွဲ့ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီဟာလည်း သူ့ရဲ့ ခရီးစဥ်ကို အတိုချုံးပြန်လာခဲ့ပြီး ဒီအကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်က လက်သည်တရားခံတွေကို ဖော်ထုတ်အရေးယူပြီး အကြမ်းဖက်ပေါ် စစ်ဆင်ရေးတွေကို ပိုမိုအပြင်းအထန်ဆောင်ရွက်မယ်လို့ သူ့ရဲ့ X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အမေရိကန်သမတ ဒေါ်နယ်ထရမ့်ကလည်း ၀န်ကြီးချုပ်မိုဒီကို တယ်လီဖုန်းဆက်ပြီး ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ၀န်ကြီးချုပ်ရဲ့ အကြမ်းဖက်တွေ ချေမှုန်းရေးကို အပြည့်အ၀ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။

(Radio NUG တွင် ထပ်ဆင့်ထုတ်လွှင့်ပါတယ်)။ စီစဉ် - ကိုနိုင် (မိုးမခ) ၊ အသံပိုင်း - အယ်ရီ (Radio NUG)


https://youtu.be/PItQwgQPCOc







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar