Breaking News

တင်ညွန့်မြိုင် (သာစည်) - မျက်ဝန်းမြစ်

Art by Than Htay Maung
မျက်ဝန်းမြစ်
တင်ညွန့်မြိုင် (သာစည်)
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၅

( ၁ )

ပိတောက်ရေ
နင်ဟာ မီးတောက်အောင်လှတယ်
နင်ဟာ ဂါရဝနံ့သင်းတယ်
ဒီမှာ
ထန်းနဲ့ ထနောင်း ခေါင်းမော့ပြီး
လက်ခမောင်းခတ်လို့၊၊

ပိတောက်ရယ်
ငါ
ကြက်သွန်ခင်းတွေ ကြည့်လိုက်တဲ့အခါ
မျက်ရည်တွေ သွန်ချနေတယ်
လမင်းကြီးကို ငေးဖို့ ငါ မေ့ခဲ့ပြီ၊၊

ကျည်ဆံတွေ ဟိုပျံ ဒီပျံ
ကောင်းကင်ပေါ်က
ညတိမ်တွေ ရေတိမ်နစ်ကြသေးလား၊၊

( ၂ )

မိုးချုန်း
နေချုန်း
မြေချုန်းတဲ့ ဒီအရပ်မှာ
(၂၈. ၃ . ၂၀၂၅ )
အိမ်များ
ဝါဆိုဝါခေါင် မျက်ရည်များ
စိတ်နဲ့ အသက်တွေ ပျက်ကျ
အိပ်မက်တွေလည်း ပျက်ကျ
ပျက်ကျတဲ့အသံ သည်းသည်းညံလို့
အို
ခုနစ်စဉ်ကြယ် စင်ကြယ်ခဲ့ရဲ့လား ၊၊  ၊၊

(ဆရာ နေမိုးချုန်း သို့)
၂၀၂၅ ဧပြီ ၁၂
ခေတ္တ သျှန္တီမင်္ဂလာကျောင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar