Breaking News

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကမ်းခြေမြို့တမြို့ဖြစ်တဲ့ ဟွာဟင်းမြို့နားမှာ သောကြာနေ့က မနက်ပိုင်းက တော်၀င်ထိုင်းရဲတပ်ဖွဲ့ လေယာဥ်ငယ်တစင်း ပျက်ကျ



ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကမ်းခြေမြို့တမြို့ဖြစ်တဲ့ ဟွာဟင်းမြို့နားမှာ သောကြာနေ့က မနက်ပိုင်းက တော်၀င်ထိုင်းရဲတပ်ဖွဲ့ လေယာဥ်ငယ်တစင်း ပျက်ကျပြီး လိုက်ပါသူ ရဲအရာရှိ ၆ ယောက်လုံး သေဆုံးပါတယ်။ 
မနက် ၈ နာရီခွဲလောက်မှာ လေထီးသင်တန်းတခုအတွက် ပြင်ဆင်ပျံသန်းရင်း ပျက်ကျခဲ့တာလို့ တော်၀င်ရဲတပ်ဖွဲ့ ပြောခွင့်ရအရာရှိက ပြောဆိုပါတယ်။ လေယာဥ်ပျက်ကျခဲ့တဲ့နေရာဟာ ဟွာဟင်းလေဆိပ်အနီးမှာပဲလို့လည်း ခရိုင်အာဏာပိုင်တဦးက ပြောဆိုပါတယ်။ 
ပင်လယ်ကမ်းခြေကနေ ပေ ၃၃၀ အကွာလောက်မှာ အင်ဂျင် ၂ လုံးတပ် လေယာဥ်ငယ်ဟာ ဇောက်ထိုးအနေအထား အရှိန်နဲ့ ပျက်ကျခဲ့ပြီး ရုပ်သံမှတ်တမ်းတွေမှာ လေယာဥ် ၂ ပိုင်းပြတ်အနေအထားနဲ့ တွေ့မြင်ရပါတယ်။ 
သေဆုံးသွားခဲ့ကြတဲ့ ရဲအရာရှိ ၆ ဦးထဲက ၅ ဦးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြပြီး တဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပျက်ကျရခြင်းအကြောင်းရင်းကို အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပြီး အားလုံးပြီးစီးမှပဲ တရား၀င်ထုတ်ပြန်ပေးမယ်လို့  အာဏာပိုင်တွေက ပြောဆိုပါတယ်။

စီစဉ် - ကိုနိုင် (မိုးမခ)၊ အသံ - နွေဦးနိုင် (Radio NUG)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar