နိုင်မွန်အောင်သွင် - အိမ်ငေးသူ
အိမ်ငေးသူ
နိုင်မွန်အောင်သွင်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၅
အိမ်ကိုငါတွေးတယ်
ဒါကြောင့်
အိမ်ရှိတယ်။
ကျောပိုးအိတ်နဲ့မှမဟုတ်ဘူး
ရင်ဘတ်နဲ့သွားလည်း
ရောက်ပါတယ်။
အိမ်ထဲဝင်သွားတဲ့အခါ
ငါ့ကို
ဘယ်သူမှမတွေ့မှာကိုတော့
စိုးရိမ်မိတယ်။
အိမ်ဆိုတာကို
မျက်ရည်တကမ်းစာလောက်လေး
ကြည့်ငေးနေရလိမ့်မယ်လို့
တစ်ခါမှ ထင်မှတ်မထားခဲ့ဖူးဘူး။
၂၅.၄.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar