Breaking News

ဖလော်ဒါဟန် - ၄ နှစ်ခရီး တလုတ်မြို့အကြောင်း တစေ့တစောင်း

 ၄ နှစ်ခရီး တလုတ်မြို့အကြောင်း တစေ့တစောင်း

ဖလော်ဒါဟန်

မိုးမခ ၊ မေ ၁၃ ၊ ၂၀၂၅

၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က တလုတ်မြို့ရဲ့ လေဟုန်ပြင်းပြင်းနဲ့ စတင်ခဲ့တဲ့ တူမီးသေနတ်က ယနေ့အချိန်အထိ အားအင်ပြည့်ဝ နိုင်ရာတာဝန်နဲ့ စကစကို တွန်းလှန်နေကြဆဲပါ။

ကျွန်မ မှတ်မိနေတယ် ပထမအကြိမ်မှာ တောထဲမှာ တဲထိုးနေ ရှောင်ပုန်းနေကြရတဲ့ ရွာသားတွေ ယနေ့အထိရော ရှောင်ပုန်းနေကြရဆဲလား။

ရွာကို တပ်စွဲထားတာကလည်း ယနေ့အချိန်အထိဆိုတော့ ရွာသားများရဲ့ဘဝက အဆင်ပြေတလှည့်မပြေတလှည့်နဲ့ ကျီလန့်စာစားနေကြရတဲ့ဘဝပါပဲ။

အဆင်ပြေလို့ နေထိုင်ခွင့်ရတောင် လေယာဉ်သံက အဆင်မပြေတဲ့အတွက် နိုးတဝက် အိပ်တဝက်ဘဝတွေမို့ ရွာလူထုလည်း စစ်နဲ့ဝေးရာ ‌‌ဒေသတွေမှာ နေထိုင်ရင်း စားဝတ်နေရေးကိုဖြေရှင်းနေကြရတယ်။

ဒီကြားထဲ အဆိပ်ရှိသတ္တဝါတွေ အန္တရာယ်ကြောင့် အသက်ဆုံးသွားတာမျိုးလည်း ကြုံကြရတယ်။

ပြည်သူဆိုတာ တလရ ကာလမှာ တလရ နယ်ပယ်တွေမှာ အဆင်မပြေလည်း အဆင်ပြေအောင်နေထိုင်ကြခြင်းနဲ့ပဲ စစ်ဆိုတဲ့ရိုက်ခတ်မှုကို အကြိမ်ကြိမ်ကို ခံကြရတယ်။

အခုဆို တလုတ်မြို့ခံတွေအတွက် စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ မိမိတို့အသက်ကို ပဓာနမထားဘဲ မိမိတို့ပိုင်ပစ္စည်းများရဖို့ စကစ  လက်ဝေခံအမှုထမ်းများထံ ခွင့်ပြုမိန့်ရယူကြရတယ်။

အခုဆို ပြည်သူများပင်လျှင် ဘောင်ခတ်ခံဘဝနဲ့ မိမိတို့ရပ်ရွာထဲဝင်ခွင့် အသက်ရှင်နေနိုင်ဖို့အတွက် ကျပ်တည်းလာကြတယ်။

တကယ်ဆို ပြည်သူဆိုတာ အုပ်ချုပ်ခံဘဝမှာ အသက်ကို စတေး၊ ဘဝတွေကို စတေးနေရမယ့် လူ့အသက်တွေ မဟုတ်ပါဘူး။

တကယ်ကို ပြည်သူအပေါ် စေတနာအပြည့်ရှိကြမယ်ဆို ရှင်သန်ခြင်းနဲ့ ပြည်သူကို လွတ်လပ်ခွင့် လွတ်မြောက်ခွင့်မှာ  ပြည်သူနေတဲ့ ရပ်ရွာကို ကာဗာယူပြီး အနိုင့်ကျင့် နေထိုင်စရာ မလိုပါဘူး။

အခုတော့ မိမိအိမ်ရာကို စွန့်ထား ရွာဗလာနီးနီးရှိတဲ့ ရွာကြီးမှာ နှစ်နဲ့ချီ စည်းစိမ်ရစ် ရသမျှယူ ပြည်သွေး ချွေးကို စုပ်ယူနေကြတာပါ။ ဒါကို လူက ခါးစည်းခံနေကြရတယ်။

၄ နှစ်တာကာလမပြည့်မီ လပိုင်းအလို အန်တု တုံ့ပြန်လာတဲ့ တလရ ရဲဘော်များကို သေနတ်ကျည် တဖြောက် နှစ်မြောက်ဖောက် ကောင်းကင်မှ လေယာဉ်ဖြင့် လာကူချိန်စောင့် ပြည်သူကို ပစ်မှတ်ထား အသက်တွေ ဆုံးရှုံးခဲ့ရတာ ဒုတိယအကြိမ် တလုတ်မြို့ရဲ့ ခုခံစစ်ကြီး မဟုတ်ပါလား။

-

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar