Breaking News

စိုးရိမ် - အဆန်းကြီးကမ္ဘာ

Art by POS

အဆန်းကြီးကမ္ဘာ
စိုးရိမ်
(မိုးမခ) ေမ ၂၈၊ ၂၀၂၅

အနှေးပြကွက်နဲ့ပြန်ကြည့်နေရသလိုမျိုး
ခြေထောက်နှစ်ချောင်းရှိခဲ့ဖူးတာကို
မျက်လုံးနှစ်လုံးရှိခဲ့ဖူးတာကို
သွေးချင်းသားရင်းတွေကို

လူ့ဂုဏ်သိက္ခာကိုတန်ဖိုးမထား
လူလူချင်းချနင်းနေတဲ့နိုင်ငံမှာ
တော်လှန်ရေးအသက်ဝင်လာတာမဆန်းပါဘူး

ဆန်းလွန်းနေတာက
အိမ်နီးချင်းတွေနဲ့ အဖွဲ့အစည်းတွေကပါ
ဝိုင်းဝန်း ကူနင်းနေကြတာကို။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar