အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၁ )
မိုးမခ၊ မေ ၁၀ ၊ ၂၀၂၅
28/4/25
Diary in the darkness
မအလ ကတော့ အလောင်းချင်း ထပ်နေတဲ့ မြန်မာပြည်မှာ သမ္မတကြီးဖြစ်ရရင်လည်း ကျေနပ်နေမှာ သေချာတယ်။
မနက် ၄ နာရီလောက် နိုးတယ်။ ပါချုပ်ဆရာတော်ရဲ့ မေတ္တသုတ် အနှစ်ချုပ် နာဖြစ်တယ်။ ညက ပူလို့ ကောင်းကောင်းအိပ်မပျော်ဘူး။ မီးကတော့ လာလိုက် ပြတ်လိုက်ပါပဲ။
ခုတလော ထရမ့်ရဲ့ဝင်ငွေခွန်တိုးကောက်ခဲ့တဲ့လုပ်ရပ်ကို အကြောင်းပြုပြီး အမေရိကန် - တရုတ် ကုန်သွယ် ရေးစစ်ပွဲသတင်းတွေကို စိတ်ဝင်တစား နားထောင်ဖြစ်ပါတယ်။ အဲဒီ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ပြည်မှာ စက်ရုံတွေ ပိတ်ကုန်တယ်။ အလုပ်လက်မဲ့တွေ တိုးလာတယ်။ တရုတ်ငွေတန်ဖိုး သိသိသာသာကျသွားတယ်။ အမေရိကန် စတော့ရှယ်ယာတွေ ထိုးကျသွားတယ်။
တရုတ်ရဲ့ စီးပွားရေးက အမေရိကန်ပို့ကုန်အပေါ် သိသိသာသာ မှီခိုထားတော့ ထရမ့်ရဲ့ ဝင်ငွေခွန်တိုးမြှင့်လိုက်တဲ့ လုပ်ရပ်ဟာ တရုတ်အပေါ် သိသိသာသာ နစ်နာသွားတယ်။ အလားတူပါပဲ တရုတ်ပို့ကုန်တွေအပေါ် မှီခိုနေရတဲ့အမေရိကန်လုပ်ငန်းရှင်တွေနဲ့ အမေရိကန်ပြည်သူတွေလည်း အထိနာကုန်တယ်။ ထရမ့် ထောက် ခံသူတွေက ဒီကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန် နိုင်နေတယ်လို့ ပြောပါတယ်။
တရုတ်ဘက်ကတော့ ကုန်သွယ်ရေးစစ်ပွဲဟာ တရုတ်၊ အမေရိကန် အပါအဝင် တကမ္ဘာလုံးကို နစ်နာစေတယ်လို့ ပြောပါတယ်။ အမေရိကန် စီးပွားပညာရှင် ဂျက်ဖရီအပါအဝင်ထင်ရှားတဲ့ အမေရိကန်စီးပွားရေး ပညာတွေကတော့ ထရမ့်ရဲ့ ဝင်ငွေခွန်တိုးမြှင့်လိုက်တဲ့ လုပ်ရပ်ဟာမှားကြောင်း အဆက်မပြတ် ထောက်ပြနေကြပါတယ်။
တရုတ် - အမေရိကန် စီးပွားရေးစစ်ပွဲဟာ လက်နက်ကိုင်စစ်ပွဲအထိ ဖြစ်သွားနိုင်တယ်။ မြန်မာပြည်ကတော့ တရုတ် - အမေရိကန် ကြားခံစစ်မြေပြင်ဖြစ်သွားနိုင်တယ်။ မအလကတော့ အလောင်းချင်းထပ်နေတဲ့ မြန်မာပြည်မှာ သမ္မတကြီးဖြစ်ရရင်လည်း ကျေနပ်နေမှာ သေချာတယ်။
တနေ့က ဆီးကြိတ်ခြစ်ထားလို့ ဆီးသွားရတာ အခက်အခဲရှိနေတယ်။
ဒီနေ့တော့ ဒီလောက်ပဲ။
အန်ကယ် တူမီး
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar