ဧဏီမင်း - ဘုရားဖြစ်ချင်ရင်တော့ မာရ်နတ်နဲ့ စစ်ခင်းရတာပဲ
ဘုရားဖြစ်ချင်ရင်တော့ မာရ်နတ်နဲ့ စစ်ခင်းရတာပဲ
ဧဏီမင်း
(မိုးမခ) မေ ၇၊ ၂၀၂၅
အဆုံးသတ်မှာ
သိုးမည်းတစ်အုပ်ကို ကန်ထုတ်မယ်
ပွဲတော်အုပ်ဟာ
ငါတို့ရဲ့သံစဉ်ဖြစ်ပြီး
နိုင်ငံတော်ရဲ့ဗဟိုချက်မမှာ
အောင်တေးကို ဆိုကြမယ်
မလိုက်ရဲသူတွေ ဘေးဖယ်
သွေးနည်းရင် စည်းဝိုင်းအပြင်ကိုထွက်
ဒါက
ဂျီးဇက်စ်ရဲ့ နောက်ဆုံးညစာလည်း ဖြစ်နိုင်တယ်
ဘုရားဖြစ်ချင်ရင်တော့
မာရ်နတ်နဲ့ စစ်ခင်းရတာပဲ
တနေ့မှာတော့
ရွှေပလ္လင်ဟာ
တရားတဲ့သူပဲ ပိုင်ရမယ်
တရားတဲ့သူပဲ ဆိုင်ရမယ်။ ။
၁၀ ဖေဖဝါရီ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar