ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အသေခံဆေးပြား
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အသေခံဆေးပြား
မိုးမခ ၊ မေ ၂၀ ၊ ၂၀၂၅
ဒီရက်ပိုင်း စစ်အုပ်စုရဲ့ မူးယစ်ဆေးပြားတွေ ဟိုနိုင်ငံ ဒီနိုင်ငံမှာမိနေတော့ ပြည်တွင်းမှာ မူးယစ်ဆေးပြားမိသတင်းတွေလုပ်ဖို့ မဟားဒယား အဖမ်းပြနေရတယ်။ အာဆီယံကိုလဲ ငါတို့ဒီလိုလုပ်နေပါတယ်ဆိုပြီး ထုံးစံအတိုင်း နှစ်ကျပ်တမတ် ကွက်ခင်းတာပေါ့။ အာဆီယံနဲ့ ကျန်နိုင်ငံတွေကလဲ ဓာတ်ပြီးသားပါ။ စစ်အုပ်စုပါးစပ်ဟလိုက်တာနဲ့ ချီးကဘယ်နှစ်တုံးမျိုထားတယ်ဆိုတာ အကုန်သိ။
အမှန်က သူတို့ဖမ်း၊ သူတို့မိတယ်ဆိုတာ မလှိမ့်တပတ်နဲ့ တရားဝင်သယ်ဆောင်တာပဲလေ။ အမယ် မိလိုက်တဲ့မူးယစ်ဆေးပြားမှန်သမျှ AA နဲ့ ပေးစားရသေးတာ။ ဒါတွေက စစ်အုပ်စုနဲ့ သူ့ BGF သူ့ပြည်သူ့စစ်ထုတ်ကုန်ဆိုတာ လူတိုင်း သိပါတယ်။
သူ့လူတွေက သူ့ရဲ့ဂိတ်တွေကို ကြိုက်သလိုဖြတ်၊ ကြိုက်တဲ့ဆီပို့ပြီး နိုင်ငံတကာကို ဖြဲပြနေတာကြာပလေ။ အာဏာသိမ်းစက ဓမ္မဒူတက ဟင်းသီးဟင်းရွက်အလှူတော်ကားကြီးနဲ့တင်လာတဲ့ဆေးပြားတွေကို ကရင်က သင်တန်းဆင်းအပြန်လေးတွေစောင့်ဖမ်းရင်း မှားကိုင်မိလို့ သတင်းမဖြစ်တဖြစ်လေး လုပ်ခဲ့လေသေးရဲ့။ ခဏနေတော့ မတော်တဆ ဖမ်းလိုက်ရတဲ့ အဲဒီနှစ်ယောက် ပြန်လွတ်လာတာပါဘဲ။ စစ်အုပ်စုရဲ့ မူးယစ်ဆေးပြားလက်တံဟာ ဘယ်ထိရောက်လဲဆိုတာ သိစေချင်လို့ ဦးကြက်ဖရဲ့ ဓမ္မဒူတ ဆေးကိစ္စကို ထည့်ပြောတာပါ။
ဆေကိန္ဒကနေ ဆေးကိစ္စလို့တောင် ဘွဲ့မည်ပြောင်းခေါ်ခဲ့ကြသေးတာ။ အဲသလို မဘသအုပ်စုကြီးတွေပါ ဆေးပြားလက်ကားဖြန့်နေကြတဲ့အထိနော်။ စစ်ကိုင်းအုပ်စုတွေ ဆိုပါတော့လေ။ အဲဒီစစ်ကိုင်းအုပ်စုမှာ မူးယစ်ဆေးပြားနက်ဝပ်ကြီး ခိုင်ခိုင်မာမာရှိတာ ကြာပါပြီ။ နိုင်ငံခြားသားတွေဆီ သက်ငယ်လိင်တူလိင်ကုန်ကူးမှုနဲ့ပါ ထိစပ်ကြပါတယ်။ ခု တချို့က တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အသေခံတပ်သားတွေ ဝင်တိုက်နေတယ်လို့ ပြောကြတာ ရှိတယ်။ အမှန်တော့ အသေခံဆေးပြားတွေပါ။ ပအိုဝ်းစစ်သား စုဆောင်းတာဆိုရင် သင်တန်းကျောင်းမှာ စခန်းမှာ ဆေးပြားလိုသလောက်ရမယ် ပြောပြီးကို စုဆောင်းတာလေ။ လေယာဉ်ကချပေးတဲ့ ရှေ့တန်းပို့ရိက္ခာထုပ်တွေရရင်လဲ ဆေးပြားထုပ်သတ်သတ်ပါတာ တွေ့နေရတာဘဲ။ အသေခံဖို့ကို သေမှာမကြောက်အောင် ဆေးပြားတိုက်ခံထားရသူတွေပေါ့။
မအလတို့အုပ်စု ဆေးပြားထုတ်လို့ မအားပါဘူးဆို ရွေးကောက်ပွဲသံ တညံညံ ပေးနေတဲ့ တယောက်က သတ်သတ်ကို ရှိတယ်။ နိုင်ငံရေး ဆိုတာ ဆိုတာဆိုပြီး ခဏခဏ ပြောနေတဲ့ ကိုကိုကြီးတယောက်ဟာ စစ်အုပ်စုနဲ့ လုံးရင်းလုံးရင်း နိုင်ငံရေး လုံးပါးပါးလာရာက စုံးစုံးမြုပ်မှာကြောက်လို့ မအလကို အာဏာလွှဲရက်နီးလာပြီတွေဘာတွေနဲ့ ကြိမ်တို့တယ်။
ဟိုနွားက မထုံတက်တေးဆိုတာ သူ ကောင်းကောင်းသိတယ်လေ။ ခြောက်လသက်တမ်းထပ်တိုးရင် ရွေးကောက်ပွဲနဲ့ ဝေးသွားမှာကြောက်ပြီး ထောက်ပြရှာတာ။ ခြေဥမှာ ရွေးပွဲလုပ်ဖို့ဆိုရင် ကြားဖြတ်အုပ်မယ့် တကောင်ကို လွှဲရမယ်ပေါ့။ ပြောသာပြောရ ငပုက မထင်ရင် မထင်သလို ထုမှာဆိုတော့ လွှဲခံရတဲ့တယောက်က ပြန်လွှဲမယ်ဆိုလဲ ရပါသယ်တွေ ဘာတွေ ဖာရတာပေါ့။ ဖာသည်၊ အဲလေ ဖာထီကိုကိုကြီးတောင် ဖြစ်တော့မယ်။ အင်း ကိုကိုဂျီးဖာထီ ပြည်သူ့ဖာထီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် သူ့အပူက တမျိုး၊ ကြံ့ဖွတ်တွေအပူက တမျိုးလို့ ဆိုရမယ်။
ကြံ့ဖွတ်အုပ်စုမှာလဲ အရပ်သားနဲ့ စစ်ထွက် ခွက်စောင်းခုတ်နေတာကြာပြီ။ ကြာဆို ကြံ့ဖွတ်ရဲ့ပိုင်ဆိုင်မှုတွေကလဲ မနည်းဘူးလေ။ လူမှုရေးအသင်းလိုလိုကနေ ပါတီပြောင်းပြီး သုံးလက်စနိုင်ငံတော်ပိုင်မြေနေရာအဆောက်အဦတွေကိုမောင်ပိုင်သိမ်း၊ နောက်ထပ်လဲ ထပ်ယူထားတဲ့ ရုံးအဆောက်အဦးတွေ နေရာဝင်းကြီးတွေနဲ့ ကားလိုင်းကစ စီးပွားရေးလုပ်ငန်းမျိုးစုံပါ အတည်ပေါက်သိမ်းထားတာ အများကြီးမဟုတ်လား။ အဲဒါတွေကို ကြံ့တိုင်းဖွတ်တိုင်းက ကျားချောင်းချောင်းနေကြတာ။ တော်လှန်ရေးနိုင်ရင် ကြံ့ထဲဝင်လာတဲ့ဗိုလ်ချုပ်တွေက လစ်တော့မှာ၊ မလစ်လဲ ဒီကောင်တွေကို ရာဇဝတ်မှုတွေပြ မောင်းထုတ်ကြမှာဆိုတော့ ကျန်ရစ်မယ့် အရပ်သားအုပ်စုက သူတို့အပိုင်ဆို တွက်ထားကြတာ။ 88မှာပြုတ်သွားတဲ့ တဆညတဖြစ်လဲ မဆလအုပ်စုလိုပေါ့။ မဆလတွေလဲ နိုင်ငံပိုင်ပါတီရုံးမှန်သမျှ ဝေ့လည်ကြောင်ပတ်နဲ့ပါတီပိုင်လုပ် အပိုင်သိမ်းခဲ့ကြတာလေ။ တမြို့တမြို့မှာ တကယ့်နေရာကောင်း တကယ့်ဝင်းခြံကြီးတွေချည်း။ မြေငှားစားတာနဲ့တင် တနှစ်တနှစ်နည်းမှတ်လို့။ ရွေးကောက်ပွဲအဝင်ပြလိုက် ငွေဗုံးလိုက်နဲ့ နှပ်နေကြတာ။
တိုင်းပြည်မှာ ဒီမိုကလိမ်စီမရှိမှာကြောက်တဲ့ထဲ သူတို့ထိပ်ဆုံးက။ ပါတီအဖြစ်ရပ်တည်လို့မရတော့ရင် ပိုင်ဆိုင်မှုတွေက အော်တိုလစ်မှာမဟုတ်လား။ တဦးတယောက်ပိုင်ပြောင်းလို့မရဘူးလေ။ ခုဆို ပြည်နယ်တွေမှာရှိတဲ့ရုံးတွေ ဝင်းတွေက လစ်ပြီလေ။ ပြည်မကဟာတွေလဲ အဲလိုဖြစ်မှာ ကြောက်နေကြတာ။ ပါတီပိုင်ဆို လုပ်ထားတော့ ရောင်းစားလို့ကလဲ မရနဲ့ အသည်းတွေစွတ်နာနေကြတာ။ အဲတော့ နာမည်အပျက်ခံထားရတာနဲ့ ကာမိအောင် သုတ်မယ့်ကောင်တွေချင်း သွားတဖြီးဖြီးလုပ်နေကြတယ်။
အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာ အရပ်သားပညာတတ်တွေပါမယ်ဘာညာရွှီရှောင်တာပေါ့။ ပါတီဆိုတော့ ပြည်သူကိုအမြဲဆန့်ကျင်နေလို့မဖြစ်ဘူးဆိုပြီး အိုးတိန်တွင်းဗုံးကြဲတာ စစ်တပ် မဟုတ်ပါဘူးလို့ လိမ်တဲ့ မင်းအောင်လှိုင်ကို ငါ့ထဘီ ဝတ်ထားလို့ ပြောချလိုက်တဲ့ မပုတုသတ္တိမျိုးထိလဲ မပြရဲကြဘူး။ ကြံ့ဖွတ်ချင်းတူ ဖာထီချင်းတူပေမယ့် မပုတုကလဲ သူတို့နဲ့ တဂိုဏ်းထဲ အထင်ခံချင်ပုံမရဘူး။ ရွေးကောက်ပွဲသာ ဝင်မယ်ပြောတာ၊ ပြည်သူအတွက်လဲ သူ့လို တခွန်းမှ မဟရဲဘူးလေ။ ဒီတခါတော့ မပုတုက ဘာသာပြန်စာရေးမ ဝင့်ပြုံးမြင့် ဆိုတဲ့ဟာမထက်တော့ အများကြီးသာသွားတယ်။ စာရေးမဘဲ သုံးတော့မယ်၊ ဆရာထည့်ဖို့ မတန်တော့လို့။
နယ်သာလန် မဘသ ပြောင်ကြီးကလဲ ဒီဗုံးကြဲမှုဟာ လုပ်ရပ်အားလုံးကိုထောက်ဆလိုက်ရင် စစ်တပ်ဟာ မပြေးသော်ကန်ရာရှိပြီလို့ ဖော့ဖော့ဖေးဖေး ဖိနေတုန်း သတင်းသမား အယ်ဒီတာချုပ်သက်ဇင် ဆိုတဲ့ကောင်က ဒီသတင်းဟာ သက်သေမပြည့်စုံဘူးဆိုပြီး လေကြောင်းဗုံးကြဲတာ မဟုတ်သလိုလို ဆြာကြီးအူသံနဲ့ ထထဟောင်သေးတယ်။ အတော်အံ့ဩစရာကောင်းတယ်။ သူတို့နှစ်ယောက်ကို အိုးတိန်တွင်းက ဂုဏ်ထူးဆောင်ပုတ်ကိုယ်အနေနဲ့ ဖိတ်ခေါ်ဧည့်ခံသင့်တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar