Breaking News

ကိုအောင်မှိုင်း - ထရန့်နဲ့ ရှီကျင့်ဖျင် ဘယ်သူနိုင်မလဲ


ကိုအောင်မှိုင်း - ထရန့်နဲ့ ရှီကျင့်ဖျင် ဘယ်သူနိုင်မလဲ

(မိုးမခ) ဇွန် ၃၊ ၂၀၂၅

လတ်တလောအခင်းအကျဥ်းမှာ ထရန့်နဲ့ ရှီကျင့်ဖျင် ဘယ်သူနိုင်မလဲ ဆိုတဲ့မေးခွန်းက ကမ္ဘာ့နိုင်ငံ အ သီးသီးမှာရှိတဲ့ နိုင်ငံရေး စီးပွါးရေး ဘဏ္ဍာရေးကအစ စစ်ရေးလေ့လာသူတွေ အဆုံး သိလိုတဲ့ မေး ခွန်းလို့ ကျနော်ထင်တယ်။ တကယ်လည်းလက်တွေ့ကျတဲ့ မေးခွန်းဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး ၂ နိုင်ငံလုံးက ကျားဖမ်းမယ် ဆင်ဖမ်းမယ် နဲ့ လေယဥ်အသစ်တွေထုတ်ပြကြ စစ်သင်္ဘော ကြီးတွေထုတ်ပြကြ နည်းပညာအသစ်တွေထုတ်ပြကြနဲ့ အခုနောက်ဆုံး လျှပ်စစ်ကား လျှပ်စစ်မိန်း မကအစ ထုတ်ပြပြိုင်ဆိုင်ပြီး ဝယ်လက်ခေါ်နေကြတာကိုလည်း နေ့တဓူဝ တွေ့ရမှာဖြစ်ပါတယ်။

ကျနော်အမြင်ကတော့ ထရန့်နဲ့ ရှီကျင့်ဖျင် ၂ယောက်လုံးနိုင်မှာပါ။ ဒါဆို ဘယ်သူတွေရှုံးသလဲ ဆိုတဲ့ မေးခွန်းကိုဖြေရရင် သူတို့လက်ဝေခံနိုင်ငံတွေ ရှုံးကြပါတယ်။တချို့နည်းနည်းရှုံးသလို တချို့များများ ရှုံးကြတယ်လို့ ဖြေရတော့မှာပါ။ “ကျားကြောက်လို့ ရှင်ကြီးကိုး “ ရှင်ကြီးက ကျားထက် ဆိုး မဆိုး ဆိုတာကတော့ စောင့်ကြည့်ရုံကလွဲပြီး မတတ်နိုင်တဲ့ သဘောပါဘဲ။ ကျနော်ဆိုလိုချင်တာက ကမ္ဘာ့ အင်အားကြီး ၂ နိုင်ငံ စစ်ဖြစ်ဘို့ ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စလို့ ပြောနိုင်ပါတယ်။ သူတို့ ဒီလောက် မိုက်မိုက်မဲမဲ စစ်ဖြစ်ရလောက်အောင်အထိ မမိုက်မဲကြပါဘူး။ သူတို့စစ်ဖြစ်လိုက်တာဟာ ကမ္ဘာစစ် ကြီး တခုဖြစ်တာနဲ့တူတူပါဘဲ။ ဆုံးရှုံးမှုကို ပြောရရင် မခန့်မှန်းနိုင်အောင် ဆုံးရှုံးကြမယ်ဆိုတာ သူတို့ သိပါတယ်။ သူတို့က ပိုဆုံးရှုံးမှာပါ။ လတ်တလော အခင်းအကျဥ်းရဲ့ မသေချာ မရေရာမှုတွေကို အကြောင်းပြပြီး အကြပ်ကိုင်တာတွေ ခြိမ်းခြောက်တာတွေလုပ်ရင်း ၂ ဘက်စလုံး အမျိုးသားရေး အလံတွေလွှင့်ထူပြီး အောင်ပွဲခံ စီးပွါးဖြစ်ကြမှာကတော့ သေချာပါတယ်။

ဒါဟာ စီးပွါးရေးအခင်းအကျဥ်းသစ်အတွက် ယှဥ်ပြိုင်ကြတာလို့ ပြောရမှာပါ။ တိတိကျကျ ပြောရ ရင် အင်အားကြီးနိုင်ငံတွေက စစ်အင်အားကိုပြပြီး နိုင်ငံတကာကို ခြိမ်းခြောက်အနိုင်ကျင့်ကြတာပါ။ စီးပွါးရေးနိမ့်ကျတဲ့နိုင်ငံတွေကတော့ အတော်အထိနာကြမှာပါ။ “လက်နက်ရောင်းချတဲ့ လုပ်ငန်းဟာ ကမ္ဘာမှာ အမြတ်အစွန်းအများဆုံးရတဲ့ လုပ်ငန်းအဖြစ်” အသိအမှတ်ပြုထားကြပါတယ်။ နိုင်ငံကြီး အတော်များများက အစိုးရများဟာ လက်နက်ရောင်းဝယ်မှုကို အာရုံစိုက်ကြပါတယ်။ အချို့နိုင်ငံ တွေကတော့ ကိုယ်တိုင်မထုတ်လုပ်နိုင်ပေမဲ့ ပွဲစားဝင်လုပ်လေ့ရှိကြတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ပို့ကုန်ပမာဏ ကုန်ပစ္စည်းအမျိုးအစားများ စစ်ဖက်ဆိုင်ရာပို့ကုန် များ အမျိုးအစားများနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ပို့ကုန်ပမာဏ ကုန်ပစ္စည်းအမျိုးအစားများ စစ် ဖက်ဆိုင်ရာပို့ကုန်များ အမျိုးအစားများကို နှိုင်းယှဥ်လေ့လာကြည့်ရင် မဟာအင်အားကြိးနိုင်ငံတွေ ဘယ်လောက် ကုန်သွယ်နေကြသလဲ အမြတ်အစွန်းတွေ ဘယ်လောက်ရနေကြသလဲ ဘာတွေ ထပ် တိုးချဲ့ဘို့ ရည်ရွယ်နေကြသလဲ ဘယ်လိုတွေ နိုင်ငံတကာအပေါ်ဂုတ်သွေးစုတ်ကြဦးမလဲဆိုတာ ရှင်း ရှင်းလင်းလင်းတွေ့ကြရမှာ ဖြစ်ပါတယ်။ အနိုင်ကျင့် ဗိုလ်ကျတဲ့လုပ်ငန်းတွေကို မဟာအင်အားကြီး ၂ နိုင်ငံလုံးက မဟာဗျူဟာတခုအနေနဲ့ လုပ်လေ့ရှိတယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ အကြောင်း တရားပါဘဲ။

အမေရိကန်နဲ့တရုတ်တို့ရဲ့ လက်နက်ရောင်းဝယ်မှုနဲ့ အခြားထုတ်ကုန်တင်ပို့မှုတွေကို စာရင်းဇယား တွေနဲ့ လေ့လာကြည့်မယ်ဆိုရင် သူတို့ဟာ နောင်နှစ်ပေါင်း ၅၀ လောက်အထိ ကမ္ဘာကြီးကို သွေး စုတ်နိုင်ဘို့ ပြင်ဆင်ထားကြပြီဆိုတာ သိသာနိုင်ပါတယ်။ ကိုလိုနီနိုင်ငံဆိုတာ အရင်က စစ်တပ်ကြီး တွေနဲ့စစ်သွားတိုက်ရပေမဲ့ အခုက စီးပွါးရေးအရ ကိုလိုနီနိုင်ငံတွေတည်ဆောက်နေတဲ့ ခေတ်ဆိုတာ ကျနော်တို့အလေးအနက်သိဘို့လိုပါတယ်။ ဆိုလိုချင်တာက စီးပွါးရေးအရမလွန်ဆန်နိုင်တဲ့ လက်ဝေ ခံနိုင်ငံတွေ ဖြစ်လာကြတာကို ဆိုလိုတာပါ။ ဒါကိုဘာလို့ ထောက်ပြရသလဲဆိုရင် မဟာအင်အားကြီး နိုင်ငံကြီးတွေဟာ အဲဒီလက်ဝေခံနှိင်ငံတွေမှာသာ Proxy War တဆင့်ခံစစ်ပွဲတွေ ဖန်တီးကြလေ့ရှိသ လို အဲဒီစစ်ပွဲတွေကို မှီပြီးစစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခြင်းကြောင့် အကျိုးအမြတ် တွေများစွာ ဖြစ်ထွန်းကြလေ့ရှိတာကိုလည်း သတိပြုသင့်ပါတယ်။

၂၀၂၅ခုနှစ် အမေရိကန်ပြည်ထောင်စုမှ စစ်လက်နက်တင်ပို့မှုပမာဏနှင့် ဝယ်ယူမည့်နိုင်ငံများ

၂၀၂၅ ခုနှစ်မှာ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ပစ္စည်း တင်ပို့တဲ့နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ၂၀၂၀ က ၂၀၂၄ ခုနှစ်အတွင်း၊ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း တင်ပို့မှုဟာ ကမ္ဘာ့စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၀၇ နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ ပေးပို့ခဲ့ပါတယ်။ အဓိက တင်ပို့တဲ့ဒေသတွေကတော့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာ ရှဒေသ တို့ဖြစ်ပါတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၀ က ၂၅၀ ဘီလီယံ ရှိပြီး ကမ္ဘာ့လက်နက် တင်ပို့မှရဲ့ ၄၀ - ၄၅ % ခန့်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

အဓိက တင်ပို့မည့် လက်နက်အမျိုးအစားများ

၁။ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်များ ( F-35 Lightning II တိုက်ခိုက်ရေးဂျက် လေယာဉ်များ၊ F-35A ဒေါ်လာ ၈၂ သန်း ၊ F-35 B ဒေါ်လာ ၁၀၉ သန်း၊ F-35 C ဒေါ်လာ ၁၀၂သန်း ) F-15EX Eagle II တိုက်ခိုက်ရေးဂျက်လေယဥ် ( ဒေါ်လာ ၉၀ သန်း ) ခန့်မှန်းတန်ဖိုး: ၈၀-၁၀၀ ဘီလီယံ

၂။ ဒုံးကာကွယ်ရေးစနစ်များ ( THAAD (Terminal High Altitude Area Defense) ၊Patriot Missile Systems ) ခန့်မှန်းတန်ဖိုး: ၅၀-၆၀ ဘီလီယံ

၃။ ရေတပ်အတွက် တိုက်သင်္ဘောများ ( Arleigh Burke-class တိုက်သင်္ဘောများ Virginia-class ရေငုပ်သင်္ဘောများ ) ခန့်မှန်းတန်ဖိုး: ၄၀-၅၀ ဘီလီယံ

၄။ ဒရုန်းနှင့် UAV စနစ်များ ( MQ-9 Reaper ( တစင်း ဒေါ်လာ ၃၂ မှ ဒေါ်လာ ၄၀ သန်း ) RQ-4A/B (Block 30/40) UAV ( တစင်း ဒေါ်လာ ၁၂၀ က ဒေါ်လာ ၂၂၀ သန်း ) ခန့်မှန်းတန်ဖိုး: ၂၀-၃၀ ဘီလီယံ

၅။ ခြေလျင်တပ်သုံးလက်နက်များ ( Javelin ဒုံးပစ်လက်နက်၊ Stinger လေကြောင်းကာကွယ်ရေး ဒုံး ) ခန့်မှန်းတန်ဖိုး: ၁၀-၁၅ ဘီလီယံ

အဓိက ဝယ်ယူမည့်နိုင်ငံများ

ဆော်ဒီအာရေဗျ ( F-15 လေယာဉ်များ THAAD စနစ်များ ခန့်မှန်းတန်ဖိုး: ၃၅-၄၀ ဘီလီယံ )

ဩစတြေးလျ (F-35 လေယာဉ်များ Virginia-class ရေငုပ်သင်္ဘောများ ခန့်မှန်းတန်ဖိုး: ၃၀-၃၅ ဘီလီယံ )

ဂျပန် ( Aegis ဒုံးကာကွယ်ရေးစနစ် F-35 လေယာဉ်များ ခန့်မှန်းတန်ဖိုး: ၂၅-၃၀ ဘီလီယံ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) F-16 လေယာဉ်များ MQ-9 Reaper ဒရုန်းများ ခန့်မှန်းတန်ဖိုး: ၂၀-၂၅ ဘီလီယံ

ဥရောပနိုင်ငံများ (အထူးသဖြင့် ပိုလန်၊ ဂျာမနီ) Patriot Missile Systems HIMARS ဒုံးပစ် စနစ်များ ခန့်မှန်းတန်ဖိုး: ၂၀-၃၀ ဘီလီယံ


၂၀၂၅ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်လက်နက်တင်ပို့မှုပမာဏနှင့် ဝယ်ယူမည့်နိုင်ငံများ

၂၀၂၅ ခုနှစ် တရုတ်စစ်လက်နက်တင်ပို့မှု ခန့်မှန်းချက်များအရ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၅-၂၀ ဘီလီယံ (၂၀၂၂-၂၀၂၄ ပျမ်းမျှထက် ၂၀-၃၀% တိုးတက်မည်ဟု ခန့်မှန်း) ကမ္ဘာ့စစ်လက်နက်တင်ပို့မှု ရဲ့ ၇-၉% ခန့် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

အဓိက တင်ပို့မည့် လက်နက်အမျိုးအစားများမှာ

၁။ UAV/ဒရုန်းစနစ်များ Wing Loong III လက်နက်တပ်ဆင်နိုင်သော MALE UAV ၊ CH-6 တိုက်ခိုက်ရေးဒရုန်း ၊ ခန့်မှန်းတန်ဖိုး: ၄-၅ ဘီလီယံ

၂။ လေကြောင်းကာကွယ်ရေးစနစ်များ HQ-19 Hypersonic ဒုံးကာကွယ်ရေးစနစ် ၊ FD-2000 ပြင်ပဒုံးကာကွယ်ရေး ၊ ခန့်မှန်းတန်ဖိုး: ၃-၄ ဘီလီယံ

၃။ ရေတပ်သုံးစစ်သင်္ဘောများ Type 054B ဖရိဂိတ် ၊ Yuan-class ရေငုပ်သင်္ဘော ၊ ခန့်မှန်းတန်ဖိုး: ၂.၅-၃.၅ ဘီလီယံ

၄။ ဒုံးပစ်လက်နက်များ DF-17 Hypersonic ဒုံးကျည် ၊ CM-401 Anti-ship ဒုံးကျည် ၊ ခန့်မှန်း တန်ဖိုး: ၂-၃ ဘီလီယံ

၅။ စစ်လေယာဉ်များ JF-17 Block III ပါကစ္စတန်နှင့် ပူးပေါင်းထုတ် ၊ J-10CE တရုတ် တည် ဆောက်သော 4+ မျိုးဆက် ခန့်မှန်းတန်ဖိုး: ၁.၅-၂ ဘီလီယံ

အဓိက ဝယ်ယူမည့်နိုင်ငံများ

ပါကစ္စတန် JF-17 Block III လေယာဉ် ၅၀ စီး HQ-9BE လေကြောင်းကာကွယ်ရေးစနစ်

အလယ်ပိုင်းအရှေ့ပိုင်းနိုင်ငံများ အီရတ်၊ အီရန်၊ ဆီးရီးယားသို့ CH-6 ဒရုန်း ဆော်ဒီအာရေဗျသို့ Wing Loong II

အာဖရိကနိုင်ငံများ အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယားသို့ VT-4 တင့်ကား အီဂျစ်သို့ Type 054A ဖရိဂိတ်

အာရှနိုင်ငံများ မြန်မာ၊ ထိုင်း၊ လာအိုသို့ ခြေလျင်တပ်သုံးလက်နက် ဘင်္ဂလားဒေ့ရှ်သို့ Type 056 Corvette

စစ်လက်နက်ရောင်းချမှုမှာတင် မဟာအင်အားကြီးနိုင်ငံကြီး ၂ နိုင်ငံရဲ့ လက်တွေ့ငွေကြေးပမာဏကို ရှင်းရှင်းလင်းလင်းသိစေချင်လို့ပါ။ နိုင်ငံအတော်များများက ပြည်သူတွေထ္မင်းသာ နပ်မမှန်ရင်နေ လူ သတ်လက်နက်တွေနောက်ကို အပြင်းအထန်လိုက်နေကြတာကိုလည်း ရှင်းလင်းစွာတွေ့ရမှာပါ။ တရုတ်အစိုးရက သူတို့ဆင်းရဲနေချိန်မှာ အမေရိကန်နယ်ချဲ့သမား ဗိုလ်ကျစိုးမိုးသူလို့ အပြင်းအထန် ဝေဖန်တိုက်ခိုက်တာ ကျနော်တို့ ကြားခဲ့ဘူးပါတယ်။ အခုတရုတ်အစိုးရဟာ မဆင်းရဲတော့ပါ။သူတို့ ကိုယ်တိုင် တရုတ်နယ်ချဲ့သမား ဗိုလ်ကျစိုးမိုးသူလို့ ပြောနိုင်တဲ့ လုပ်ရပ်တွေကို သိက္ခာမရှိအောင် မျက်နှာပြောင်ပြောင်နဲ့ ငွေရှာနေချိန်လို့ ပြောရတော့မှာပါ။ တကယ်လူအများသိချင်တဲ့ မေးခွန်းကို ကျနော်ဖြေရမယ်ဆိုရင် ထရန့်ရော ရှီကျင့်ဖျင်ရော နိုင်ပါတယ်။ ရှုံးမှာက ထ္မင်းနပ်မမှန်တဲ့ ဆင်းရဲ နိုင်ငံအချို့နဲ့ ငွေကြေးချမ်းသာပေမဲ့ လက်ဝေခံနိုင်ငံတွေကတော့ ပဏာတော်ဆက်တဲ့ ဝယ်ယူမှုတွေ လုပ်ပေးကြရမှာ သေချာပါတယ်။ သေချာတာက ကမ္ဘာကြီးမှာ ဒီထက်ကောင်းတဲ့စနစ်ကလည်း မရှိ သေးတော့ ခက်တယ်ပေါ့ဗျာ။

ကိုအောင်မှိုင်း

( ဒီအချက်အလက်တွေကို U.S. Department of Defense Congressional Research Service နဲ့ Stockholm International Peace Research Institute (SIPRI) တို့ရဲ့ အစီရင်ခံစာတွေ အပေါ် အ ခြေပြုထားတာဖြစ်ပါတယ်။ )


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar