Breaking News

ကိုအောင်မှိုင်း - ပေးဆပ်ခြင်းရဲ့ ကြီးမြတ်မှု

ပေးဆပ်ခြင်းရဲ့ ကြီးမြတ်မှု

ကိုအောင်မှိုင်း

 မိုးမခ ၊ ဇွန် ၁၄ ၊ ၂၀၂၅

ကဗျာဆရာတယောက်

တိုက်ပွဲမှာ ကျတယ်။

ကဗျာဆရာတယောက်

လမ်းမပေါ်မှာ ကျတယ်။

ကဗျာဆရာတယောက်

အကျဥ်းထောင်မှာ ကျတယ်။

ကဗျာဆရာဟာ

ကဗျာကို ချစ်တယ်။

ကဗျာဆရာဟာ

ပြည်သူကို ချစ်တယ်။

ကဗျာဆရာဟာ

ကွင်းမရွေးဘူး

တိုက်ကွက်မရွေးဘူး

နေရာ ဒေသ ပရောဂကင်းတယ်။

ငြိမ်းချမ်းတဲ့ ပုံစံနဲ့လည်း

ပြည်သူတွက် အသက်ပေးတယ်။

တိုက်ပွဲဆိုတဲ့ ပုံစံနဲ့လည်း

ပြည်သူတွက် အသက်ပေးတယ်။

နရသိန် ဆိုတဲ့ ပုံစံနဲ့လည်း

ပြည်သူတွက် အသက်ပေးတယ်။

သစ္စာတရားရဲ့ ဝိညာဥ်ဟာ

ကဗျာသံစဥ် ဖြစ်သလို ကဗျာလမ်းစဥ် ဖြစ်တယ်။

ကဗျာဆရာရဲ့ ပေးဆပ်မှုဟာ

အနာဂတ်ကို ထုဆစ်ခြင်းတွက်

တိုင်းတာလို့မရတဲ့ ကြီးမြတ်မှုပဲ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar