Breaking News

ဘိုလ်တောကျော် - ‘ဆဲချင်း’

cartoon Saw Ngo back in 2014


‘ဆဲချင်း’
ဘိုလ်တောကျော်
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၅ 


     “ကြားရ..ကြားရ နားဝမှာတဲ့ တဂိန်ဂိန်..လူကြီးတွေ ပြိုင်ကာ ကိုက်ကြတော့မယ်..စိတ်အိုက်ဖို့ကြိမ်’ဆိုသလိုပါ ပဲလားကွယ်ရို့။
     “အလို ဘိုလ်တော်ကျော်ကြီး တကိုယ်တည်း ဘာတွေများ ငြီးနေသတုန်းဗျ”
      “အော် ဆရာနောင်ရယ် စဉ်းစားကြည့်ပါအုံးဗျာ။ အပစ်အခတ် အညစ်အပတ်တို့ရဲ့ ထိပ်ခေါင်တင်က အာဏာ အမဲရိုးလေး ပစ်ကျွေးမယ်လုပ်ရုံရှိသေး ဖနပ်ခုံဘေးက အောင်နက် စုတ်ဖွား ကျားဘို နားရွက်တိုတို့ အစုစုလေး တွေ ဖွဲ့ဖွဲ့ပြီး ဟို ခွေးပုလေးဆီမှာ တာတီတီခွေးဖြစ်ဖို့အတွေးတွေနဲ့ ဇာနီသွေးတို့မှောက်ကပင် “ပါပီ’အရေးအ တွက် လျောက်လွှာတင်ကြသတဲ့။ သူရို့ ပထွေးဆိုး ခွေပုမျိုးက အတည်ပေါက်နဲ့ ဒီတခေါက် အညှီအဟောက် ပစ် ကျွေးလိုက်တာက ဝှေးစေ့အောက်ဆွဲတို့အဖို့ ‘ရွေးကောက်ပွဲ’လုပ်မလို့ ဆိုပဲ”
     “ဟော ဗျာ”
    “မဟောဗျားနဲ့ တောသားဆရာနောင်ရဲ့။ အသစ်အပွား ခေတ်စကားနဲ့ပြောရရင် ပါပီတွေ ထောင်ရင်း ဟောင်ရင်း စားခွက်ခုတ်သံ ဒေါင်ဒင်သံတွေ ကြားရ နားဝမသက်သာ အာဏာခွေးကတက်ကနေ လွှားခနဲ ထွားခနဲ မသက်မသာ ထွက်လာလိုက်တာ အရွယ်ကြီးသေးလတ်တို့ဟာ အစွယ်ကို ဖြဲ..ဖြဲပြီး ‘ဘိလူးရယ်သည် လဖြဲတည်း’ တော့ဖြစ်ကုန်ကြပြီဗျို့” 
     “ဟဲ ဟဲ..ဘိုလ်တောကတော့ လုပ်ကရော့မယ်။ နို့ နေပါအုံး ‘ပါပီ’ နဲ့ပါတီ ဘယ်အမည်က မှန်သတုံးဗျ။ ဘိုလ်တောရဲ့အလိုသဘောအရ မေးစမ်းပါရစေ။ ပါပီ ခေါင်းရှောင်က ဘူလိုအကောင်တွေလဲ ဘိုလ်တောရဲ့”   
     “အကြောင်းညီညွတ်အောင် ခေါင်းဆောင် ကိုဆီစွပ်တို့ကို အပြုသဘောနဲ့ အခုပြောရမှာဖြင့် ‘ပြည်သူ့ သုနခေါ’ တို့ကတဖွဲ့၊ပြည်သူ့ ဥဿဖဆိုလား ဒုတ္ခဆိုလားပဲ။ ပြည်သူဆိုသဟာကို ရှေ့မှာထားပြီး ပုလ္လိင်လား နပုလ္လိင်ခွဲမရတဲ့ အများမကြိုက် ‘အပြား’လိုက်ကပ်ကြသူတွေက တဖွဲ့။ အတိတ်အရိပ် တဘောင်မမှန်တဲ့ အဟိတ် တိရိစ္ဆာန်နှစ် ကောင်ဖြစ်တဲ့ ကြံ့စိမ်းနဲ့ဖွတ်စိမ်းတို့ကလည်းတဖွဲ့။ ပြောမဆုံးပေါင် တောသုံးထောင်မှာတော့ တပြည်ထဲပြည် တ သူထဲသူလို့ တဘူထဲဘူပြီး တအူထဲအူ နေကြလေရဲ့။
     “ဟောဗျာ”


     “ဒီအပြင် လက်ခမောင်ခတ်ပြီး ဟိုတဘက်က မနုဿ ‘မအား’တို့ကလည်း တဇောင်းကြွကြွ တစခန်းထကြပြန်သေးရဲ့။ ‘မအား’တို့ကား ဆိုစကားနဲ့အညီ အပလီ အကွန့်ဉာဏ်သုဉ်းလိုက်ပုံက ထိုင်ထိုင် ထထ လျောင်းလိုက လျောင်း အပျင်းမကြီးရအောင် ကင်းမြီးကောက် ထောင်လိုကထောင် ဘာဂါအတွက် အာဏာမက်ပြီး ရာဇပလ္လင် မှာ တင်ပြင်ခွေလိုကခွေ ဒါမှအားမရရင် အဆောင်အနန်းနန်းမှာ ကမ္မဌာန်းထိုင်လိုကထိုင်အုံးတော့ ‘မအား’ ကြားမ ညှပ်တာ တိုင်းသိပြည်သိဆိုဘဲ။ ‘မအား’ကြားမညှပ်ပုံက သွားကြားထိုးတန်တောင်မလိုဘူးတဲ့ဗျ။ ဒါကြောင့် သူတို့ သာလျှင် စွမ်းအားရှင်မို့ သူ့ကိုအမြဲတွေးပြီး ယဥမဲပေးကြဖို့ တောင်းသတဲ့။
    “ဟောဗျာ”
      “မအားပြိုင်ပွဲမှာ အနိုင်ကျဲကြဖို့ တက်ထောင်လက်ခမောင်းခတ်နေကြလေရဲ့။ မအားချင်းပြိုင်ရင် ဆိတ်ဟိုဟာ ကို ဘယ်မှီလိမ့်မတုန်း။ ကိုဟိုဒင်းတို့ပါပီကလည်း ဗဟုပဲဖြစ်ရဖြစ်ရ ယဥပဲဖြစ်ရ ဖြစ်ရ ဟိုယမ်းဒီယမ်း ဆိတ် ယဥ နန်းမှာ ဗိုလ်လိပ်ပုမြန်းသလို မတော်အတိတ်နဲ့ အတော်မနိတ်တဲ့ ကိုကိုဆိတ်ရဲ့’မောဒရိတ်’ပေါင်ချန်မှာ ဗြောင် နှံလို့ ကဲကြရအောင်လို့ မအားပြိုင်ပွဲအတွက် မအားနိုင်ဘဲ ဖြစ်နေကြလေရဲ့ဗျာ။
     “ဟောဗျာ။ ‘မောဒရိတ်’ ဆိုသဟာ ဘာကိုခေါ်သတုန်း ဘိုလ်တောရဲ့။ နဂိုမနောအတိုင်း အဆိုသဘောလေးလဲ မြွက်ပါအုံးဗျ”
     “အော် ခက်လို့နေပါပြီကော ဆရာနောင်ရယ် “ပေါင်ခြံမှာစွဲ ဝဲလည်းမဟုတ်။ ဘောကိုနာနာပွတ် ဂျွတ်လည်းမ ဟုတ်။ ပေါင်ခြံမှာအမြဲ တွဲခိုဆွဲထား ထို ‘မအား,ရယ်လို့ ဆိုရိုးစကား အရှိ သားကလားဗျာ။ အဲ့ဒါကို အပြောမနိတ် တဲ့ ‘မောဒရိတ်’လို့ ခေါ်သပေါ့နော့။ အဲ့ဒီ မောဒရိတ်တို့ကလည်း ဒီတပွဲတော့ အပီနွှဲပြီး မဲနိုင်ဖို့အရေး ဖဲသုံးချပ်အ တွေးနဲ့ ပြည်သူ့အရေး ပေါက်နဲ့ကျေးကို အမြဲသုံးသပ် ဆုံးဖြတ်ချက်ပေးနေသတဲ့။  
     “နို့ နေပါအုံး..။တ,ပြည်ထဲပြည်၊ တ,သူထဲသူ၊ တ,ဘူထဲဘူ တ,အူတည်းအူနေကြတဲ့ အောင်နက် ဂုတ်ကျား ပါပီများဟာ အရင်ကလည်း ပြည်သူထံမှောက် မှတ်ကျောက်တင်ခံဖို့ အမြဲဟန်ပြပြီး မဲဆန္ဒခံခဲ့ကြသေးရဲ့မဟုတ်လား။ ဘိုလ်တောရဲ့”
     “ဟုတ်ပါသော်ကောဗျာ။ ဟိုယခင်အချိန်ကလည်း ဟန်တမောင်းမောင်းနဲ့ ဆန္ဒမဲတောင်းခဲ့ကြသေးပေါ့။ တ ကြိမ်လည်းရှံး နှစ်ကြိမ်လည်းရှုံး ဘယ်တုန်းကမှ မဲမရခဲ့ဘူးလေ။ အခုတချီမတော့ ‘စုကြည်’ရဲ့အနှောင်အတည်း ကာလမှာ အချောင်မဲသာ ရခဲ့ရင် မူးမတ်အဖြစ် အရူးဇာတ်ခင်းလို့ရပြီဆိုပြီး တဘူတည်းဘူ တဆူတည်းဆူ တအူတည်း အူနေသံတွေက မဟန်ပေါင်ဗျာ သန်းခေါင်ယံတောင် အိပ်မရအောင်ပဲ အတိတ်ဘဝ ငမွဲတို့လည်း စိတ္တဇစွဲ ပြီး ဖရဲသီးနဲ့ လဖြဲကြီးတော့ ရဲရဲကြီး ဖြစ်နေကြသတဲ့။
    “ဟယ်..ဟုတ်သေးပါဘူး။ မဲထည့်မဲ့ပြည်သူက စစ်ပြေး၊စစ်ဘေး၊အညစ်အပတ်ဘေး အပစ်အခတ်ဘေး၊ ဗုန်း ဘေး၊ ကတုန်းဘေး ကုန်းဘေး ရေဘေး လေဘေး အမနုဿစစ်သားဘေး ဒုတ္ခလေးတွေကြားထဲ ‘မုတ္တ’မဲ တောင် ရပါ့မလား ဘိုလ်တောရဲ့။
     “ဟဲ ဟဲ နှစ်ခါမလှောင်ပါနဲ့ ဆရာနောင်ရယ်။  ပြည်သူဆိုတာ ညီတူရုံမက အလိုမတူရင် ဒီဇမ္ဗူမှာ ညောင်မြစ်ပါတူးကြတာမို့ ညီတူတဲ့ပြည်သူမလိုပါဘူးဗျ၊ သုနခေါတို့ ဥဿဖတို့ မအားတို့ ဆိတ်ယစိတို့ သဘောမနိတ်တဲ့ မောဒရိတ်တို့နဲ့ ပဲ့ပြားပင်မကျန်လှည့်စားရင် မခံနိုင်ပါဘူးဗျ။ သေ၊ပျောက်စာရင်း ဗွေ‌ဖောက်စာရင်း အနီးစာရင်း အဝေးစာရင်း နှလုံးသွင်းပြီး မဲလိမ်မဲခိုး လုပ်ရိုးအတိုင်း ကိုယ့်စာရင်းနဲ့ကိုယ်ထုတ်တော့ အမယ်ဘုတ်ရဲ့ သူ့ချည်ခင် အလိုလိုရှင်းသွားပေမပေါ့ဗျာ။”


     “ကိုရင်ဘိုလ်တော ပြောတော့လည်း ဟုတ်နေပေသကိုးနော်။ နို့ နေပါအုံး ပြီးသွားရင် ဘယ်သူကသမတကြီး လုပ်ပြီး ဘယ်သူကဇာတ်ခေါင်းစည်းလုပ်မတုန်းဗျ” 


     “အော်..ရိုးလိုက်ပါဘိဆရာနောင်ရယ်။ ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ဘက်ကိုယ်လု ဗိုလ်ခွေးပုက‘အေး မင်းတို့ရွေးကြ ကောက်ကြ ခွက်စောင်းခုတ်ကြ။ ဖားကြ ယားကြ မအားမ,ကြ။ ငါက နဂါးမင်းရဲ့ ဗျာဒိတ်တော်ရထားသမို့ သမ္မတရာထူးကနေ လားလားမှမလျော့ဘူး’တဲ့။ အထူးမလျော် ယောက္ဖတော် ပေါက်ဖော်ကြီးကို နဖူးပေါ် ဦးတော်ချ လို့ ပလူးကာ တွန့်တွန့်လူးပြီး  ‘ကွန့်မြူး’ကာ စွန့်ဦးတီထွင်နေကြပုံများ ပြောကိုမပြောချင်ပါဘူးဆရာနောင်ရယ်..
    ‘သမ္မတရူးနဲ့နဂါးရူးတို့ ယောက္ဖတော် ပေါက်ဖောကြီးဆိုပြီး နဖူးပေါ် ဦးတော်ချလို့ ပလူးကာ တွန့်တွန့်လူးပြီး ‘ကွန့်မြူး’နေတဲ့အကြောင်း စကားတောင် ဆုံးအောင်နားမထောင်ပဲ ဆရာနောင်က
     “တောကျော်တော့ ထူးကဲပြီး ဆူလှည်းကြီး မောင်းလာပြီဟေ့”ဆိုကာ ထိုင်ရာက အပြေးထပြီး ဝှေးမကာ တချိုးထဲပြေးလိုက်တာက ဟို ပထိုးန ဘေးက‘မိုးရေး’ကို ‘ဂိုးအဝေး’ လုပ်သွားပါရောလား။ ဘိုလ်တောကျော်မှာ အဖော်မပါတကိုယ်တည်း  ဆဲ.. ညည်းလိုက်ချင်တာက..
        “အော်..ဝဋ်တမျိုးကြမ္မာဆန်းကျယ်တဲ့ ဘိုလ်တောကျော် ကျနော်ငနဲမှာဖြင့် ပုဆိုးချွတ်ကာ လမ်းလယ်၌လှဲ လိုက်ချင်ရဲ့” ဆိုတဲ့ ဆရာမှိုင်းငိုချင်းရှည်လို သျှိုသွင်းကာ အလင်္ကာမဖွဲ့ချင်ဘု ထင်ရာကိုမဲမဲပြီး မကြင်နာ တမင်တကာဆဲလိုက်ချင်တာက အတွေးဒီလောက်နည်းလိုက်တဲ့ ရွေးကောက်ပွဲမသာကို သုနခေါ ဥဿဖပါပီတွေနဲ့ မောဒရိတ်ပါမကျန် ဖျာလိပ်မှာ အတူတွဲပြီး ရွာမိစ္ဆာမလာရဲအောင် ပြာချကာ သင်္ဂြိုလ်လိုက်ကြစို့ရဲ့ လာကြကွာ ဒကာ ဒကာမတို့ရယ် ရွာရိုးမှာ အတူနွှဲပြီး အလံကိုင်ကာ သံပြိုင်ဟစ်လိုက်မယ်.. ..  .. ငါရိုးမ.. ရွေးချယ်တင်မြှောက် ဈာပနပွဲ.. .. ..။       
                                ဘိုလ်တောကျော် ‘ဆဲချင်း’ ဤတွင်ပြီး၏ ။                           
       ဘိုလ်တောကျော် 

 -

oin Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar