ငြိမ်းသစ် - ဇွန် ၁၉
ဇွန် ၁၉
ငြိမ်းသစ်
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၅
နေဝင်ရီတရောကို
အမေ ငေးမောနေလိမ့်မယ်၊
တိမ်တွေဝေနေတယ်
ဝေနေတဲ့တိမ်တွေမှာ ပန်းရနံ့တွေ
ဖြာနေမလားတွေးမိတဲ့အခါ
အမေ့ဆံနွယ်စမှာ
ပြာမှုန်တွေတဖွားဖွား ကျလာနေပေါ့။
ဘဝတလျှောက်လုံး ပန်းရောင်းလာသူက
အဲဒီနေ့ကျမှ ပန်းရောင်းလို့ထောင်ကျ
ငါတို့မှာ ရယ်ရတာလည်းမောလှပြီ။
သနပ်ခါးလူးလို့ အဖမ်းခံရဖူးပြီ
နန်းမဆန် ပန်းပန်ရုံနဲ့လည်း
ထောင်ထဲရောက်ရ
ပန်းနဲ့မပေါက် ပန်းနဲ့မခြောက်ဘဲ
ပန်းကိုကြောက်တဲ့လူမိစ္ဆာတွေ
သင်တို့ဘဝတွေ ပန်းလိုမမွှေးကြစေနဲ့။
"ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"
အော်ခဲ့တဲ့အမေတွေ ထောင်ထဲမှာတွေ့ရ
အဲဒီအမေတွေက အမေ့ကိုချစ်တယ်။
တပ်မှူးဟောင်းတွေ
စစ်သားကောင်းတွေက အမေ့ကိုချစ်တယ်။
အလုပ်သမား၊လယ်သမား
ကျောင်းသား ပြည်သူတွေကအမေ့ကိုချစ်တယ်။
ဆ ရာကြီးမင်းသုဝဏ်အစ
ဦးဝင်းတင်၊ဦးတင်မိုး၊ ဘကြီးမိုးတို့ အဆုံးထိ
တတ်သိပညာရှင်တွေက အမေ့ကိုချစ်တယ်။
ကလေးတွေကလည်း အမေ့ကိုချစ်တယ်။
မုန်တိုင်းကြမ်းကြမ်း၊ ငရဲခန်းမှာ
အမေဟာ စမ်းလျှောက်နေမှာ မဟုတ်ဘူး
လမ်းပျောက်နေမှာမဟုတ်ဘူး။
အခု မေမေဟာ အကျဥ်းသားလား၊
လူသားဒိုင်းလား၊
ပြန်ပေးဆွဲခံရတာလား၊
အမုန်းဆိုတာ ကြောက်စိတ်ကလာတယ်လို့ အမေဆိုခဲ့
ခုတော့ မေမေရဲ့ ဖေဖေ့တပ်မတော်ကို ကျနော်တို့ မုန်းခဲ့ပါပြီ။
-
ငြိမ်းသစ်
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၅
နေဝင်ရီတရောကို
အမေ ငေးမောနေလိမ့်မယ်၊
တိမ်တွေဝေနေတယ်
ဝေနေတဲ့တိမ်တွေမှာ ပန်းရနံ့တွေ
ဖြာနေမလားတွေးမိတဲ့အခါ
အမေ့ဆံနွယ်စမှာ
ပြာမှုန်တွေတဖွားဖွား ကျလာနေပေါ့။
ဘဝတလျှောက်လုံး ပန်းရောင်းလာသူက
အဲဒီနေ့ကျမှ ပန်းရောင်းလို့ထောင်ကျ
ငါတို့မှာ ရယ်ရတာလည်းမောလှပြီ။
သနပ်ခါးလူးလို့ အဖမ်းခံရဖူးပြီ
နန်းမဆန် ပန်းပန်ရုံနဲ့လည်း
ထောင်ထဲရောက်ရ
ပန်းနဲ့မပေါက် ပန်းနဲ့မခြောက်ဘဲ
ပန်းကိုကြောက်တဲ့လူမိစ္ဆာတွေ
သင်တို့ဘဝတွေ ပန်းလိုမမွှေးကြစေနဲ့။
"ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ"
အော်ခဲ့တဲ့အမေတွေ ထောင်ထဲမှာတွေ့ရ
အဲဒီအမေတွေက အမေ့ကိုချစ်တယ်။
တပ်မှူးဟောင်းတွေ
စစ်သားကောင်းတွေက အမေ့ကိုချစ်တယ်။
အလုပ်သမား၊လယ်သမား
ကျောင်းသား ပြည်သူတွေကအမေ့ကိုချစ်တယ်။
ဆ ရာကြီးမင်းသုဝဏ်အစ
ဦးဝင်းတင်၊ဦးတင်မိုး၊ ဘကြီးမိုးတို့ အဆုံးထိ
တတ်သိပညာရှင်တွေက အမေ့ကိုချစ်တယ်။
ကလေးတွေကလည်း အမေ့ကိုချစ်တယ်။
မုန်တိုင်းကြမ်းကြမ်း၊ ငရဲခန်းမှာ
အမေဟာ စမ်းလျှောက်နေမှာ မဟုတ်ဘူး
လမ်းပျောက်နေမှာမဟုတ်ဘူး။
အခု မေမေဟာ အကျဥ်းသားလား၊
လူသားဒိုင်းလား၊
ပြန်ပေးဆွဲခံရတာလား၊
အမုန်းဆိုတာ ကြောက်စိတ်ကလာတယ်လို့ အမေဆိုခဲ့
ခုတော့ မေမေရဲ့ ဖေဖေ့တပ်မတော်ကို ကျနော်တို့ မုန်းခဲ့ပါပြီ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar