Breaking News

နိုင်မွန်အောင်သွင် - ခေတ်အထာ

 


ခေတ်အထာ
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၅


အရိုင်းကို
အယဉ်ဖြစ်စေမယ်။ 

အမှောင်ကို
အလင်းဖြစ်စေမယ်။

အနှေးကို
အမြန်ဖြစ်စေမယ်။

အပူကို
အအေးဖြစ်စေမယ်။

စိုသောလက်တွေကိုလည်း
ခြောက်စေခဲ့တယ်။

ရင်ဘတ်တစ်ခြမ်းစာက
ချစ်လက်စမဆုံးသေးဘူး။

ကျန်တဲ့ရင်ဘတ်တစ်ခြမ်းစာက
ရန်သူကို
ရန်သူစစ်စစ် ဖြစ်နေဆဲပါပဲ။

ဗုံးခိုကျင်းထဲ ထွက်ကျလာတဲ့
ခေတ်အထာထဲက
တတ်သမျှ မှတ်သမျှအရာတွေပေါ့ ဂျွန်။

၇.၆.၂၀၂၅


 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar