Breaking News

အမေရိကန်တွေ ပြန်လည်ကျန်းမာစေဖို့ အစိုးရအစီရင်ခံစာက ဘာပြောသလဲ

အမေရိကန်တွေ ပြန်လည်ကျန်းမာစေဖို့ အစိုးရအစီရင်ခံစာက ဘာပြောသလဲ

RFK Jr.Make America Healthy Again (MAHA) အကြောင်း အနှစ်ချုပ်

နိုင်ငံတကာသာၐိ (မိုးမခ) ဇွန် ၆၊ ၂၀၂၅


အမေရိကန်ကလေးများ၏ ကျန်းမာရေးပြဿနာနှင့် RFK Jr. MAHA အစီရင်ခံစာ

အမေရိကန်ပြည်ထောင်စုတွင် ကလေးများ၏ ကျန်းမာရေးသည် နာတာရှည်ရောဂါများနှင့် ရင်ဆိုင်နေရသည်။ RFK Jr. ဦးဆောင်သော “Make America Healthy Again” (MAHA) အစီရင်ခံစာသည် ဤအကြပ်အတည်း ပြဿနာကို အသေးစိတ်ဖော်ပြထားပြီး၊ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းကျော်တွင် နာတာရှည်ရောဂါတစ်ခုခု ဖြစ်နေကြောင်း၊ ၁၉၇၀ ခုနှစ်များမှစ၍ ကလေးများ၏ အဝလွန်ရောဂါသည် ၂၇၀ ရာခိုင်နှုန်းကျော်မြင့်တက်လာကြောင်း ဖော်ပြသည်။ ကလေးများ၏ ကယ်လိုရီ ၇၀ ရာခိုင်နှုန်းနီးပါးသည် အလွန်အမင်း ပြုပြင်ထုတ်လုပ်ထားသော အစားအစာများမှဖြစ်ပြီး၊ ၎င်းတို့သည် ဆာလောင်မှုကို ထိန်းချုပ်ရန် ခက်ခဲစေသည်။ ထို့ပြင်၊ ကလေးများသည် အဟာ၇ မဖြစ်သည့် အဆီ၊ သကြားနှင့် ဆိုဒီယမ်ဓာတ်များသောအစာများကို ဦးစားပေးသည့် ကြော်ငြာများကို နေ့စဉ်ထိတွေ့နေရသည်။


အစီရင်ခံစာသည် ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေသော ကုမ္ပဏီများ၏ သြဇာလွှမ်းမိုးမှုကိုအရင်းရှင်တို့၏လက်ဝါးကြီးအုပ်မှုဟုဖော်ပြပြီး၊ ဥပမာ FDA နှင့် USDA ကဲ့သို့သော အစိုးရအဖွဲ့အစည်းများသည် စီးပွားရေးလုပ်ငန်းများ၏ ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း ထောက်ပြသည်။ ပြင်သစ်နှင့် ဂျပန်ကဲ့သို့ နိုင်ငံများတွင် ကလေးများအတွက် အဆိပ်အတောက်များ ဖြစ်စေသော အစားအစာကြော်ငြာများကို တားမြစ်ထားပြီး၊ ကျောင်းများတွင် အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို ကျွေးမွေးသည်။ သို့သော် အမေရိကန်တွင် ထိုသို့သော စည်းမျဉ်းများ မရှိသဖြင့် ကလေးများသည် အဆိပ်အတောက်များနှင့် ဆိုရှယ်မီဒီယာ၏ အနုတ်လက္ခဏာသက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည်။


အစီရင်ခံစာသည် ဤပြဿနာများကို ဖြေရှင်းရန် အစိုးရထိန်းချုပ်မှုကို အကြံပြုမည့်အစား၊ဆေးဝါးကို အားကိုးမှုလွန်ကဲခြင်းဟု ဆရာဝန်များနှင့် ကျန်းမာရေးစနစ်ကို အပြစ်တင်သည်။ ဥပမာ၊ ပန်းနာရင်ကျပ်ရောဂါအတွက် ဆေးညွှန်းများ တိုးလာခြင်းကို ပြဿနာအဖြစ်ဖော်ပြသော်လည်း၊ ဆရာဝန်များသည် ပတ်ဝန်းကျင် ဆိုင် ရာ ညစ်ညမ်းမှုများ အဆိပ်အတောက်များကို ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်သည့် အစိုးရမူဝါဒများကြောင့် ဆရာ၀န်များက မလွဲမရှောင်သာ ဆေးဝါးများကို ညွှန်ကြားရသည်ဟု ဆောင်းပါးရေးသားသူက ငြင်းဆိုသည်။


ဤအစီရင်ခံစာသည် အစိုးရစည်းမျဉ်းများဖြင့် ကလေးများ၏ ကျန်းမာရေးကို ကာကွယ်ရန် လိုအပ်ကြောင်း ထင်ရှားစွာ ဖော်ပြထားသော်လည်း၊ ၎င်း၏အကြံပြုချက်များသည် အစားအစာစီးပွားရေး ကုမ္ပဏီများကို ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရန်နှင့် ကျန်းမာရေးပညာရှင်များနှင့် ဆေးဝါးဆိုင်ရာ ယုံကြည်မှု အားကိုးမှုကို ထိခိုက်စေရန်သာ ဦးတည်သည်။ ဆောင်းပါးရေးသားသူသည် ကလေးများကို အကာအကွယ်ပေးရန် အစိုးရ၏ တာဝန်ယူမှုနှင့် စည်းမျဉ်းထိန်းချုပ်မှုများ လိုအပ်ကြောင်း တိုက်တွန်းထားပါသည်။ သို့သော် လက် ရှိ နဲ့ အရင်ကတည်းက အမေရိကန်အစိုးရများသည် ဤပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်နေပြီး၊ အနာဂတ်တွင် ပိုမိုဆိုးရွားသော ကျန်းမာရေးအကြပ်အတည်းများကို ဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးလိုက်သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar