(ငြိမ်းအေးအိမ်) - နေမပျော်တော့တဲ့ မြို့
နေမပျော်တော့တဲ့ မြို့
ငြိမ်းအေးအိမ်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၅
အလင်းမဲ့ဓာတ်တိုင်များ
မြို့လမ်းမပေါ် အားအားလျားလျား မိုးတိုးမတ်တပ်
မရပ်တန့်တော့တဲ့ စစ်ဟာ
အသွားအလာမဲ့ မြစ်တစ်စင်းလို
လမ်းမတွေကို ဗလာကျင်းစေခဲ့တာကြာပြီ
နီယွန်တွေ မလင်းနိုင်တော့တဲ့ မြို့
ငိုညည်းသံတွေနဲ့သာ အုံကျင်းဖွဲ့နေတဲ့ မြို့
ညှီစို့စို့သောကနံ့တွေသာ
မြို့လုံးဝေနေတဲ့အခါ
လူတွေဟာ ဒုက္ခဝတ်ရုံကိုသာ
မနှစ်မြိုစွာ ဝတ်ခြုံနေရ
တစ်ခုသော မနက်မှာ ထွက်ကျလာမယ့် နေကို မျှော်ကြ
ဘာနေနေ ငါမသေပြီးရော လောက်တဖွားဖွားနဲ့
ဒီမြို့ အသားကျနေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ
ဆူညံသံသဲ့သဲ့ကြားရရင်တောင်
နေစရာမရှိလောက်အောင် သွေးလန့်တတ်တဲ့ ကလေးတွေမှာ
စာမရှိ အစာမရှိ အနာဂတ်မသိ
နန့်တန့်တန့် သမိုင်းမှာသာ ပေါ်ပင်ပျော်ရွှင်လိုသူများသာ
အသွားအလာများတဲ့ လမ်းမှာ
ငါ
မပျော်ရွှင်တော့
ငြိမ်းအေးအိမ်
(သူ မကွယ်လွန်မီ ရေးခဲ့တဲ့ ကဗျာ)
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar