Breaking News

ကိုသန်းလွင် - အေအိုင်နှင့် တက္ကသိုလ်ပညာရေး

ကိုသန်းလွင် -  အေအိုင်နှင့် တက္ကသိုလ်ပညာရေး

(မိုးမခ) ဇွန် ၂၅? ၂၀၂၅

(၁)
အိုးပင်းအေအိုင်(OpenAI) ကုမ္မဏီသည်ချပ်ဂျီပီတီ (chatGPT) ကိုတီထွင်ခဲ့ပြီးသည့်နောက်တက္ကသိုလ် မှ သင်ရိုးညွှန်းတန်းကို အခြေခံမှစ၍ ပြောင်းလဲပစ်ရန် အကြံရှိသည်ဟု ထင်ရပါသည်။ ၄င်း၏ အေအိုင် ကရိယာ (Tool) ကို ကျောင်းသားများ တက္ကသိုလ်မှာနေသည့် ကာလ အချိန်တလျောက်လုံးတွင်အသုံးပြုနိုင်ရန် ကြံစည် နေပါသည်။
ကုမ္မဏီ၏ ရည်ရွယ်ချက်သာ အထမြောက်ခဲ့ပါက ကျောင်းသားများကိုအေအိုင်လက်ထောက် (AI assi- stant) များပေး၍သူတို့ကိုတက္ကသိုလ်နှင့်မိတ်ဆက်ပေးချိန်မှစပြီးဘွဲ့ရသည့်အချိန်အထိ လမ်းညွှန်ဦးဆောင်သွား မည်ဖြစ်သည်။ ပရော်ဖက်ဆာ များကိုအတန်းတိုင်းအတွက်ရည်ရွယ်၍ရေးသားထားသော အေအိ်ုင် ပရိုဂရမ်များ ကိုရေးပေးသွားမည်ဖြစ်သည်။ အလုပ်ခေါ်သော စင်တာများကလည်းအလုပ်အင်တာဗျူးအတွက် အတွေ့အကြုံ ရစေမည့် ချက်ဘော့ (Chatbot) က မေးမြန်းသည့်မေးခွန်းများကို ဖြေဆိုခြင်းဖြင့် လေ့ကျင့်နိုင်ကြသည်။ ဘွဲ့ကြို ကျောင်းသားများအဖို့ ချက်ဘော့များမှ အသံကို ဖွင့်၍ နားထောင်ခြင်းဖြင့် ဖြေဆိုရမည့်စာမေးပွဲအတွက်ပြင်ဆင် နိုင်ကြသည်။
အိုးပင်းအေအိုင်ကသူ၏ရောင်းချရေးနည်းဗျူဟာတစ်ရပ်အနေဖြင့်အေအိုင်ဖြင့်မွေးဖွားသောတက္ကသိုလ် များ “ AI Native University “ ဟု အမည်ပေးထားသည်။
သူတို့သည် ခေတ်သစ်ပညာရေးစနစ်ကို အေအိုင်တွင် အခြေခံသောအထက်တန်းပညာရေးစနစ် ဖြစ်ရ မည်ဟု ရည်ရွယ်ရင်းဖြစ်ပါသည်။ အလားတူပင်ကျောင်းသားများကို ကိုယ်ပိုင် အီးမေးလ် အကောင့်ဖွင့်ပေးပြီးဤ နည်းဖြင့် ကျောင်းတက်လာသူတိုင်းသည် မိမိ၏ အေအိုင်အကောင့်ကိုအသုံးချ၍ ကျောင်းသားရေးရာကိစ္စအဖြာ ဖြာကို လုပ်ကိုင်ခွင့် ရကြပါလိမ့်မည်။
တက္ကသိုလ်များတွင် အေအိုင်ကို အဆင်သင့်ဖြစ်စေရန်အတွက် အေအိုင်ဆားဗစ် ကို တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားများရင်းနှီးကျွမ်းဝင်စွာရှိစေချင်သည်။ ချက်ဘော့များကိုမသုံးဘူးသေးသောကျောင်း သားများကို ချပ်၈ျီပီတီ နှင့် ရင်းနှီးကျွမ်းဝင်စေချင်သည်။
အချို့သော တက္ကသိုလ်များ ဥပမာ မေရီလင်းတက္ကသိုလ်နှင့် ကယ်လီဖိုးနီးယားစတိတ် တက္ကသိုလ်များ တွင် ကျောင်းသားများကို အေအိုင်ကိရိယာများကိုလူတိုင်းအသုံးချတတ်အောင် လေ့ကျင့်နေကြပြီဖြစ်သည်။ ဇွန် လအစပိုင်းတွင် မြောက်ပိုင်း ကာရိုလိုင်းနားရှိ ဂျူ့တက္ကသိုလ် (Duke University) တွင် ကျောင်းသားများ၊ ရုံးဝန် ထမ်းများနှင့်ပရော်ဖက်ဆာများအတွက်အကန့်အသတ်မရှိသုံးစွဲပိုင်ခွင့်ပေးနေပြီဖြစ်သည်။တက္ကသိုလ်၏ကိုယ်ပိုင် DukeGPT ကို တက္ကသိုလ်က မူပိုင်ရေးသားပြီး အသုံးပြုခွင့် ပေးထားသည်။
အိုးပင်းအေအိုင် ကုမ္မဏီသည် အခြားသော စက်မှုကုမ္မဏီများ (Tech Company) ၏တက္ကသိုလ် ပညာ ရေးတွင်ဝင်ရောက်လွှမ်းမိုးနိုင်အောင် ကြိုးပမ်းနေသကဲ့သို့အလားတူ ကြိုးစားနေခြင်းဖြစ်သည်။ အဓိက ကုမ္မဏီ ကြီးနှစ်ခုမှာ မိုက္ကရိုဆော့ဖ်နှင့် ဂူးဂဲလ်တို့ဖြစ်ပြီးသည် ကျောင်းသားများအတွက် ကွန်ပျူတာနှင့် ဆော့ဖ်ဝဲယားများ ကို တက္ကသိုလ် ပရဝုဏ် အတွင်းသို့ ရောက်အောင် ပို့ဆောင်နေကြသည်။
ကုမ္မဏီများ၏ အပြိုင်အဆိ်ုင်လုပ်မှုများမှာ တိုးပွားလာခဲ့ပြီး ကြော်ငြာများကို အပြိုင်အဆိုင် ကြော်ငြာခဲ့ ကြရာ အိုးပင်းအေအိုင်နှင့် အီလွန်မတ်၏ Xai တို့လည်း အပါအဝင်ဖြစ်သည်။ သူတို့သည် ကျောင်းသားများ အတွက် အေအိုင်ဆားဗစ်ကို စာမေးပွဲကျင်းပသည့်အချိန်များ၌ပင် ကြော်ငြာခဲ့ကြသည်။ ထို့အပြင် ဂူးဂဲလ်က ၄င်း၏ ချက်ဘော့ ကို ကျောင်းသားများ အခမဲ့သုံးနိုင်ရန် စီစဉ်ပေးခဲ့သည်။
အိုးပင်းအေအိုင်က အေအိုင်စစ်ပွဲကို စခဲ့ခြင်းဖြစ်သည်။ သူကလူတို့ရေးသော အက်ဆေးများကို ရေးနိုင် ရန်၊ term paper များကို လူတစ်ယောက်လို ရေးနိ်ုင်သည်ဟုကြေငြာခဲ့သည်။ သုံးစွဲသူများက အေအိုင်ကိုအသုံး ပြူ၍ အမျိုးမျိုး တီထွင်ကြံဆလုပ်ဆောင်လာကြသည်။ ထိုမှတဆင့် အချို့လူသာမန်တို့ မလုပ်နိုင်သည့် မဖွယ် မရာ အမူ အကျင့်များကိုပါတွေ့လာရသည်။ ချက်ဘော့များမှာ အလွန်ကြီးမားသော ဒေတာများကို အသုံးပြု ခြင်းဖြစ်ရာ ကျောင်းသားအများကို လမ်းလွှဲသို့လိုက်စေမည့် အန္တာရာယ်ဖြစ်လာသည်။
ချပ်ဂျီပီတီ ပေါ်လာပြီး သုံးနှစ်မျှ ကြာလာသောအခါ သန်းချီသော လူငယ်များသည် ချက်ဘော့များကို သုတေသနလုပ်ရန်၊ ကွန်ပျူတာပရိုဂရမ်များ ရေးရန် အခြားလူကို အထောက်အကူပြုစေသော လုပ်ငန်းများကို ပြုလုပ်လာကြသည်။ အိုးပင်းအေအိုင်က တဖြည်းဖြည်း ကျော်ကြားလာသော မိမိ၏ ချက်ဘော့များမှာ ပညာ ရေးအတွက် အရေးကြီးသော ကိရိယာတစ်ခုအဖြစ် ပုံဖော်ခဲ့သည်။
ထို့ပြင် အေအိုင်ပါဝင်သော ချက်ဘော့များမှာ သန်းပေါင်းများစွာသော တက္ကသိုလ် ကျောင်းသားများ အတွက် ရည်ရွယ်သည့်နည်းတူ တစ်နိုင်ငံလုံး အသုံးပြုရန်အတွက် ရည်ရွယ်၍ စမ်းသပ်ခြင်းလည်း ဖြစ်ပါသည်။ ချက်ဘော့ များကို ကျောင်းများတွင် အသုံးပြုနေခြင်းမှာ အသစ်စက်အသုံးပြုရခြင်း ဖြစ်သဖြင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့်မကောင်းသောဘေးထွက်ဆိုးကျိုးများကိုမသိနိုင်သေးဘဲစမ်းသပ်နေရသည့်ပုံစံဖြစ်ပါသည်။ 
ကာလီဖိုးနီးယား စတိတ်တက္ကသိုလ်ကြီးက ကျောင်းသားပေါင်း ၄၆၀,ဝ၀ဝ ရှိသော Campus ၂၃ ခုအ တွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ရာ အနာဂတ် ကာလီဖိုးနီးယားနယ်၏ အေအိုင်နှင့် စီးပွားရေးစနစ် တည်ဆောက်ရန် အထိရည်ရွယ်ပါသည်။ သူတို့သည် တက္ကသိုလ်များတွင် အေအိုင်ပါသည့် ပညာရေးစနစ်ကိုအစြ့ပုရန်ဖြစ်သည်။ 
အခြားတက္ကသိုလ်များကလည်း အေအိုင်ကို စတင်စမ်းသပ်အသုံးပြုနေကြပြီဖြစ်ရာ အေအိုင်ကို အသုံး ပြုရာတွင် နယ်ကျွံမသွားစေရန် အကာအရံ Guardrail များ ချမှတ်ရန်၊ ဤတက်ခနိုလိုဂျီ၏ အကျိုးသက်ရောက် မှုမှာ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကျောင်းသားအများကို အကျိုးပြုစေရန် ရည်ရွယ်သည်။

(၂)
ကျွန်တော်တို့ ကျောင်းသားဘဝက နိုင်ငံခြားမှ လောလောလတ်လတ်ပြန်လာပြီး စာသင်သည့်ကျောင်း ဆရာနှစ်ဦး ရှိခဲ့ဘူးသည်။ တစ်ယောက်က အနောက်နိုင်ငံနယ်သာလန်မှပြန်လာပြီး နောက်တစ်ယောက်ကဂျပန် နိုင်ငံမှ ဖြစ်သည်။ သူတို့သည် နိုင်ငံခြားမှ လောလောလတ်လတ်ပြန်လာကြသူများဖြစ်ရာသူတို့၏ လက်ရာများ သည် အသစ်အဆန်းများစွာ ပါမည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခုခေတ် ချပ်ဂျီပီတီ ကဲ့သို့များစွာသော ဗဟုသုတ အသိဉာဏ်ပညာတို့ကိုလည်း ဖြန့်ဝေပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။
သို့သော်သူတို့သင်ယူလာခဲ့ကြသည်မှာ ဗဟုသုတသာဖြစ်၍ သူတို့လက်မှအတတ်ပညာများမှာ ကျွန် တော်တို့ကျောင်းသားများလက်ဝယ်သို့ရောက်ရန် တစ်ဆင့်ကျန်နေပါသေးသည်။ ယခုလည်း အိုးပင်းအေအိုင် နှင့် စက်မှုကုမ္မဏီကြီးများ၏ စွမ်းဆောင်မှုကြောင့် ချပ်ဂျီပီတီ သည်ကြီးမားသည့် ဗဟုသုတအိုးကြီးများသဖွယ် ကျောင်းသားများ၏ လက်ဝယ်သို့ရောက်ရှိလာကြပါသည်။ သို့သော်လည်းထိုဗဟုသုတများကိုကျောင်းသားများ ဆီသို့ရောက်ရန် တစ်ဆင့်ကျန်နေပါသေးသည်။
အေအိုင်ကို အသုံးပြုခြင်းမှာ ကျွန်တော်တို့၏ အသိဉာဏ်စွမ်းအား (Intellectual activities) ကို အခြား သူသို့ ပြောင်းလဲလုပ်စေခြင်း (Outsourcing) ဖြစ်ပါသည်။ ၄င်းတို့မှာဆုံးဖြတ်ခြင်း (Judgement) ဗဟုသုတကို အသုံးချခြင်း (Outsourcing)၊ နှင့် ဆုံးဖြတ်ချက်ချခြင်း (Decising making) တို့ ဖြစ်ပါသည်။ ကျွန်တော်တို့ တွေးခေါ်စရာရှိသည်များကို မတွေးခေါ်နေတော့ဘဲ (automatic) အလိုလိုတွေးခေါ်ခြင်း ဖြစ်အောင် ပြုလုပ်ခြင်း လည်း ဖြစ်ပါသည်။
အေအိုင်ကို အသုံးပြုသူများသည် တစ်ကမ္ဘာလုံးက ဗဟုသုတများကို သုံးစွဲနိုင်ပြီဟု အယူရှိကြပါသည်။ နောက်ထပ် အန္တရာယ်တစ်ခုမှာ ဤဖြစ်စဉ်ကြီး တစ်ခုလုံးတွင် ကျွန်တော်တို့၏ ကိုယ်ပိုင်တွေးခေါ်နိုင်အား မပါ ဝင်တော့ခြင်း ဖြစ်ပါသည်။ များပြားလှသော ဒေတာများကို လူကိုယ်တိုင်က မရွေးချယ်တော့ဘဲ စက်ကရွေးချယ် သည်ကို ယုံစားလိုက်ခြင်းပင် ဖြစ်ပါသည်။
(၃)
တစ်ခါက ဥပဒေပညာရှင်များက ပေးတင့်ဆိုင်ရာ ဥပဒေကို ချက်တော့ သုံးခုတွင် ထည့်သွင်းကြည့်ကြ သည်။ အိုးပင်းအေအိုင်၊ ဂူးဂဲလ်နှင့် Anthropic ချက်ဘော့များ ဖြစ်ပါသည်။ ထို့နောက် အေအိုင်ကိုမေးခွန်း မေး ကြသည်။ မေးခွန်းပေါင်းမြောက်များစွာကိုချက်ဘော့များကအမှားများဖြေကြသည်။ ထိုအဖြစ်အပျက်မှသင်ကြား ရေးတွင် ဗဟုသုတမှ အမှန်ဖြစ်အောင်ပြောင်းလဲပေးရန်မှာ လူတို့မမြင်နိုင်သော အခက်အခဲများရှိကြောင်းသိနိုင် ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် အေအိုင်ကိုလုံးဝယုံလိုက်ခြင်းအား ပြန်လည်စဉ်းစားရန်လိုပြီး သတိနှင့် ဖြေးဖြေး ဆေးဆေး ရှေ့သို့ချီတက်ကြရန် လိုပါသည်။

ကိုသန်းလွင်
Ref; Welcome to campus, Here is your chatbot. By Natasha Singer, N.Y Times 10, June, 2025


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar