Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - မတ်လ နှစ်ရက်နဲ့ ဆဲဗင်းဂျူလိုင် မမေ့ကြနဲ့


မျိုးသန့်ထွန်း(စစ်ကိုင်း) - မတ်လ နှစ်ရက်နဲ့ ဆဲဗင်းဂျူလိုင် မမေ့ကြနဲ့

မိုးမခ ၊ ဇူလိုင် ၈ ၊ ၂၀၂၅


မတ်လ ၂ ရက် ၁၉၆၂ နေ့ဟာ မြန်မာပြည်ကြီး အာဏာရှင်လက်ထဲ ကျရောက်ခဲ့တဲ့နေ့။ 

ဗမာပြည် ဒီမိုကရေစီ ပျောက်ဆုံးသွားတဲ့နှစ်။

မမေ့ကြနဲ့။

ဆဲဗင်းဂျူလိုင် ခုနစ်ရက်၊ တစ်ထောင်ကိုးရာခြောက်ဆယ်နှစ်ခုနှစ် (၇-၇-၁၉၆၂) နေ့ဟာ ကျောင်းသားထု ကိုယ်စားပြုတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲ ဖျက်ဆီးခဲ့တဲ့နေ့။

ကျောင်းသားများ သွေးမြေကျတဲ့နှစ်။

မမေ့ကြနဲ့။

ဒါတွေအားလုံးဟာ တရားခံ အာဏာရှင် ဗိုလ်နေဝင်းလက်ချက်ကြောင့် ပြည်ပျက်ခဲ့ရတယ်။

မြန်မာပြည်ဟာ ၁၉၅၈ ခုနှစ်ကစပြီး အာဏာရှင်စနစ်နဲ့ စပြုခဲ့တယ်။

၁၉၅၈ မှာ စစ်တပ်က တိုင်းပြည်အာဏာကို ကလိမ်ကျယူခဲ့တယ်။

စစ်တပ်က ၁၉၅၈ မှာ အာဏာရှင်စနစ် တည်ဆောက်ခဲ့တယ်။

၂-၃-၁၉၆၂ မှာ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခဲ့တယ်။


ပြည်သူလူထု ရွေးကောင်တင်မြှောက်တဲ့ ဦးနု အစိုးရဆီက အာဏာလုယူခြင်း ခံရတယ်။

၆၂ ခုနှစ် ဗိုလ်နေဝင်း စစ်တပ် အာဏာသိမ်းတာ ကမ္ဘာကျော်ခဲ့တယ်။

တရားမဝင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။

ဦးနု သမိုင်း စတင်ဖျက်ဆီးခဲ့တယ်။

မြန်မာ့လွတ်လပ်ရေးယူခဲ့တဲ နု-အက်တလီစာချုပ် မှေးမှိန်အောင် လုပ်ခဲ့တယ်။

ကျောင်းသားထုသမိုင်း ဖျက်ခဲ့တယ်။

၇-၇-၁၉၆၂မှာ ကျောင်းသားထု တည်ဆောက်ထားတဲ့ ကျောင်းသာမဂ္ဂ အဆောက်အဦကို 

ဗိုလ်နေဝင်း ဖျက်ပစ်ခဲ့တယ်။

ဦးနုရဲ့ လက်သည်း၊ ခြေသည်းတွေ ခွာမယ်။ ဦးနုရဲ့ ခြေ လက်တွေ အကုန်ဖြတ်မယ်လို့ ကြေညာတယ်။

ဦးနုလက်ထက် ကျောင်းသားထုကို ဗိုလ်နေဝင်း အငြိုးထားတယ်၊ ဖမ်းဆီးတယ်။ သတ်ဖြတ်ခဲ့တယ်။ သမိုင်းရှိတယ်။ တက္ကသိုလ်ကောင်စီကို ဖျက်ပစ်တယ်။

ခွပ်ဒေါင်းကျောင်းသားများ သွေးမြေကျခဲ့တယ်။

ကျောင်းသားတစ်ဦး သွေးနဲ့ နံရံမှာ ရေးခဲ့တဲ့စာ “၇-၇-၆၂ မမေ့ကြနဲ့” သမိုင်းစာမျက်နှာမှာ ကျန်ရစ်ခဲ့တယ်။

သမိုင်းမှာ စစ်အာဏာရှင်ကြောင့် ၂-၃-၁၉၆၂နေ့ သမိုင်းဝင်တဲ့နေ့။

၇-၇-၁၉၆၂နေ့ မေ့မရတဲ့နေ့ ဖြစ်ခဲ့တယ်။


အနိုင်မခံ အရှုံးမပေးတဲ ခွပ်ဒေါင်းစိတ်ဓာတ် ဖျက်ဆီးလို့ မရခဲ့ပါ။

ခွပ်ဒေါင်းသွေး ရဲရဲနီခဲ့တယ်။

ခွပ်ဒေါင်းကျောင်းသား ရဲရဲတောက်ခဲ့တယ်။

ခွပ်ဒေါင်းစိတ်ဓာတ် ရဲရင့်ခဲ့တယ်။

ခွပ်ဒေါင်းအလံ အစဉ်အမြဲ အလေးပြုနေဆဲပါ။

၆၂ ခုနှစ်စပြီး ဗမာပြည် မီးလောင်းသိုက်သွင်းခံရတယ်။

ဗမာပြည်သားအားလုံး စစ်အာဏာရှင်လက်ထဲ ထိုးကျသွားတယ်။

ဗမာပြည်ကြီး အမှောင်ကျသွားတယ်။

လူထုတွေလည်း ဒုက္ခပင်လယ်ဝေခဲ့တယ်။

စစ်အာဏာရှင် သိထားဖို့ရာ ကျောင်းသားထုရဲ့ ခွပ်ဒေါင်းစိတ်ဓာတ် ဘယ်သောအခါမျှ ဖျက်ဆီးလို့မရ။

ခွပ်ဒေါင်းအလံ မြေသို့မခ။

ကမ္ဘာတည်မယ့် ခွပ်ဒေါင်းအလံ တိုင်ထိပ်မှာ တည်စေ၊ လွှင့်စေ၊ မြဲစေရမယ်။

ခွပ်ဒေါင်းအက တက္ကသိုလ်တခွင်မှာ မြူးကြွခဲ့တယ်။


ခွပ်ဒေါင်းနှလုံးသား၊ ခွပ်ဒေါင်းအားမာန်၊် ခွပ်ဒေါင်းစိတ်ဓာတ် လူထုထံ ပျံ့နှံရောက်ရှိခဲ့တယ်။

ကျောင်းသားအကျိုး လူထုက သယ်ပိုးခဲ့တယ်။


2 March ကျရောက်တိုင်း၊ 7July ကျရောက်တိုင်း အာဏာရှင်ရဲ့ မြေခွေးဇာတ် အမြဲသတိရတယ်။

မြေခွေးစစ်တပ် ရိုက်ချိုးပစ်ကြ။


အာဏာရှင်စစ်တပ် အမြစ်ဖြတ်ကြ။

ကျောင်းသားထုကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တာ မမေ့ကြနဲ့။

ကျောင်းသားထုရဲ့ စိတ်ဓာတ်၊ လူထုရဲ့စိတ်ဓာတ်၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ ဖျက်ဆီးလို့မရ၊ မေ့ပျောက်လို့မရ။


2 March 1962 ကို မမေ့ကြနဲ့။

7July 1962 ကို မမေ့ကြနဲ့။

အာဏာရှင်စနစ်ဆိုးကို အစဉ်တိုက်ဖျက်ပစ်။

အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်နေသမျှ ဒီမိုကရေစီအောင်ပွဲ။

အရေးတော်ပုံ အောင်ရမည်။


၇-၇-၂၀၂၅။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar