မေလင်းနောင် - ရှင်တမ်းစာ
ရှင်တမ်းစာ
မေလင်းနောင်
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
တချို့
မြို့တွေ ပြန်သိမ်းနိုင်ပြီတဲ့
တချို့
အိမ်ပြန်လို့ရပြီဆိုချိန် အိမ်က မရှိတော့ဘူး
တချို့
ကိုယ့်အိမ်ကိုယ်ပြန်ရင်း ခြံပေါက်ဝတင် မိုင်းနင်း
တချို့
ရှေ့အဖွဲ့ခိုးသွားပြီးလက်ကျန်ကို နောက်အဖွဲ့က ထပ်ခိုးတာ မမြင်ဟန်မသိဟန်ဆောင်နေကြရ
တချို့
သူတို့အရှုံးကို သူတို့အောင်ပွဲခံနေကြတဲ့ပြည်သူ
တချို့
ဟိုဘက်သတင်းပေး ဒီဘက်သတင်းပေး
တချို့
ပြန်လာကြတော့ မိသားစုဟာ လူမစုံတော့ဘူး
တချို့
ဘယ်သူ့လက်ချက်ဆိုတာ မပြောရဲတဲ့
ခြေတုနဲ့ ချိုင်းထောက်နဲ့
တချို့
အိမ်ရောင်းမလား ခြံရောင်းမလား ယာရောင်းမလား
အောက်ဈေးနဲ့ လိုက်ဝယ်နေ
တချို့
သားသမီးတွေကို ပြည်ပကနေ ပြန်မလာကြဖို့
ဖုန်းလိုင်းရှာနေကြ
တချို့
စတားလင့်(ခ) ဆိုင်တွေဟာ မာလိုက်ထန်လိုက်တာ
တချို့
ယူနီဖောင်းနဲ့ အိမ်ထဲဝင်ရှာ
ဒီအိမ်မှာပြန်ရောင်းလို့ရတာဘာကျန်လဲဟေ့ တဲ့
တချို့
ဒီအကြောင်းတွေကို ဒေါသကြီးပြီး ခွင့်မလွှတ်တတ်သူတွေ သိမှာစိုး
တချို့
လမ်းဘေး မိုးကာတဲကုပ်လေးထိုး
တချို့
လယ်ထဲမှာ
ရန်သူထောင်ထားတဲ့မိုင်းနင်းမိကြောင်း
ဝန်ခံကတိလက်မှက်ထိုးပေးပြီးမှ ဆေးရုံသွားခွင့်ရ
(အမှန်တရားကတော့ ..... )
တချို့
ဦးခေါင်းထက်က ကျည်ဆန်တွေကိုရှိခိုးပြီး အိပ်ရ
နှစ်ချီကြာတဲ့ ညတွ
တချို့
ကလေးလေးတွေက
မိခင်နို့ရှာမရတော့လို့ အာခေါင်ခြစ်ပြီး
ငယ်သံကွဲအက်တဲ့အထိ
ဘဝအပျက်လေးနဲ့ ငိုယိုနေကြ
တချို့
အိမ်လေးအကောင်းအတိုင်းကျန်ခဲ့လို့တဲ့
အသိုက်မပျက်တဲ့ငှက်လေးတွေလို ပျော်လို့
ရှိတာလေးဝေခြမ်းပြီး ကုသိုလ်လုပ်နေကြ
တချို့
ရုပ်မြင်သံကြားသတင်း မီဒီယာသတင်းကို
သမိုင်းလို့ ဆိုချင်ပုံပဲ
မြေပြင်ဘဝတွေ သက်သေရှိတာကို ညာလို့ပဲရတော့မလိုလို
မြို့ပျက်ရွာပျက်တွေ ပြိုနေပုံက
သူတို့ကိုယ်တိုင်ငိုနေတဲ့ အိမ်ကလေးတွေဟာ
သက်သေပါပဲ
မြို့ခံရွာခံတွေကလဲ
ကိုယ့်အိမ်ပြိုနေတာမဟုတ်ရင်
တစ်ရွာတည်းသား အိမ်ကိုတောင်
ရပ်ကြည့်ခွင့်မရှိဘူးတဲ့
(ရပ်ကြည့်ခွင့်မရှိတာ ဘာဥပဒေလဲမသိ)
တကယ်တော့
အထက်ပါအကြောင်းအရာတွေဟာ
ညီအစ်ကို အချင်းချင်း မိုက်မဲမိကြဖို့
နောက်ကွယ်ကတောလှန့်သံရဲ့ လှိုင်းတွေပါပဲ
သူများတွေကနှစ်သစ်ကူးတိုင်း
ပိုပိုသစ်လွင်လာ
ဒီနိုင်ငံလေးဟာဖြင့်
ချောက်ထဲ ပိုနက် ပိုမှောင်မိုက်လို့
အရိုးကျနေသူတွေက ဘယ်သူ့အလောင်းတွေလဲ
လက်တစ်ဖက် ပြတ်ကျကျန်ခဲ့သူဟာ
ဘယ်ဘက်က စစ်သားငယ်လေးလဲ
ပုပ်ပွနေတဲ့ လူငယ်လေးတွေရဲ့အမေဟာ
ဘယ်မြို့ကလဲ ဘယ်ရွာကလဲ
သူလည်း လက်ပံပင်ကြီးပေါ်မှာရဲရဲနီနေတဲ့
ခင်များလို ကျွန်တော့်လို ဒီနိုင်ငံရဲ့တစ်နေရာရာမှာ
မမြင်နိုင်မကြားနိုင် ပွင့်နေရှာတုန်းလား
အမေတွေနဲ့
သားတွေကိုဝေးကွာစေတဲ့
ရာစုနှစ်ရှည်ကြာ ဒီပြည်တွင်းစစ်ရဲ့ တရားခံတွေဟာ
ဘာကိုများ လိုချင်ပြီး
ဘာတွေများ ရရှိသွားပါသလဲ
တစ်ယောက်ကိုတစ်ယောက်
မချစ်တတ်ကြသေးတော့
ဝမ်းနည်းခြင်းဟာ
အလံတစ်ဝက်ချရုံနဲ့ မလုံလောက်တော့ဘူး
အောက်ကို
ဘယ်လောက်အထိများ ပိုချပေးရပေမလဲ
မခန့်မှန်းနိုင်သေးဘူး
တစ်ဖွဲ့ဝင်လာစမှာပြုံးပြ
နောက်တော့ ကျောချတာပါပဲ
တစ်ဖွဲ့အသစ်ဝင်လာပြုံးပြ
ပြီးတော့ -င်ချတာပါပဲ
ဒီမြေစာပင်တွေ ရှင်သန်ရတာ ကန္တာရသိပ်ဆန်တယ်
အောင်ပွဲခံသူတစ်ဆယ်မှာ
မျက်ရည်က ဘဝတစ်သိန်းပဲ
မငြိမ်းချမ်းကြသရွေ့ မညီညွတ်သရွေ့တော့
စိတ်ထားအမှားတွေ လောက်တဖွားဖွား
ဘုရားတရားတော်ကို
မိမိကိုယ်ကိုယ်သာ ကိုးရွယ်ရာဆိုတဲ့
တစ်ကြောင်းတည်းနာယူပြီး
ထင်ရာများ စိုင်း နေကြလေသလား
ငယ်ငယ်က ဆိုခဲ့ရတဲ့ ကဗျာကို
လေးဆယ်ကျော်မှ ပြန်ညည်းမိတယ်
[ ဆုတောင်း
စပါးရွှေဝါ ဝင်းပါစေ
ပန်းတွေ သင်းပါစေ၊
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကြစေသား။
နေရောင်ခြည်လေး ဖွေးပါစေ
လေပြည် အေးပါစေ၊
ချစ်မိတ်ဆွေ အပေါင်းဖော်များ
ကျန်းမာကြစေသား။ ။ ။
တချို့
မြို့တွေ ပြန်သိမ်းနိုင်ပြီတဲ့
တချို့
အိမ်ပြန်လို့ရပြီဆိုချိန် အိမ်က မရှိတော့ဘူး
တချို့
ကိုယ့်အိမ်ကိုယ်ပြန်ရင်း ခြံပေါက်ဝတင် မိုင်းနင်း
တချို့
ရှေ့အဖွဲ့ခိုးသွားပြီးလက်ကျန်ကို နောက်အဖွဲ့က ထပ်ခိုးတာ မမြင်ဟန်မသိဟန်ဆောင်နေကြရ
တချို့
သူတို့အရှုံးကို သူတို့အောင်ပွဲခံနေကြတဲ့ပြည်သူ
တချို့
ဟိုဘက်သတင်းပေး ဒီဘက်သတင်းပေး
တချို့
ပြန်လာကြတော့ မိသားစုဟာ လူမစုံတော့ဘူး
တချို့
ဘယ်သူ့လက်ချက်ဆိုတာ မပြောရဲတဲ့
ခြေတုနဲ့ ချိုင်းထောက်နဲ့
တချို့
အိမ်ရောင်းမလား ခြံရောင်းမလား ယာရောင်းမလား
အောက်ဈေးနဲ့ လိုက်ဝယ်နေ
တချို့
သားသမီးတွေကို ပြည်ပကနေ ပြန်မလာကြဖို့
ဖုန်းလိုင်းရှာနေကြ
တချို့
စတားလင့်(ခ) ဆိုင်တွေဟာ မာလိုက်ထန်လိုက်တာ
တချို့
ယူနီဖောင်းနဲ့ အိမ်ထဲဝင်ရှာ
ဒီအိမ်မှာပြန်ရောင်းလို့ရတာဘာကျန်လဲဟေ့ တဲ့
တချို့
ဒီအကြောင်းတွေကို ဒေါသကြီးပြီး ခွင့်မလွှတ်တတ်သူတွေ သိမှာစိုး
တချို့
လမ်းဘေး မိုးကာတဲကုပ်လေးထိုး
တချို့
လယ်ထဲမှာ
ရန်သူထောင်ထားတဲ့မိုင်းနင်းမိကြောင်း
ဝန်ခံကတိလက်မှက်ထိုးပေးပြီးမှ ဆေးရုံသွားခွင့်ရ
(အမှန်တရားကတော့ ..... )
တချို့
ဦးခေါင်းထက်က ကျည်ဆန်တွေကိုရှိခိုးပြီး အိပ်ရ
နှစ်ချီကြာတဲ့ ညတွ
တချို့
ကလေးလေးတွေက
မိခင်နို့ရှာမရတော့လို့ အာခေါင်ခြစ်ပြီး
ငယ်သံကွဲအက်တဲ့အထိ
ဘဝအပျက်လေးနဲ့ ငိုယိုနေကြ
တချို့
အိမ်လေးအကောင်းအတိုင်းကျန်ခဲ့လို့တဲ့
အသိုက်မပျက်တဲ့ငှက်လေးတွေလို ပျော်လို့
ရှိတာလေးဝေခြမ်းပြီး ကုသိုလ်လုပ်နေကြ
တချို့
ရုပ်မြင်သံကြားသတင်း မီဒီယာသတင်းကို
သမိုင်းလို့ ဆိုချင်ပုံပဲ
မြေပြင်ဘဝတွေ သက်သေရှိတာကို ညာလို့ပဲရတော့မလိုလို
မြို့ပျက်ရွာပျက်တွေ ပြိုနေပုံက
သူတို့ကိုယ်တိုင်ငိုနေတဲ့ အိမ်ကလေးတွေဟာ
သက်သေပါပဲ
မြို့ခံရွာခံတွေကလဲ
ကိုယ့်အိမ်ပြိုနေတာမဟုတ်ရင်
တစ်ရွာတည်းသား အိမ်ကိုတောင်
ရပ်ကြည့်ခွင့်မရှိဘူးတဲ့
(ရပ်ကြည့်ခွင့်မရှိတာ ဘာဥပဒေလဲမသိ)
တကယ်တော့
အထက်ပါအကြောင်းအရာတွေဟာ
ညီအစ်ကို အချင်းချင်း မိုက်မဲမိကြဖို့
နောက်ကွယ်ကတောလှန့်သံရဲ့ လှိုင်းတွေပါပဲ
သူများတွေကနှစ်သစ်ကူးတိုင်း
ပိုပိုသစ်လွင်လာ
ဒီနိုင်ငံလေးဟာဖြင့်
ချောက်ထဲ ပိုနက် ပိုမှောင်မိုက်လို့
အရိုးကျနေသူတွေက ဘယ်သူ့အလောင်းတွေလဲ
လက်တစ်ဖက် ပြတ်ကျကျန်ခဲ့သူဟာ
ဘယ်ဘက်က စစ်သားငယ်လေးလဲ
ပုပ်ပွနေတဲ့ လူငယ်လေးတွေရဲ့အမေဟာ
ဘယ်မြို့ကလဲ ဘယ်ရွာကလဲ
သူလည်း လက်ပံပင်ကြီးပေါ်မှာရဲရဲနီနေတဲ့
ခင်များလို ကျွန်တော့်လို ဒီနိုင်ငံရဲ့တစ်နေရာရာမှာ
မမြင်နိုင်မကြားနိုင် ပွင့်နေရှာတုန်းလား
အမေတွေနဲ့
သားတွေကိုဝေးကွာစေတဲ့
ရာစုနှစ်ရှည်ကြာ ဒီပြည်တွင်းစစ်ရဲ့ တရားခံတွေဟာ
ဘာကိုများ လိုချင်ပြီး
ဘာတွေများ ရရှိသွားပါသလဲ
တစ်ယောက်ကိုတစ်ယောက်
မချစ်တတ်ကြသေးတော့
ဝမ်းနည်းခြင်းဟာ
အလံတစ်ဝက်ချရုံနဲ့ မလုံလောက်တော့ဘူး
အောက်ကို
ဘယ်လောက်အထိများ ပိုချပေးရပေမလဲ
မခန့်မှန်းနိုင်သေးဘူး
တစ်ဖွဲ့ဝင်လာစမှာပြုံးပြ
နောက်တော့ ကျောချတာပါပဲ
တစ်ဖွဲ့အသစ်ဝင်လာပြုံးပြ
ပြီးတော့ -င်ချတာပါပဲ
ဒီမြေစာပင်တွေ ရှင်သန်ရတာ ကန္တာရသိပ်ဆန်တယ်
အောင်ပွဲခံသူတစ်ဆယ်မှာ
မျက်ရည်က ဘဝတစ်သိန်းပဲ
မငြိမ်းချမ်းကြသရွေ့ မညီညွတ်သရွေ့တော့
စိတ်ထားအမှားတွေ လောက်တဖွားဖွား
ဘုရားတရားတော်ကို
မိမိကိုယ်ကိုယ်သာ ကိုးရွယ်ရာဆိုတဲ့
တစ်ကြောင်းတည်းနာယူပြီး
ထင်ရာများ စိုင်း နေကြလေသလား
ငယ်ငယ်က ဆိုခဲ့ရတဲ့ ကဗျာကို
လေးဆယ်ကျော်မှ ပြန်ညည်းမိတယ်
[ ဆုတောင်း
စပါးရွှေဝါ ဝင်းပါစေ
ပန်းတွေ သင်းပါစေ၊
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကြစေသား။
နေရောင်ခြည်လေး ဖွေးပါစေ
လေပြည် အေးပါစေ၊
ချစ်မိတ်ဆွေ အပေါင်းဖော်များ
ကျန်းမာကြစေသား။ ။ ။
(ပျဉ်းမနားမောင်နီသင်း)
စာတွေသာ
နှစ်ပေါင်းများစွာ သင်ယူခဲ့ကြတာ
မူလတန်းဖတ်စာထဲက
ကဗျာတစ်ပုဒ်လောက်မှ
စိတ်နေစိတ်ထားတွေ မလိမ္မာကြတာ
အံ့စရာ ဩစရာ
အသက်တွေကြီးလာရင်
တရားတွေပိုရလာမယ် ထင်မိပေမယ့်
အတ္တတွေအဆွယ် ငေါငေါနဲ့
ငါးမျှားချိတ်တွေ အရွယ်အစားကြီးလာကြ
ပဒိုင်းသီးတွေ ပိုသင့်သန်လာကြ
နောက်ထပ်မျိုးစေ့ ချကြ
ဘုရားဖြစ်ခဲ့တဲ့
လူတစ်ယောက်တိုင်းဟာ
ဘယ်တရားနဲ့မှ
လူတိုင်းကို ကောင်းအောင်ပြင်ပေးလို့မရ
လူတိုင်းမလိမ္မာခင်
သူတို့အရင် နိဗ္ဗာန်ဝင်ကြရတာတွေပဲ
လူငယ်တိုင်းကိုပဲ သနားတယ်
ဒီတိုင်းပြည်ရဲ့ သမိုင်းအဆက်ဆက်မှာ
လူငယ်တိုင်းက သနားစရာ
လူငယ်တိုင်းက နာစရာ
လူငယ်တိုင်းက အားကိုးရာ
လူငယ်တိုင်းကသာ မျှော်လင့်လို့ရတဲ့ အရိပ်ရရွာ
ခက်တာက
လူငယ်တိုင်းရဲ့
အနာဂတ် မရေရာတာ
တစ်ယောက်ကိုတစ်ယောက်
မသတ်ကြမယ့်နေ့မျိုးမှာ
ဒီနိုင်ငံကြီးကို ငါဖူးမျှော်ချင်လိုက်တာလို့
ဘုရားကို ဆိုမိတယ် သစ္စာ။ ။ ။
မေလင်းနောင်
စာတွေသာ
နှစ်ပေါင်းများစွာ သင်ယူခဲ့ကြတာ
မူလတန်းဖတ်စာထဲက
ကဗျာတစ်ပုဒ်လောက်မှ
စိတ်နေစိတ်ထားတွေ မလိမ္မာကြတာ
အံ့စရာ ဩစရာ
အသက်တွေကြီးလာရင်
တရားတွေပိုရလာမယ် ထင်မိပေမယ့်
အတ္တတွေအဆွယ် ငေါငေါနဲ့
ငါးမျှားချိတ်တွေ အရွယ်အစားကြီးလာကြ
ပဒိုင်းသီးတွေ ပိုသင့်သန်လာကြ
နောက်ထပ်မျိုးစေ့ ချကြ
ဘုရားဖြစ်ခဲ့တဲ့
လူတစ်ယောက်တိုင်းဟာ
ဘယ်တရားနဲ့မှ
လူတိုင်းကို ကောင်းအောင်ပြင်ပေးလို့မရ
လူတိုင်းမလိမ္မာခင်
သူတို့အရင် နိဗ္ဗာန်ဝင်ကြရတာတွေပဲ
လူငယ်တိုင်းကိုပဲ သနားတယ်
ဒီတိုင်းပြည်ရဲ့ သမိုင်းအဆက်ဆက်မှာ
လူငယ်တိုင်းက သနားစရာ
လူငယ်တိုင်းက နာစရာ
လူငယ်တိုင်းက အားကိုးရာ
လူငယ်တိုင်းကသာ မျှော်လင့်လို့ရတဲ့ အရိပ်ရရွာ
ခက်တာက
လူငယ်တိုင်းရဲ့
အနာဂတ် မရေရာတာ
တစ်ယောက်ကိုတစ်ယောက်
မသတ်ကြမယ့်နေ့မျိုးမှာ
ဒီနိုင်ငံကြီးကို ငါဖူးမျှော်ချင်လိုက်တာလို့
ဘုရားကို ဆိုမိတယ် သစ္စာ။ ။ ။
မေလင်းနောင်
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
