ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသေးပန်းခံရတဲ့ ဖွတ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသေးပန်းခံရတဲ့ ဖွတ်
မိုးမခ ၊ စက်တင်ဘာ ၁၉ ၊ ၂၀၂၅
စန္ဒာမင်း ဘာမှမလုပ်ချင်တော့လောက်အောင် စိတ်ဓာတ်ကျတာကတမျိုး၊ ကကကပူပန်ရတာကတဖုံ၊ ခင်ရီ ဖင်သီပုံကတခန်းလို့ဆိုရမယ့် ခွေးစောက်တလွဲရဲ့ သေးပေါက်ပွဲ ဆင်ဒရုန်းတွေ။
အတောင်ကျွတ် တစညနဲ့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဂဂျိုးဂဂျောင် အူကြောင်ကြောင်အချောင်ကြိုက် ငနှိုက်ဖာထီတွေကို စားရင်းထည့်စရာ မလိုတော့၊ စစ်အုပ်စုတွေကြား လာပြီး နိုင်ငံရေးရှိသလိုလို၊ နိုင်ငံရေးသိသလိုလို နိုင်ငံရေးနည်းလမ်းသာ ဘဝခရီးလမ်းတလျှောက်လုံး ကိုင်စွဲလာသလိုလို အမူပိုပို စောက်ခွက်ပြောင်တွေကိုလဲ ဖယ်ထုတ်ပြီးသကာလ NLD မပါရင် ငါ ဘုရင်ဖြစ်ပြီ ကျြွျေျကြော်ထားတဲ့ခင်ရီဖင်သီပုံကတော့ ဖာထီ အာဏာထိန်းခံလိုက်ရတာလေ။ မအလက ဖွတ်ဖာထီထဲ ဗိုလ်ချုပ်ကြီးအဆင့်ကနေ အောက်ခြေအဆင့်အထိ ရုံးအုပ်နဲ့ တပ်ကြပ်ကြီးစာရေးပါမကျန် မြီးရှည် မြီးတို အကောင် ၅၀၀ လောက် ဖြဲထည့်ပြီး ဖာထီအာဏာထိန်းလိုက်တယ်လေ။
ခင်ရီဖင်သီက သူ့အတွက် သက်သက်သေးပေါက်ပွဲလုပ်ပေးတယ် ထင်နေလား မသိ၊ သူ နိုင်ပြီ အုပ်ချုပ် မင်းလုပ်ရပြီဆိုပြီး ထအူတာ။ မအလက ကြံ့ဖွတ်မှာရှိတဲ့ သန်းရွှေဟာတွေ အကုန်ရှင်း သိန်းစိန်လက်ကျန်တွေ ဗျင်းထုတ်ဖို့ ချုပ်လိုက်ပြီ။ ခုတော့ ပွေးကို ခွေးအုပ်ပြီပေါ့။ ခင်ရီတို့တသိုက် အ အ အိပ်မက်မက်ကြရပြီလေ။ အိပ်မက်ကလဲရှယ်၊ ဘယ်လို ပြန်ပြောရမယ်လဲမသိ ဝိတွေမတက်ပဲ ဂိနေချက်။
ကြံ့ဖွတ်ဆိုတာ လက်ရှိ စစ်တပ်အတွက် နိုင်ငံရေးစားမာန်ခုပ်ဖို့ လုပ်ထားတာ။ ဘောင်းဘီဝတ်နဲ့နိုင်ငံရေးအာဏာသိမ်း၊ နည်းနည်းအီလာရင် ဘောင်းဘီချွတ်ပြီး နိုင်ငံရေးအာဏာဆက်ထန်းဖို့ လုပ်ထားတဲ့ဟာလေ။ အဲတော့ အရင်လူဟောင်းတွေဆိုတာ ဖာတီဒရဝမ် ခန့်ထားတာဘဲ။ ဒါကို မသိသား ဆိုးဝါး အမဲရိုး၊ အဲ အဲ အမတ်နေရာလုရင်း ကိုက်နေကြတာများ ခုထိ အမတ်လောင်းစာရင်း မကြော်ညာနိုင်တာသာကြည့်။ အဲဒီအချိန်မှာ မအလဆီက တပ်ရာထူး ကုတ်ကတ်နေလို့ မရတဲ့သူတွေဟာ ဖာထီရာထူးရော မဲဆန္ဒနယ်ရော လွှတ်တော်ရော အသားတံဆိပ်နှိပ်ပြီး ရောက်လာတာလေ။ အဲတော့ ခင်ရီတို့လို အဟောင်းအမြင်းတွေရဲ့ ဖင်တသီသီ ဖြစ်ပုံကို မြင်ပလား။ ဖာထီက နေရာသတ်မှတ်ပြီးသားကောင်က သူ့အမဲရိုး ဝင်ကိုက်တဲ့ တပ်ကောင်ကို မကြိုက်ပေမယ့် ကြောက်တော့ အမဲရိုးလေး အသာချ ဖယ်ပေးရတယ်လေ။ ဒါပေမဲ့ သူကလဲ မအလလွှတ်ကောင်ကိုသာ မကျေမနပ် ပေကတ်ကတ် မလုပ်ရဲတာ သူ့အောက်တဆင့်နိမ့်ကောင်ရဲ့ အမဲရိုးကိုတော့ ပြန်သွားကိုက်တယ်လေ။ အဲမှာ တဆင့်နိမ့်ဖွတ်ခွေးဟာ ပေစောင်းစောင်းနဲ့ သူအနံ့ခံနေတဲ့အမဲရိုးလေး မထားချင်ထားချင်ထားပြီး ပြေးသွားရတော့တာကလား။ ဖွတ်ဖာထီထဲမှာ ခွေးအမဲရိုးလုပွဲ ကြီးနိုင်ငယ်ညှင်း အသံတိတ် နွှဲနေကြတာများ ဖင်ပူးနေတဲ့ခွေးနား တဂါးဂါး သွားလုပ်နေတဲ့ တော်သလင်းမြင်ကွင်းအတိုင်းပဲပေါ့။ အာကြောင့် ယူအီးစီက ကိုယ်စားလှယ်စာရင်းပေးရမယ့်ရက် နောက်ဆုတ်လိုက်တာ၊ ကကက အသနားခံလို့ မဟုတ်ဘူးလေ။
ဘာမှ သုံးစားမရလို့ NLD ကို ရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ ရှုံးနေတဲ့ကောင်တွေကို စစ်တပ်ကြီးတခုလုံး ခွေးဖြစ်ခံပြီး ဘယ်သရဖူဆောင်းပေးမလဲ။ စောမောင်ခေတ်တုန်းက ဆန္ဒပြဖြုတ်ချခံရတဲ့ တစညတဖြစ်လဲ မဆလကြီးတွေကို မင်းတို့ ဝပြီ၊ တန်ပြီ၊ ဒါ ငါတို့အလှည့် ဆိုပြီး အာဏာသိမ်းတပ်က လုပ်ခဲ့သလိုပေါ့။ မင်းတို့ ခိုးထားတဲ့စည်းစိမ် မထိဘူး၊ ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ ကိုယ့်ဟာကိုယ်အသာငုံ၊ ထားတဲ့အတိုင်း နေ၊ မဟုတ်ရင် မသေမရှင် ဖြစ်သွားမယ် ဆိုတဲ့အတိုင်းပါဘဲ။ ၂၀၁၀ မှာ အရပ်သား ကြံ့တွေဖွတ်တွေကို ဖာထီဒရဝမ်အဖြစ် ထားပြီး တပ်ဒစ်ပြုံးကြီးတွေ ဝင်နေရာယူသလိုပေါ့။ အဲတုန်းကလဲ အရပ်သား ကပ်ပါးလေးတွေ တခရိုင် တနေရာလောက်ပေး သေးပေါက်ပွဲစည်းရုံးရေး ကုန်ကျစရိတ် ကျခံပေးခိုင်းခဲ့တာပဲ။ အဲ့ဖွတ်တွေသုံးစားမရရင် အာဏာပြန်သိမ်း ဘောင်းဘီဝတ်တလှည့်ပြန်ယူ အရူးယိမ်းကနေကြအတိုင်းပါဘဲလေ။
ခုလဲ ခင်ရီတို့ ဖင်သီတသိုက်ဟာ ပထမအရစ် လုပ်မယ့် မြို့နယ်တွေမှာတောင် ဟန်ကျပန်ကျပါဘို့ မသေချာတော့။ တယောက်လောက် ကောက်ထည့်ပြီး သေးပေါက်ပွဲ ဝေယျာဝစ္စ အကုန်လုပ်ခိုင်းမယ်၊ သေးပေါက်ပွဲစရိတ်တွေတော့ အကုန်အကျ ခံပေးရတော့မယ်လေ။ တကယ်တော့ ဘောင်းဘီကျွတ်ရဲ့ စည်းစိမ် ဆိုတာလဲ ဘောင်းဘီဝတ်ရဲ့ လက်ထဲမှာ မဟုတ်လား၊ ခိုးထား လုထား ညစ်ထားတာတွေ ဆိုတော့ တရေးနိုး ထသိမ်းလဲ ခံရမှာတွေချည်းလေ။ ဘူးလက်တောင် အရူးကွက် ဘယ်ကနင်းရမှန်းမသိလို့ ပြာပုံဘေးမှာ တအီအီနဲ့ ဖင်သီနေရတာ။
ပုဆိုးဝတ် ဖွတ်ကလေးတွေကတော့ ဂွေးတန်းလန်းနဲ့ လမ်းတကာလှည့်၊ ချေးစားလိုက်၊ သေးပေါက်လိုက်၊ အူလိုက် ဟောင်လိုက် နေရုံရှိတော့တယ်။ အစိုးရအပြောင်းမှာ အုပ်ကြီး ဝင်လုပ်ရဖို့ကို မသေချာတော့။ ပျူတွေနဲ့ ထပ်လုရအုံးမှာ။ အမဲရိုးကိုက်မယ့်ကောင်တွေကို ဝန်းရံ အသေခံသင့်ခံရုံသာ ရှိတော့တာ။ စည်းရုံးရေးစရိတ် စောင့်အုပ်စရာပဲ ရှိတော့တာ။ ကလေးတွေ ချေးမပါရင် စားစရာတောင် မလွယ်တော့။ သားရေနားအိပ် သားရေနားစားဖို့တော့ဝေး ဖိနပ်ပြတ်ရှိသေးရင် အာသာပြေမှာပေါ့လေ။ စစ်ထွက်ချင်း ညစ်ကွက်မကုန်တဲ့ကြား လေလည်သံ ကြားရင်ပဲ ပျော်တတ်အောင် နေပေတော့။ ကျောင်းဆရာပြုတ်၊ ပရဟိတအသင်းပြုတ်၊ ကြက်ခြေနီပြုတ်၊ ရဲပြုတ်၊ တပ်ပြုတ် ခွတုတ်ကပ်ဖား စီးပွားပျက် လောင်းကစားသမား အချောင်သမားတွေ ပေါင်ကားပြီပေါ့။
ခင်ရီခမျာ သူ့သမ္မတထိုင်ခုံ ခွေးတက်သေးပမ်းတာ အဟမ်းတောင် မလုပ်ဝံ့ပေါင်ဗျာ ဘဝဆိုက် ခေါင်းငိုက်စိုက်ကျနေပြီ။ သူက စန္ဒာမင်းထက် စိတ်ဓာတ်ပိုကျ တိမ်အရုပ်ရေးရတဲ့ဘဝ ရောက်နေပြီ။ ဘာကြောင့်ဆို လာတဲ့ကောင်တွေက လက်ရှိ ဝန်ကြီးလုပ်လာတဲ့ကောင်တွေချည်း ဖြစ်နေတာဆိုတော့ သူ့မှာ သမ္မတဖြစ်ဖို့ထားလို့ ဝန်ကြီးနေရာရဖို့တောင် မသေချာတော့။ ကျန်တဲ့ဝန်ကြီးအိပ်မက်မက်ထားတဲ့ ဖွတ်တွေလဲ ခွေးတက် သေးပန်းခံရလို့ ဘူနေကြပြီလေ။
ခါးပိုက်နှိုက်ဆီက ပြန်ခိုး၊ သူခိုးပေါ် သူဝှက်လု၊ သူဝှက်ဥထားတာ ဓားပြတိုက်ခံရ၊ ဓားပြတိုက်ထားတဲ့အထုပ် ပြန်ပေးအုပ်ခံရသလို ဖြစ်နေတော့ တွေးလိုက်တိုင်း အရိုးနာ အမျိုးပါဆဲချင် အဲ ဟောင်ချင်စိတ် ပေါက်နေရောပေါ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar