Breaking News

ဖိုးရွှေညီမှိုင်း - အဆုံး

Art- Than Htay Maung 
အဆုံး
ဖိုးရွှေညီမှိုင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၅

"တရား"ဆိုတာ
"စကား"တွေကို 
လွန်မြောက်ခြင်းမဟုတ်လား။

လူတွေပဲကွယ်
အသက်နဲ့ ခန္ဓာ
လှပ်လှပ်ကလေး
ချစ်တတ်ပါရဲ့။

စိတ်ပူသတဲ့ကွယ်ရို့
မင်းတို့စိတ်က ပူရုံပူတာ
တို့စိတ်က ဆူတောင်နေပြီ
အနာဂတ်ကို ရင်လေးသတဲ့
မင်းတို့ရင်က လေးရုံလေးတာ
တို့ရင်က သွေးတောင်ရဲနေပြီ။

လမ်းက
တို့ကိုထမ်းထားပြီးပြီ
အလွမ်းပူပူတွေနဲ့
သူသယ်ဆောင်ရာ
တို့ခရီးဆက်မယ်။

ပြန်ချင်လည်း
အပြန်ခက်ချိန်မို့
ဆန်တက်ကြရုံကလွဲ
ဘာမှမရှိဘဲလေ ...
လမ်းအဆုံးမှာ
ရွာရှိတာ
သေချာနေမှတော့ ... ။

(၂၀၂၅ ဩဂတ်စ် ၁၉) 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar