ရန်လင်းအောင် - သေရွာပြန်စိတ်
Art- Ni July
သေရွာပြန်စိတ်
ရန်လင်းအောင်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၅
လေကြီးမိုးကြီးမှောင်ကြီးကျပေမယ့်
ကိုယ်ပျောက်ချင်ယောင်ဆောင်လို့မှမရပဲ
သက်ဆိုင်ရာဒုက္ခတွေမှာသက်တမ်းတိုးပြီးပြီ
တသက်စာမဟုတ်မှန်းလည်းသိပါတယ်
ဒုက္ခပမာဏကိုတွက်ချက်နိုင်တဲ့ စက်
ကိုယ့်မှာရှိမနေဘူး
အပြောင်းအလဲရဲ့ရည်ရွယ်ချက်က
ဘယ်တော့မှမပြောင်းလဲဘူး
မသိနားမလည်ခြင်းဟာ ကိုယ့်ရဲ့ကူဖော်လောင်ဘက်လို့သိရပြီ
ကိုယ့်နေရပ်ဟာမနက်ဖြန်ကနေပြန်လာပြီ
ရတနာပုံသီချင်းဆိုပြီးရတနာပုံဆိုက်မဆိုက်
ငြင်းဖို့မဟုတ်ဘူး အဲဒါခံစားဖို့
စိတ်ထဲကြာကြာအထားမခံတာတွေကို မခုခံတော့ဘူး
အပြောင်းအလဲရဲ့ရည်ရွယ်ချက်က
ဘယ်တော့မှမပြောင်းလဲဘူး
ကိုယ့်အသက်ကိုယ်ရှူခြင်းမှာပဲ
အချစ်ရနံ့တွေပျံ့စေဖို့ ....
၂၄.၉.၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
