Breaking News

ရန်လင်းအောင် - သေရွာပြန်စိတ်

Art- Ni July

သေရွာပြန်စိတ်
ရန်လင်းအောင်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၂၅


လေကြီးမိုးကြီးမှောင်ကြီးကျပေမယ့် 
ကိုယ်ပျောက်ချင်ယောင်ဆောင်လို့မှမရပဲ 

သက်ဆိုင်ရာဒုက္ခတွေမှာသက်တမ်းတိုးပြီးပြီ 
တသက်စာမဟုတ်မှန်းလည်းသိပါတယ် 
ဒုက္ခပမာဏကိုတွက်ချက်နိုင်တဲ့ စက်
ကိုယ့်မှာရှိမနေဘူး 
အပြောင်းအလဲရဲ့ရည်ရွယ်ချက်က 
ဘယ်တော့မှမပြောင်းလဲဘူး 
မသိနားမလည်ခြင်းဟာ ကိုယ့်ရဲ့ကူဖော်လောင်ဘက်လို့သိရပြီ

ကိုယ့်နေရပ်ဟာမနက်ဖြန်ကနေပြန်လာပြီ 

ရတနာပုံသီချင်းဆိုပြီးရတနာပုံဆိုက်မဆိုက် 
ငြင်းဖို့မဟုတ်ဘူး အဲဒါခံစားဖို့ 
စိတ်ထဲကြာကြာအထားမခံတာတွေကို မခုခံတော့ဘူး 

အပြောင်းအလဲရဲ့ရည်ရွယ်ချက်က 
ဘယ်တော့မှမပြောင်းလဲဘူး 
ကိုယ့်အသက်ကိုယ်ရှူခြင်းမှာပဲ 
အချစ်ရနံ့တွေပျံ့စေဖို့ ....

၂၄.၉.၂၀၂၅

- 

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar