Breaking News

ဖလော်ဒါဟန် - ပြည်သူကို ရှေးရှုသည့် မိတ်ဖက်ဟူသည်

ဖလော်ဒါဟန် - ပြည်သူကို ရှေးရှုသည့် မိတ်ဖက်ဟူသည်

မိုးမခ ၊ စက်တင်ဘာ ၃ ၊ ၂၀၂၅


အလှတရားတို့ စုစည်းရာနယ်ပယ်မှာ မေတ္တာတရားကသာ အားကောင်းတတ်တာမို့ ကျွန်မအတွက် အရှိတရားကိုလည်း ချပြတတ်လာပါတယ်။

ပေးဆပ်ခြင်း ဆိုသည်ထက် ရွေးချယ်ခြင်းမှာ အမှားမလုပ်မိဖို့ကတော့ အထူးဂရုပြုရပါတယ်။

ကျွန်မရဲ့ လုပ်ရပ်တိုင်းကို မှန်သည်ဟု မဆိုပါလိုပေမဲ့ အထက်က ပြောသလိုပါဘဲ ကိုယ်ကျင့်တရားသိက္ခာနဲ့ဆိုင်သည့် အကျင့်စရိုက်မှစလို့ ကျွန်မလုပ်နေသည့်အလုပ်အပေါ်မှာ အလိမ်အညာကင်းဖို့တော့ လိုပါလိမ့်မယ်။

ကျွန်မလို အတွေးသည်လည်း ဘဝတစ်ခုလုံးကို ကာကွယ်ဖို့ ဆိုသည်ထက် မိမိကိုယ်ကိုစောင့်ရှောက်နိုင်ဖို့ အရင်ဆုံး တည်ဆောက်ရတဲ့ ဘဝရဲ့ စတွက်ချာ တစ်ခုက အရေးကြီးပါတယ်။

ပထမဦးတည်ချက် ရည်ရွယ်ချက်သည် မိမိကို ခမ်းနားစေသလို မိမိကို ဂုဏ်ကို တင့်စေတာတော့အမှန်ပါ။

ဒုတိယရွေးချယ်မှူသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကစလို့ မိမိဘဝနဲ့ဆန့်ကျင်ဘက်ကို ဦးတည်လျှောက်လှမ်းရတဲ့အခါ ကျွန်မအတွက် ပိုခက်ခဲပါတယ်။

 အရင်အချိန်ကတော့ လုပ်ငန်းခွင် အတွေ့အကြုံနဲ့ ဌာနဆိုင်ရာအတွင်း လူမှုဆက်ဆံရေးသည် ပညာတစ်ခုအဖြစ် မှတ်ယူ နေထိုင်ခဲ့သူဟု ဆိုရင်ရပါလိမ့်မယ်။

ယနေ့အချိန်မှာတော့ မိမိအတွက် နိုင်ငံရေးကစလို့ ပြည်သူများရဲ့ လူနေမှုအဖွဲ့အစည်း၊ လူ‌နေမှုဘဝ လူမှုစရိုက်များကိုပါ တွေ့မြင်ခဲ့ရတဲ့ နယ်ပာ်မှာ အခြေချခြင်းလို့ဆိုရင် ရပါတယ်။

ယခင်အချိန်က အသက်အရွယ်အလိုက် တချိန်ကျရင် ပင်စင်ဘဝလေးနဲ့ အေးချမ်းစွာ နေမယ်ဆိုတဲ့ ဝန်ထမ်းတွေလည်း အခုတော့ မိမိတို့နဲ့အဆင်‌ပြေမည့် နယ်ပယ်တွေမှာ အခြေချနေထိုင်လာကြတယ်။

အားလုံးသော နယ်ပယ်စုံမှ ပြည်သူများသည် တလရ ဆိုသည့် သတင်းကြီးကိုလည်း နားစွင့်နေကြသလို ငါတို့ ရပ်တည်မှုနဲ့ ငါတို့ဘဝကို ဘယ်သူမှ ပိုင်စိုးခွင့်မရှိဟူသည့် လမ်းစဉ်နဲ့ အဓိပ္ပာယ်ရှိရှိနေထိုင်ကြသူတွေ များပါတယ်။

တလရ ပတ်ဝန်းကျင်ဆိုတာ အဆိုးကိုလည်း ရှေးရှုဖို့လိုသလို အကောင်းကိုလည်း တည်မြဲစေဖို့တော့ လိုပါလိမ့်မယ်။

အခုဆိုရင် စကမ အစိုးရ ၅ နှစ်တာကာလ မှာ အိမ်နီးချင်းနိုင်ငံများရဲ့ ပုံရိပ်ကို သိနိုင်ကြသလို မအလ သက်တမ်း ၅ နှစ်မှာ ပေါ်ပေါ်ထင်ထင်ဖြင့် မြန်မာ့ရဲ့‌ နိုင်ငံရေး ဆိုသည်ထက် ရှေ့ရေးကို ပါဝင်ပတ်သက်လာကြတာတွေ မြင်ကြားသိနေရပါပြီ။

နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံ ဆိုသည်မှာ ပြည်သူထက် လူတဦးတယောက်ရဲ့ အာဏာကို ရှေးရှုသူ‌နေသူသည် ကျွန်မတို့ ပြည်သူများရဲ့ မိတ်ဆွေနိုင်ငံလို့ မခေါ်ထိုက်ပါ။

 ကျွန်မတို့ ပြည်သူများအတွက် မိတ်‌ဖက်လည်း မဖြစ်နိုင်ပါဘူး။

ပြည်တွင်းစစ်ရေးကိုပဲ ကြည့်ပါ။

အခုရက်ပိုင်းမှာ ပြည်တွင်းစစ်ရေးမှာ တစ်နေရာနဲ့တစ်နေရာ မတူညီသည့် တိုက်ပွဲတွေ ဖြစ်နေတာတော့ အမှန်ပါ။

တစ်နေရာမှာ အောင်ပွဲတွေ ရှိသလို တစ်နေရာမှာ နောက်ဆုတ်ခဲ့ရတဲ့ တလရ ပြည်သူတွေ ရှိပါတယ်။

ဒါဟာ ဘယ်ကဲ့သို့သော အခြေအနေကို ဦးတည်နေပါသလဲ ဆိုသည် အမေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်မလို ပြည်သူတယောက်ရဲ့အမြင်ကို ပြောရရင် မယုတ်မလွန်သဘောမျိုးဖြင့် အိမ်နီးချင်နိုင်ငံများရဲ့ ဂုဏ်သိက္ခာရှိရှိ စကမ ကို ထောက်ပံ့ကူညီနေခြင်းကြောင့်ဟု ထင်မိပါတယ်။

ထိုနိုင်ငံများသည် မြန်မာပြည်သူများကို အနုနည်းဖြင့် သတ်နေသည့် အကြမ်းဖက်များသာ ဖြစ်ပါတယ်။

ပြည်သူကို ရှေးရှုခြင်းမရှိသည့် အစိုးရ မည်သည့်နိုင်ငံအစိုးရကိုမဆို ကျွန်မတို့အနေနဲ့သဘောထားကြီးကြီးနဲ့ ဂါရဝထား ဆက်ဆံစရာမလိုပါ။

ပြည်သူ ဆိုသည်မှာ ယခုလို ပြည်တွင်းစစ် ဖြစ်နေသည့် အချိန်မှစလို့ ယနေ့အချိန်အထိ ပြည်ပနိုင်ငံများရဲ့ အထောက်အပံ့များနဲ့ အသက်ရှင်နေကြခြင်း မဟုတ်ပါ။

ဒါနဲ့ဆက်စပ်ပြီး ကြည့်ပါ။

အနည်းဆုံး စစ်မှုထမ်းလစ်ကြေးပါ။

အခြားသော ရာချီသည့် အကြမ်းဖက်စနစ်ဖြင့် တောင်းခံနေသည့် ငွေကြေးများလည်း ရှိပါတယ်။

ယနေ့အချိန် စစ်မှုထမ်း ဆိုသည်ကို ကြည့်ပါ။ အနည်းဆုံး ပြည်သူက စစ်မှုထမ်း‌ကြေးကို ၅ လအထက်မှာ ပေးခဲ့ကြရပြီးသူတွေ အနယ်နယ်အရပ်ရပ်မှာ ရှိနေပါတယ်။

ယခုလို ငွေကြေးသည် ပြည်သူရဲ့ငွေကြေး ဖြစ်သလို ပြည်ပနိုင်ငံများမှ အာဏာရှင်ကို လက်ခံနေသည့်အတွက်ကြောင့် ယခုလို ဆင်းရဲဒုက္ခအမျိုးမျိုး‌အောက်မှာ လူငယ်တွေ ဘဝပျက်ဆီးဆုံးရှုံးနေရတာပါ။

အခုဆို နှစ်ရှည်ကာလကို ရောက်ခဲ့ပါပြီ။

ပြည်တွင်းအရေးက ပြည်တွင်းနှင့် သက်ဆိုင်သည်ဆိုပေမဲ့ အချို့သောနိုင်ငံကြီးများသည် စစ်အာဏာရှင်ကို ပေါ်ပေါ်ထင်ထင် လက်ခံအား‌ပေးနေတယ်လို့ ဆိုချင်ပါတယ်။

စကမ ဆိုသည်မှာ မိမိကိုယ်ကျိုးကိုသာ ရှေးရှူကြသလို မည်သည့်လူအဖွဲ့အစည်းရဲ့ စည်းကမ်းကိုမှလိုက်နာခြင်းမရှိပါ။

ပြည်ပအကူများထဲမှာ အလွယ်တကူ လူသတ်လက်နက်ကိုသာ တစာစာ တောင်းနေသည့်အဖွဲ့အစည်းပါ။

ဒါကို ပြည်ပနိုင်ငံကြီးမှလည်း မအလ ရဲ့ ကတိကဝတ်များစွာအောက်မှာ ပြည်သူ့မျက်နှာကိုမထောက်ဘဲ လိုသလောက် ထုတ်ပေးနေကြတာပါပဲ။

အခုဆို မိမိတို့နိုင်ငံရဲ့ စီးပွားရေးသည်သာ အချုပ်အခြာအာဏာသာ ဖြစ်ရမည်ဆိုသည်ကို လက်ကိုင်တုတ်သဖွယ် ကျင့်သုံးလာကြတယ်။ မြန်မာပြည်အတွင်းထိ ဝင်ရောက်စွက်ဖက်လာတာမျိုးအထိ အတင့်ရဲလာကြပါတယ်။

လက်နက်သည် ဉာဏ်ပညာနဲ့ ခေါင်းဆောင်ကောင်း မဟုတ်သလို လူသတ်ခြင်းသည်လည်း အစိုးရကောင်း မဟုတ်ပါဘူး။

လက်ရှိအခြေအနေကိုပဲ ကြည့်ပါ။

ကျွန်မတို့ ပြည်သူတွေ ယနေ့အချိန်မှာ ပြည်ပနိုင်ငံများစွာမှ ဘယ်အိမ်နီးချင်းနိုင်ငံမှ ပြည်သူကို ရှေးရှုသည်ဆိုတာ မရှိသလောက် ရှားပါတယ်။

ဒါက တလရ ကာလတလျှောက်မှာ ရလိုက်သည့် သင်ခန်းစာဖြစ်သလို ဘယ်သောအခါမှ မိတ်ဖက်ကောင်း မဖြစ်နိုင်သည်ဆိုသည်ကို တွေ့မြင်နေကြရတာပါ။

ကျွန်မတို့ရဲ့ တွန်းအားက မအလ လည်း မဟုတ်သလို ပြည်ပ အိမ်နီးချင်နိုင်ငံများရဲ့ ပြည်သူအပေါ်ရက်စက်နေတဲ့ လုပ်ရပ်လည်း မဟုတ်ပါဘူး။

လူထုကသာလျှင် အမှန်တရားနဲ့ အရှိတရားကို သုံးသပ်ပြီး တလရကို ရှေ့ဆက်နိုင်ဖို့ကသာ အရေးကြီးသောဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

အာဏာရှင်ကလည်း အာဏာရှင်အလုပ်ကို လုပ်နေမှာ ဖြစ်သလို ပြည်သူကလည်း မိမိတို့ဘဝကိုစနစ်ကောင်းတစ်ခုကို ရရှိဖို့ တာဝန်‌ကျေဖို့တော့ လိုပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar